အပိုင်း ၃

1.2K 79 8
                                    

ကားမီးရောင်များ အပြိုင်ထွန်းလင်းနေသော လမ်းမကြီး ။
အဝါရောင် အဖြူရောင် အစရှိသည့် မီးများကလည်း
တစ်ဖက်နှင့် တစ်ဖက် အပြိုင် ထိုးနေကြသည် ။

မျက်လုံးရှေ့သို့ တည့်တည့် စိုက်ရောက်လာသော
ကားမီးရောင်ကြောင့် Cover မချထားသော နေသော်ရှင်း
မျက်လုံးတို့ ကျိန်းစပ်သွားရသည် ။

စီးချက်ကြနေသော ကားကို ရတုမနိုးစေရန်
ဘယ်ဘက်သို့ ထိုးကွေ့ကာ လမ်းဘေးကျကျ
တစ်နေရာတွင် ရပ်လိုက်သည် ။

စိတ်ရှုပ်သည် ။ ကျွန်တော် ရတုတို့ကြားကို အဆင်မပြေအောင်
လုပ်မိသလို ဖြစ်သွားသည် ။ ရတုရှေ့တွင် ဆေးလိပ်မသောက်မိစေရန်
အကြိမ်ကြိမ်ထိန်းထားသော်လည်း စိတ်ရှုပ်လာမှုကြောင့်
ကားပေါ်တွင် အသင့်ထည့်ထားသော ဆေးလိပ်ကို မီးညှိရန်
မီးခြစ်ကို ခြစ်လိုက်သည် ။

အဖြူရောင်အငွေ့တို့သည် ကားထဲတစ်လျှောက်တွင်
လွတ်လပ်စွာ ပျံသန်းကုန်ကြသည်။ နှာခေါင်းဝသို့ လာကျီစယ်သော
အငွေ့တို့သည် ကျွန်တော်ကိုယ်တိုင်ပင် မခံနိုင်အောင်
ပြင်းလှသည် ။ ရတု မွှန်မှာစိုး၍ ကားမှန်ကို တစ်ဝက်အထိချကာ
ဆေးလိပ်ကို တစ်လိပ်ပြီး တစ်လိပ် သောက်နေမိသည် ။

"အဟွတ်..အဟွတ်..ဟွတ်."

ဆက်တိုက်ထွက်ပေါ်လာသော ချောင်းဆိုးသံကြောင့်
နေသော်ရှင်း ခေါင်းကို တစ်ဖက်သို့ ပြန်လှည့်လိုက်သည် ။
ကားပေါ်ရှိ အဖြူကောင်သေးသေးလေးသည်
မီးခိုးမွှန်၍ အော်နေလေပြီ ။

"အကို "

ခေါ်နေကြသော တစ်လုံးတည်း နာမ်စားကို
ခေါ်ကာ ကျွန်တော့် လက်ထဲမှ ဆေးလိပ်ကို ဆွဲယူလိုက်သည် ။
ထို့နောက် လက်မနှင့် လက်ညှိုးကြားသို့ ထည့်ကာ ခပ်ပြင်းပြင်း
စုပ်ယူလိုက်သည် ။

တစ်ခါမှဆေးလိပ်မသောက်ဖူးသည့်သူ ။
ဆေးလိပ်နံ့ပင် မခံနိုင်သော သူက ဆေးလိပ်သောက်တယ်တဲ့လား။
နေသော်ရှင်း အသိစိတ်ပြန်ထည့်ကာ ရတု နှုတ်ခမ်းဝမှ ဆေးလိပ်ကို
ဆွဲထုတ်လိုက်သည် ။

ထို့နောက် လမ်းဘေး ရေအိုင်တစ်ခုထဲသို့ ဆေးလိပ်ကို ပစ်လိုက်သည်။

//သွေဖည်ခြင်းသည် တစ်နည်းအားဖြင့်//Место, где живут истории. Откройте их для себя