အပိုင်း ၅

1.1K 82 10
                                    

"ရတု ခေါင်းမော့ပါကွာ. ကိုယ်ပြောနေတာ နားထောင်နေရဲ့လား?"

ရတု၏ မီးခိုရောင်သမ်းနေသည့် ဆံနွယ်လေးများကို
သပ်တင်ကာနေသော်ရှင်းမေးလိုက်သည် ။
ရတုတစ်ယောက် ချွေးစတို့ပင် စို့နေလေပြီ ။
တစ်ခါမှ ဒီလို ခံစားချက်ကြီးကို မတွေ့ဖူးသည့်တိုင်
ယောက်ျားတစ်ယောက်ဆီမှ ချစ်တယ်လို့ ကြားဖူးတာ ပထမဆုံးပင်။

"ကျွန်တော် အခုချိန်မှာ ဘာမှ ပြောစရာ မရှိသေးဘူး အကို
အခုချိန်ထိလည်း ပယင်းကို မေ့လို့မရသေးဘူး "

တည်ငြိမ်စွာ ပြောလာသည့် သူ့စကားများသည်
ကျွန်တော့်အားအက်ဆစ်နဲ့ ပက်လိုက်သကဲ့သို့
ရင်တစ်ခုလုံးပူထူသွားသည် ။ တစ်ဆက်တည်းမှာတင်
မဖြစ်နိုင်တာကို သိနေသောအတွေးတို့က
ခေါင်းတစ်ခုလုံး စိုးမိုးသွားသည် ။

"ပြီးတော့ ကျွန်တော့်ကို ချစ်တယ်လို့လည်း နောက်ထပ် မပြောနဲ့. "

ရတုရယ်...တန်ဖိုးရှိတဲ့... မင်းကို ချစ်နေရရုံနဲ့
ရှင်သန်နေရတဲ့ ကိုယ့်ဘဝက
ဘာမှ တန်ဖိုးမရှိပါဘူး.... သိတတ်တဲ့ အရွယ်တည်းက မင်း
ထားရာနေ စေရာသွားဖို့ လက်ခံထားခဲ့တာ ရတု ။

အခုချိန်မှာ မင်းကို
ချစ်တယ် လို့တောင် ထုတ်ပြောခွင့်မရှိဘူးလား ဟင် ။
မေးလိုက်ချင်ပေမဲ့ ထုတ်မေးလိုက်လျှင် သူစိတ်ရှုပ်သွားမှာကို
တွေးပူမိပြန်တော့လည်း မြိုသိပ်ခဲ့ရပြန်တာပဲလေ ။

ခဏတာ ငြိမ်သက်နေသော အခိုက်သည် လေတိုးသံမှ လွဲ၍
အသက်ရှူသံပင် မရှိသလောက် တိုးတိတ်နေသည် ။

" ဟူး....."

နေသော်ရှင်း သက်ပြင်းသဲ့သဲ့ကို ချကာ ထိုင်နေရာမှ ထလိုက်ပြီး

"မင်း အိပ်ချင်ရင် အိပ်တော့ ရတု.. "

ထွက်သွားမည် ပြင်နေသည့် သော်ရှင်း ခြေလှမ်းများသည်
နူးညံ့သော လက်နှစ်ဖက်၏ အထိအတွေ့တွင် တစ်ဖန် ကျရှုံးပြန်သည် ။

နေသော်ရှင်း၏ လက်တစ်ဖက်ကို ရတု လှမ်းဆွဲကာ မော့ကြည့်သည် ။
ထို့နောက်....

"ခင်ဗျား...... ဆေးလိပ်သောက်အုံး မလို့ပဲမလား? "

တိကျစွာမေးလာသော ရတုကြောင့် နေသော်ရှင်း မငြင်းခဲ့ပါ ။
ရတုအပေါ် ဘာတစ်ခုမှ သိုဝှက်ထားခြင်း မရှိခဲ့ဖူးသည့်
နေသော်ရှင်းက Personal caseတွေကိုပါ
အကုန် အသိပေးထားသည် ။

//သွေဖည်ခြင်းသည် တစ်နည်းအားဖြင့်//Where stories live. Discover now