အတည်ပေါက်ပြောလာသော နေသော်ရှင်းအား ရတု
ခုံအောက်မှ ခြေထောက်အစုံကို ပိတ်ကန်ပစ်လိုက်သည် ။
စိတ်ညစ်နေတာလည်းမဟုတ်ပဲနဲ့ ။shitt"Ah... "
"ဟင် သော်ရှင်း ဘာဖြစ်လို့လဲ.. "
မမ၏ သူ့အပေါ် စိတ်ပူနေသော အသံသည်
ရတုနားထဲတွင် ကိုးလို့ကန့်လန့်နှင့် မချိုသာနိုင် ။
မိမိကိုယ်ကိုပင် ဘာဖြစ်နေမှန်းမသိတော့ ။"နေသော်ရှင်း ခင်ဗျား ဘာစားမှာပဲလို့ မေးနေတယ်လေဗျာ."
"ရတု လေး ကိုယ့်ထက်အကြီးကို ခင်ဗျားလို့ မပြောရဘူးလေ
ငါတို့ကလေးလေး ငရဲကြီးတော့မှာပဲ "မျက်ခုံးနှစ်ဖက်ကို တွန့်ချိုး၍ ပြောလာသောမမက ပုံမှန်မဟုတ်။
မဟုတ်မှလွဲရော သူ အကို့ကိုမြန်းကြိုက်နေတာလား? ?"ရပါတယ် ခွန်းရဲ့ သူက ခေါ်နေကြပဲ
ကိစ္စမရှိဘူး "ဟုတ်နေကြတာပဲ.. ဟင်း
နှစ်ယောက်သား ကြည့်မရတော့ဘူး.နေပါအုံး ရတု မင်းကရော
J ဝင်နေတာလား? ?တော်တော့...✴✴✴
အိမ်ပြန်လမ်းတစ်လျှောက် ကားပေါ်တွင် လေတိုးသံပင်
မရှိအောင် တိတ်ဆိတ်နေသည် ။ သွားပါပြီ ။
ရတု ငါ့ကို စိတ်ဆိုးသွားပြီလားမသိဘူး ။ ငါကိုက လျှာရှည်မိတာ ။ခွန်းကတော့ တစ်နေကုန်ပင်ပန်း၍လားမသိ။
အိပ်မောပင် ကျနေလေပြီ ။ ကားမှန်မှ တစ်ဆင့် သူမကိုလှည့်ကြည့်ကာ နေသော်ရှင်း ပြုံးလိုက်သည် ။ မင်းက အရင်ကလို ရုပ်ဆိုးလေးပဲ ခွန်း။
Hk hk....."အကို ခင်ဗျား မမကို ကြည့်ပြီး ဘာပြုံးနေတာလဲ
မနက်တည်းက ဖြီးနေတာ မမကို စိတ်ဝင်စားလို့လား "နှုတ်ခမ်းကို တစ်တောင်လောက် ထော်ကာ
ပြောနေသော ထိုကလေးသည် တကယ်ကို ချစ်ဖို့ကောင်းသည်။"အကိုက ရိုးရိုးသားသား ပြုံးတာပါနော်
ကြိုက်နေတော့လည်း ဘာဖြစ်လဲ အကိုက singleပဲကို
အကို့လိုလူနဲ့ မင်းက သဘောမတူဘူးလား ""မရဘူးလေ အကိုက ကျွန်တော့်ကို ချစ်တယ် ပြောထားတယ်လေဗျာ"
"မင်းမှ အကို့ကို မချစ်တာ
အကိုတို့တွဲနေတာလည်း မဟုတ်ပဲနဲ့ အကို့ကို ပြန်လည်းမချစ်ပဲ အကို
မင်းကို ဆက်ချစ်နေစေချင်သေးတာလား "

YOU ARE READING
//သွေဖည်ခြင်းသည် တစ်နည်းအားဖြင့်//
Fantasyတိုက်ဆိုင်လာရင် လွမ်းဖို့တော့ ကိုယ်ကြိုးစားကြည့်မယ် ရတု. . တွေ့ဖို့ကိုတော့ ရပ်တန့်ရလိမ့်မယ်ထင်တယ်. တစ်ခါတစ်လေ သွေဖည်မှုက မင်းသိတဲ့ ကျောခိုင်းချင်းမျိုးမဟုတ်ဘူး ။ Nay Thaw Shin