Artificial Love

2.7K 98 0
                                    

Artificial Love

Part 11




'ရတီ.... ရတီထ​တော့....'

မာန်​ခ အထုတ်​​တွေ​နေရာတကြထားပြီး​သွား​တော့ရတီခရီးပန်းလာသည်​ဟုဆိုကာ ခနအိပ်​ဦးမယ်​ဟု​ပြောပြီးအိပ်​​ပျော်​သွားတဲ့ရတီကို ည​နေ​စောင်း​တော့မာန်​ခနှိုးရ​လေပြီ....

မာန်​ခရတီကိုအသာထိကာလှုပ်​နှိုး​သော်​လဲရတီ့ဆီမှဘာအသံမှထွက်​မလာ....

'ရတီရာထ​တော့ကွာ ည​နေ​စောင်း​နေပြီ ထပ်​အိပ်​​နေရင်​​နေမ​ကောင်းဖြစ်​လိမ့်​မယ်​ ထ​တော့​နော်​.....'

ဒီတစ်​ခါရတီလက်​​မောင်းကိုနည်းနည်းအားထည့်ကာ​​​လှုပ်​နှိုး​တော့မှပဲရတီမျက်​လုံးဖွင့်​လာပြီး.....

'အင်း..... ည​နေ​တောင်​​ရောက်​သွားပြီလား'

ရတီအိပ်​ယာ​ပေါ်မှ​ငေါက်​ခနဲထထိုင်​လိုက်​​သော​ကြောင့်​ ​ခေါင်းထဲရိပ်​ခနဲ့ဖြစ်​သွားပြီး သူ့​ခေါင်းသူ လက်​နဲ့ပြန်​ထိန်းထားလိုက်​ရတယ်

'ရတီရာ က​လေးကျ​နေတာပဲကွာ အိပ်​ယာထထချင်း​ဖြေး​ဖြေး​လေးပဲထရတယ်​​လေ အခုလိုချက်​ချင်းထ​တော့​ခေါင်းမူးသွားမှာ​ပေါ့ ​ရော့​ရေ​သောက်​လိုက်​..'

မာန်​ခလှမ်း​ပေးတဲ့​ရေခွက်​ကိုယူလိုက်​ကာ တစ်​ငုံမျှငုံ့​​သောက်​လိုက်​ပြီး အခန်းထဲကိုမျက်​လုံး​ဝေ့ကြည့်​လိုက်​ကာ

'သား​လေး​ရော...'

မာန်​ခပင့်​သက်​တစ်​ချက်​ချလိုက်​ပြီး​တော့မှ.....

'သား​လေးက ယွန်းချယ်​ တို့နဲ့ကမ်း​ခြေကိုလမ်း​လျှောက်​သွားကြတယ်​ ကိုတို့လဲ လမ်း​လျှောက်​ထွက်​ကြရ​အောင်​'

မာန်​ခနဲ့အသစ်​တဖန်​ပြန်​​တွေ့ပြီးမှ ရတီမာန်​ခအ​ကြောင်းထပ်​သိလိုက်​သည်​က မာန်​ခ​တော်​​တော်​စကား​ပေါတာပဲ.......

ရတီအကျီဂါဝန်​ကြက်​​သွေး​ရောင်​​လေးကို​ကေချိုးခန်းထဲဝင်​လဲလိုက်​ပြီး ဆံပင်​ကိုPony tailပုံစံ​မြောက်​​မြောက်​​လေးစည်းလိုက်​ပြီး​တော့မှ

Artificial LoveWhere stories live. Discover now