Artificial Love

2.9K 133 5
                                    

Artificial Love

Part 5









'၀ူး~~~'

အရှိန်​ပြင်းစွာ​မောင်းနှင်​လာပြီး ဆင်​၀င်​​အောက်​ကိုထိုးရပ်​လိုက်​တဲ့ကားသံကြားတာ​ကြောင့်​ မအိပ်​​သေးဘဲ မာန်​ခပြန်​အလာကို​စောင့်​​နေတဲ့ ရတီ​ပြေးထွက်​ကြည့်​မိ​တော့ ကားစီယာတိုင်​​ပေါ်မှာ​ခေါင်းငိုက်​စိုက်​ကြ​နေပြီဖြစ်​​သော မာန်​ခ

'မင်းမာန်​ခ! မင်းမာန်​ခ! ဒီမှာ ဒီမှာ!!!!'

'အင်း.....'

ရတီကားတံခါးကိုဖွင့်​ကာ အိပ်​​ပျော်​​နေတဲ့သူ့ကိုလှုပ်​နှိုး​ပေမဲ့လဲ အင်း... ဟုဆိုကာ မျက်​လုံးပွင့်​လာသူ..

'မင်းမာန်ခ ထအ​ပေါ်တက်​ရမယ်​'

ပထမပိုင်း​တော့ကား​ပေါ်က ​အေး​ဆေးဆင်​လာ​သောသူ

ဂါဝန်​အဖြူစိမ်းနု​ရောင်း​လေးနှင့်​ပိန်​ပိန်​​သေး​သေး​ ဖြစ်​ရုံသာမက အရပ်​ပါမာန်​ခထက်​​ခေါင်းတစ်​လုံးစာ​လောက်​ပု​နေ​သော​ကြောင့်​ မူး​နေ​သောမာန်​ခကိုထိန်းပြီးအ​ပေါ်ကို​ထိန်းခေါ်​နေသည့်​ပုံမှာလုံးဝကြည့်​ရဆိုးစွာ...

'မင်း... ရက်​..စက်​..တယ်​..ကွာ....'

သူ့နှုတ်​ဖျားမှတိုးညှင်းစွာထွက်​လာ​သော သူ့ထံမှစကားလုံး​တွေကိုအာရုံစိုက်​နား​ထောင်​ဖ်ု့ရတီမှာအချိန်​မရှိပါ သူ့အခန်းဆီ​ရောက်​ဖ်ု့အ​ရေးရတီအ​ရေးဖြစ်​​နေသည်​ ဒီ​နေ့မှ ၀တ်​ရည်​အ​မေကအဖျားပိုကြီးကာ​ဆေးရုံထိပို့လိုက်​ရသည်​မို့ ၀တ်​ရည်​က​ဆေးရုံသို့လူနာ​စောင့်​သွားသည်​....

အခန်းတံခါးဖွင့်​ကာ ​လေးလံလှ​သော မာန်​ခကိုယ်​ကို ကုတင်​​ပေါ်ပြစ်​တင်​လိုက်​​ပေမဲ့ မာန်​ခကရတီလက်​ကိုပါဆွဲထားတာ​ကြောင့်​အိပ်​ယာ​ပေါ်ကိုရတီပါပြုတ်​ကျသွားခဲ့တယ်

'မင်းမာန်​ခ ရှင်​လွတ်​စမ်း!!'

ရတီအားသုံးပြီးရုန်း​သော်​ညားလဲ ဆွဲထားတဲ့လက်​ကိုလွတ်​မ​ပေးဘဲ ရတီခါး​သေး​သေး​လေး​တွေကိုပိုလို့​တောင်​ဆွဲဖတ်​ထားလိုက်​​သေးသည်

Artificial LoveWhere stories live. Discover now