Artificial Love
Part 7
After 5 years💎💎💎💎💎💎💎💎
'သားလေး.... မားမားမင်းသားလေးရေ... ထတော့နော် မားမားရဲ့HanXing လေးရေ... ကျောင်းသွားရမယ်လေ ထတော့နော် မားအသဲတုန်းလေး..... '
ဖွေးဥနေသောပါးဖောင်းဖောင်းလေးတစ်ဘက်တစ်ချက်စီအား မွှေးမွှေးပေးကာ အရုပ်များအလယ်၌ယုန်ပေါက်လေးအလားနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရတီရဲ့တစ်ဦးတည်းသောချစ်ရသူရင်နှစ်သည်းခြာလေး HanXing (ခေါ် ) မိုးယံခ ကိုမူကြိုပို့ရန်နိုးလိုက်တော့....
'အင်း..... မားမား သားသားအိပ်ချင်သေးတယ်.... ဟင့်'
'အော်ဟော် မားမားသားလေးကအိပ်ချင်သေးတာလား အွန်း... အဲ့တာဆို မားမားက ဟန်ရှင်းလေးအတွက်လုပ်ထား Choco cake ကိုတစ်ယောက်ထဲစားလိုက်မှနဲ့တူတယ်'
Choco cake ဆိုတဲ့အသံလဲကြားရော ဖျက်ခနဲပွင့်လာတဲ့ မျက်လုံးလှလှလေးတွေ အင်း... အဲ့မျက်လုံးလေးတွေက ရတီနဲ့တူတာ....
'မားကလဲ ဟီးဟီး သားသားကလေ အိပ်ချင်သေးတယ်လို့ပဲပြောတာပါ😁 မထဘူးလို့မပြောပါဘူး နော်😁😁 ခုထပြီ ခုထပြီ'
ရင်ဘက်လေးကိုလက်သေးသေးလေးတွေနဲ့ပုတ်ပြောကာ ချက်ချင်းရေချိုးခန်းထဲပြေးဝင်သွားပါသော ဟန်ရှင်းလေး....
ဟန်ရှင်းလေးကရုတ်တရက်ကြည့်လိုက်ရင်ဟိုလူနဲ့တူပေမဲ့ သေချာကြည့်လိုက်ရင် ရတီနဲ့တစ်ပုံစံထဲပဲ.. ထူထဲတဲ့မျက်ခုံး သွယ်လျှတဲ့မျက်နှာပုံစံ နှာတံဆင်းဆင်းလေးတွေ.... မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ဟန်ရှင်းလေး.....
ဒါပေမဲ့စိတ်ကတော့ သူ့အဖေအတိုင်းပါပဲ ဥာဏ်ကောင်းသည် မာနကြီးတာမဟုတ်ပေမဲ့ တော်ရုံလူဆိုအပေါင်းသင်းမလုပ် အဆင့်အတန်းနည်းနည်းခွဲခြားတက်သည် သူ့အတွက်အကျိုးရှိမယ်ဆို အရာအားလုံးကိုလုပ်မယ်ဆိုတဲ့ပုံစံလေးပါ....
YOU ARE READING
Artificial Love
Romanceကိုယ်တောင်းပန်ပါတယ် ကိုယ့်ဆီပြန်လာခဲ့ပေးပါ #မင်းမာန်ခ ဟင့်အင်း ရှင့်ဆီပြန်လာရအောင် ကျွန်မကအရင်တုန်းကလို နုံအအမိန်းမတစ်ယောက်မဟုတ်တော့ဘူး #ရတီခြယ် အနားမှာအမြဲရှိတဲ့လူတစ်ယောက် ရုတ်တရက်ပြောက်သွားတဲ့အခါ ခံစားရတဲ့ခံစာ...