Artificial Love
Part 4
'နေ့လည်စာ ကုမ္ပဏီ ကိုလာပို့ပါ နောက်ပြီး ညနေပိုင်း ပွဲတစ်ပွဲတက်ဖို့ရှိတယ် ပြင်ဆင်ထားပါ'
'ဟုတ်'
မနက်စာ စားရင်းမာန်ခ ရတီကိုမှာစရာရှိတာ မှာနေခဲ့တယ် မှာပြီးတာနဲ့ ကုမ္ပဏီ ကိုတန်းသွားတော့တယ်
'ရတီ နေ့လည်စာ ငါချက်ပေးမယ်လေ အလုပ်သွားလုပ်ချင်လုပ်'
ဝတ်ရည်ပြောတော့ သူအသာလေးခေါင်းငြိမ့်ပြကာ အခန်းထဲကိုပဲတက်လာခဲ့တယ်
ဒီရက်ပိုင်း မင်းမာန်ခနဲ့ပြသနာတွေတက်လာပြီဆိုရင် သူဘယ်လိုနည်းနဲ့ရှောင်ထွက်ရမလဲဆိုတာစဉ်းစားမိတယ် နောက်ပြီး သူတွေးမိတဲ့အရာတစ်ခု အခန်းထဲက ဒီဇိုင်းနဲ့ပက်သတ်သမျှ အရာအားလုံးကို ဒီအခန်းထဲမှာပဲထားလို့လုံးဝမဖြစ်နိုင်တော့ မတော်လို့ မင်းမာန်ခ အခန်းထဲရုတ်တရက်ဝင်လာလို့တွေ့သွားရင်....
လုံးဝမဖြစ်ပေ ထိုအဖြစ်မျိုးလုံးဝမဖြစ်စေရ
ထို့ကြောင့်ပင် ဒီဇိုင်းနဲ့ပတ်သက်သမျှကို ပစ္စည်းဟောင်းတွေထားရာ စတိုခန်းထဲသို့ပြောင်းရွှေ့ထားလိုက်သည်
'နေ့လည်စာရပြီ ရတီ ငါချိုင့်နဲ့ထုတ်ထားပီးပြီ'
'ကျေးဇူးဝတ်ရည် ငါလဲနင်ရှိနေလို့သာ ဒီအခြေနေထိတောင့်ခံနေရတာ'
'မလိုပါဘူးဟာ နင့်ကျေးဇူးတွေငါ့အပေါ်မှာအများကြီးရှိနေတာပါဟာ နောက်ပြီးငါတစ်ခုစဉ်းစားမိတယ်သိလား'
'ဘာများလဲ'
'မနေ့ကပုံတွေထဲမှာ နင်နဲ့တူတဲ့ကောင်မလေး ရှိတယ်မှတ်လား '
'အင်းလေ'
'သူဘယ်သူလဲဆိုတာစုံစမ်းသင့်တယ်လို့မထင်ဘူးလား'
'ငါလဲအဲ့တာပဲသိချင်နေတာ သူ့ကြောင့် ငါဘာတွေလုပ်နေလဲဆိုတာမင်းမာန်ခမသိတာ မဟုတ်ရင် ငါတော့လွယ်မယ်မထင်ဘူး'
YOU ARE READING
Artificial Love
Romanceကိုယ်တောင်းပန်ပါတယ် ကိုယ့်ဆီပြန်လာခဲ့ပေးပါ #မင်းမာန်ခ ဟင့်အင်း ရှင့်ဆီပြန်လာရအောင် ကျွန်မကအရင်တုန်းကလို နုံအအမိန်းမတစ်ယောက်မဟုတ်တော့ဘူး #ရတီခြယ် အနားမှာအမြဲရှိတဲ့လူတစ်ယောက် ရုတ်တရက်ပြောက်သွားတဲ့အခါ ခံစားရတဲ့ခံစာ...