"ဘာတွေလဲ Daddy ရာ Jen အဲ့ကိစ္စတွေ စိတ်ကူးထဲမထည့်ချင်သေးပါဘူးဆို..."
အရေးတကြီးပြောစရာရှိလို့ခေါ်လိုက်တာက ဒီကိစ္စပြောဖို့တဲ့လား...... LA မှာရှိတဲ့အလုပ်တောင် ပြီးအောင်မလုပ်နိုင်ဘူး အရေးကြီးတယ်ဆိုတော့ အပြေးပြန်လာခဲ့ရတာ...... ရောက်ရောက်ချင်းပြောချလိုက်တော့ အမောပင်ဆို့သွားရသည်...။
ပိုပြီးအံ့သြစရာကောင်းတာက Jen ကိုမိန်းမပေးစားမလို့တဲ့လေ...။"စိတ်ဝင်စားရမယ် Jen... သူတို့ဖက်ကစပြီးကမ်းလှမ်းလာတာ...... သူတို့မိသားစုရဲ့ကျေးဇူးတွေ daddy တို့ပေါ်မှာအများကြီးရှိခဲ့တယ်ဆိုတာ သိတယ်မို့လား..."
"ဟာ...... အဲ့တာကြောင့်နဲ့ Jen ကသူ့ကိုယူရမယ်ပေါ့ မဖြစ်သင့်တာ daddy ရာ..."
Sofa ပေါ်ကို လေးပင်စွာမှီလိုက်ပြီး မျက်နှာကို လက်နှစ်ဖက်နဲ့ ပွတ်လိုက်ရင်း ပြောလိုက်သည်...။
"Daddy အမိန့်ပဲ Jen... နားထောင်ရမယ်..."
"Jen မယူချင်ဘူး Dad စိတ်မဝင်စားဘူး!!!"
ငယ်ငယ်ကတည်းက Jen သဘော Jen စိတ်တိုင်းကျလုပ်ခိုင်းတဲ့ daddy ကအမိန့်တွေလာပေးနေတော့ Jennie စိတ်တိုလာသည်......
"Jen လေးငယ်ငယ်ကတည်းက သမီးသဘောတွေပဲ လုပ်နေတာ daddy ဘာပြောခဲ့လို့လဲ...... ဒီတစ်ခုတော့ daddy ဆန္ဒကိုလိုက်လျောပေးပါလား သမီးရယ်..."
Daddy အသံကနုညံလာပြန်သည်...။
"ဟူးးးး... Jen စဉ်းစားအုံးမယ် daddy ရာ...... အခုတော့ ခရီးပန်းလာလို့ နားတော့မယ်... Dad ကအရေးကြီးတယ်ဆိုတော့ အလုပ်ကိစ္စတွေအကုန် ji Eonnie နဲ့အကုန်ထားခဲ့ရတယ်......"
"အေးပါကွယ်... ခုတော့နားလိုက်အုံး ညနေကျရင် daddy နဲ့သွားစရာရှိသေးတယ်"
Jennie ဘားမှမပြောချင်တော့ ... ဘဝမှာ ပြေးကြည့်မှ ဒီဖေဖေပဲရှိတော့တာဆိုတော့... ဖေဖေကိုစိတ်ချမ်းသာစေချင်သည်လေ...... Jennie စဉ်းစားမယ်လို့ပြောပေမယ့် လက်ခံပေးဖို့တွေးထားပြီးသား......
(နင်ကဘယ်လိုလေးဖြစ်မလဲ chaeyoung......)
ညောင်းကိုက်နေတာတွေသက်သာအောင် bathtub ထဲမှာရေနွေးနွေးလေးနဲ့ နာရီဝက်လောက်စိမ်ချိုးလိုက်သည်...။ ရေချိုးအဝတ်လှဲပြီး နာရီကြည့်လိုက်တော့ ဆယ်နာရီခွဲ......