မျက်စိရှေ့တွင် လောင်ကျွမ်းနေသော လက်ကြားထဲညှပ်ထားသည့် သောက်လက်စဆေးလိပ်တိုတစ်ခုကို လက်မတစ်ခုနှင့်အတူ ဖွာရှိုက်လိုက်သည်။
" ဟူး ...."
သက်ပြင်းတစ်ခုနှင့်အတူ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့များသည် အမှောင်ကျလုလု ဖြစ်နေသောအခန်းငယ်အတွင်း အပြေးအလွှား ပျံ့လွှင့်သွားကြသည်။
ကုတင်စွန်းတွင် ထိုင်ကာ ဘယ်နှလိပ်မြောက်မှန်းမသိသည့် ဆေးလိပ်ကိုဖွာရှိုက်နေမိသည်။ကုတင်၏အခြားတစ်ဖက်တွင် ထိုင်နေသော လူ....။
ပူလောင်သော ရာသီဥတုကြောင့် မနေတတ်ဟန်ဖြင့် တစ်ဖက်လူက အဲကွန်းအရှိန်ကို ထပ်မြှင့်လိုက်ရင်း....." အစ်ကို ဆေးလိပ်တွေသောက်နေတာ တော်ပါတော့ဗျာ
ဒါဘယ်နှဗူးမြောက်မှန်းမသိဘူး "မိမိလက်ထဲမှဆေးလိပ်ကို ဆွဲလုရင်း စိတ်မကြည်သည့်မျက်နှာ လေသံမျိုးဖြင့် ပြောလာသော ကောင်လေး....
ထိုကောင်လေး လုသွားသော ဆေးလိပ်ကို ပြန်လုဖို့ရော
နောက်ထပ်အသစ်တစ်လိပ် မီးညှိဖို့ရာ သူဘာမှမလုပ်ဖြစ်...။ထိုကောင်လေးသည် သူ့အပေါ်အနိုင်ယူသည်ဟု မဆိုနိုင်သော အနိုင်ယူဖြင်းမျိုးဖြင့်....အနိုင်ပိုင်းတတ်သည်။ဒါကို သူကိုယ်တိုင်ကျေကျေနပ်နပ်လက်ခံမိသည်ဆိုလျှင် မမှား....။ တိတ်ဆိတ်သော အခန်းငယ်သည် ။ တဒင်္ဂပြန်လည်တိတ်ဆိတ်သွားပြန်သည်...။
သူ ....သူ့ဘေးတွင်ရှိသော ဖုန်းကိုကောက်ယူလိုက်ပြီး နှုတ်ခမ်းပါးလှုပ်ရုံမျှ ပြုံးမိသည် ။ ထို့နောက် ဟန်ပါပါမတ်တပ်ရပ်လိုပ်ရင်း....
" ပိုင်ရတု ကိုပြန်တော့မယ်
ခေါ်ထားပြီး ဘာမှလဲမပြောဘူး "စကားပြောရင်း အခန်းငယ်အပြင်ဘက်သို့ ရွေ့ရန်လှမ်းလိုက်သည့် ခြေလှမ်းများကို ပိုင်ရတုက သူ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ရင်း တားဆီးလိုက်သည်။

YOU ARE READING
//သွေဖည်ခြင်းသည် တစ်နည်းအားဖြင့်//
Fantasyတိုက်ဆိုင်လာရင် လွမ်းဖို့တော့ ကိုယ်ကြိုးစားကြည့်မယ် ရတု. . တွေ့ဖို့ကိုတော့ ရပ်တန့်ရလိမ့်မယ်ထင်တယ်. တစ်ခါတစ်လေ သွေဖည်မှုက မင်းသိတဲ့ ကျောခိုင်းချင်းမျိုးမဟုတ်ဘူး ။ Nay Thaw Shin