Chaeyoung Lisa အလုပ်မှာဘဲ တစ်ညနေလုံးလိုက်လာပြီး ညနေစာပာနှစ်ယောက်သားစားချင်တာစားပြီးမှ အိမ်ပြန်လိုက်ပို့ခိုင်းလိုက်သည်....။အိမ်ရှေ့ရောက်တော့...
"Lili အထဲလိုက်ဝင်အုံးလေ.."
"အမလေး..ကျားမြီးပြေးဆွဲဆိုလဲ ငာဆွဲပာ့မယ်ဟယ်..ဝင်တော့မဝင်ပာရစေနဲ့"
"ဖြစ်ရမယ်😂..ဒာဆိုလဲ ဖြေးဖြေးမောင်းပြန်နော် ရောက်ရင်ဖုန်းဆက်"
Chae အိမ်ထဲ သီချင်းလေးငြီးပြီး ဝင်သွားလိုက်သည်...
(ညောင်းကိုက်နေတာဘဲ ရေနွေးလေးနဲ့ စိမ်ချိုးရမယ်)
"Young!!! ဒီကိုလာခဲ့အုံး ဘယ်ကပြန်လာတာလဲ!!!"
ဧည့်ခန်းမှာ မျက်နှာကြီးစူပုတ်ပြီး ခော်နေတဲ့ Jennie နဲ့ ကောင်မလေးတစ်ယောက်..
(ဘယ်သူပာလိမ့်)
"ဟာ..Jen ဒီနေ့စောတယ်နော်"
စားချင်တာတွေအဝတွယ်ခဲ့ရတာမို့ ကြည်လင်နေတဲ့စိတ်လေးနဲ့ Jen ထိုင်နေတဲ့နားကပ်ထိုင် ပခုံးလေးမှီရင်းမေးလိုက်သည် ...
"လွှတ်စမ်း!!..ဘယ်ကပြန်လာတာလဲ လို့မေးနေတယ်လေ အိမ်ကိုနေ့လည်ကတည်းက ပြန်မယ်ဆိုတဲ့လူက ဘာလို့ငာ့နောက်မှ ပြန်ရောက်နေရတာလဲ!!!!"
"......"
Jen နဲ့ပာလာတဲ့ မိန်းမချောလေးကတော့ chae ကိုအထင်အမြင်သေးတဲ့အကြည့်တွေနဲ့ကြည့်နေလေရဲ့...
"ဖြေလေ...ဘာတွေခက်ခဲနေလို့ မဖြေနိုင်ရတာလဲ!!!!"
(အော်ချင်ရင်လဲ chae မသိတဲ့ သူစိမ်းတစ်ယောက်ရှေ့မှာ မအော်သင့်ပာဘူး Jen ရယ်)
"နေ့လည်စာစားရင်း Lisa အလုပ်မှာ လိုက်နေလိုက်တာပာ!!!"
"ဘာ!!!နင့်မှာ လုပ်စရာအဲ့လောက်ရှားသလား...နင့်ကိုယ်နင် လက်ထပ်ထားတယ်ဆိုတာရော သတိရရဲ့လား.."
"....."
"လုပ်စရာမရှိရင်လဲ အိမ်မှာအေးဆေးနေလေ...ဟိုယားယား ဒီယားယားနဲ့ .... "
"အွန်းပာ..နောက်ဆို ဘယ်မှမသွားတော့ဘူးနော်... Chae အပော်တက်ချင်ပြီရမလား"