အပိုင်း ၂

1.8K 81 9
                                    

နေရောင်ခြည်၏ ပူလောင်မှုက ကောင်းကင်တစ်ပြင်တွင် ပျံ့ကြဲနေသည်။
မနီးကပ်လှဟု ဆိုသော်လည်း ထိုနေရောင်မှာ
ကျွန်တော်တို့ဆီသို့ တိုက်ရိုက် ကျရောက်နေသည် မဟုတ်ပါလား. 

နေသော်ရှင်း တစ်ယောက် တောင်စဉ်ရေမရတဲ့ အတွေးတွေကို တွေးနေလေသည်။
သူကိုယ်တိုင်ပင် ဘာမျှမသိသောအတွေးများကို သူတစ်ခါတစ်ရံတွေးနေတတ်သည်။

ခြောက်ကပ်လာသော အာခေါင်ကို စိုစွတ်စေဖို့ အရှေ့Sofaပေါ်မှ ရေဗူးကိုဖွင့်ကာ
သောက်လိုက်သည်။. နီးမြန်းနေသော နှုတ်ခမ်းနှစ်ခုကြား အဖြူရောင် စီးကရက်
တစ်လိပ်ကို ဝင်ရောက်စေသည် ။

အငွေ့များကို အဆုတ်ထဲထိရောက်အောင် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည် ။
မီးခိုးငွေ့များက အခန်းငယ်အတွင်းတွင် အတားအဆီးမရှိ ပြေး၍ဆော့နေလေပြီ။

"Ah "

ဆွဲယူခံလိုက်ရသော စီးကရက်သည်
ကြမ်းပေါ်တွင် အမှုန့်အထိပါ ကြေမွသွားသည်။
တက်နင်းနေသော ဖိနပ်များကြားရှိ ခြေထောက်ဖွေးဖွေးလေးတွေက သူမှဟုတ်ပါရဲ့လား. hk hk.

"အကို ဆေးလိပ်တွေ ဘာလို့သောက်နေတာလဲ.သောက်နေပြန်ပြီလား "

မျက်ခွံနှစ်ခုကို ကြုံ့ကာ စကားဆိုနေသော
ပေါက်စနလေးကို တွေတွေလေး ပြုံး၍ကြည့်နေလိုက်မိသည် ။
မင်းတောင် အရွယ် ရောက်လာပြီနော် ရတုခန့်။
အရင်ကလို ကလေးသေးသေးလေး မဟုတ်တော့ဘူး.
ရည်စားတောင် ရနေပြီမလား.

"မေးနေတယ်လေဗျာ. "

အတွေးစတို့ကို ရပ်တန့်စေသော သူ့အား
ကျေကျေ နပ်နပ်ကြီး ပြုံးပြ၍ sofaဘေးသို့
လာထိုင်ရန်ပြောလိုက်သည် ။

"လာ. ထိုင်. "

"ဆေးလိပ်ကို မသောက်ပဲ မနေနိုင်ဘူးလားလို့. ဆက်သောက်နေရင် နောက်ဆို
ကျွန်တော် တကယ်မခေါ်ဘူးနော် "

မျက်စောင်းသဲ့သဲ့လေးအား ထိုးကာ ပြောနေသော သူ့ကြောင့်
ကျွန်တော် ထပ်၍ပြုံးလိုက်မိသည် ။

"ခင်ဗျား. .ပြုံးပဲ ပြုံးနေမှာလား. "

"ခင်ဗျား " ထိုနာမ်စားက သူဒေါသထွက်နေလျှင်
သုံးနေကြ အရာတစ်ခုပင်။ နေသော်ရှင်းက ရတုအား
အမြဲလိုလို မထိတထိ စတတ်သည် ။ပြီးလျှင်လည်း
ရက်အတော်ကြာ ချော့ရသည်။

//သွေဖည်ခြင်းသည် တစ်နည်းအားဖြင့်//Where stories live. Discover now