အပိုင်း ၎

1.1K 76 12
                                    

"ရတု"

ကားပေါ်သို့ရောက်သည်နှင့် နေသော်ရှင်း ရတုနာမည်ကို
ခပ်ဖွဖွလေး ခေါ်လိုက်သည် ။ သို့သော် ကောင်ငယ်လေးက
လှည့်မကြည့်ပါ ။ သူတကယ်ပင် စိတ်ကောက်နေလေပြီ ။

ချော့ရသည်ကမခက်ပါ ။ အနည်းဆုံး ၂ရက်လောက်ပေါ့... Ha ha
ရတုစိတ်ကောက်တိုင်း နေသော်ရှင်း ဖင်တကြွကြွနှင့် မနေနိုင် ။
ဘာလုပ်လို့ဘာကိုင်ရမှန်း မသိကာ နောက်ဆုံးတော့လည်း
ကျေနပ်သည်အထိ သူခိုင်းတာ လုပ်ပေးရသည် ။

" ရတုလေး......... ရတုလေး လို့.ကိုယ် တောင်းပန်တယ် နော်
ဟုတ်ပြီလား....တောင်းပန်တယ် "

စိတ်အလိုမကျစွာ လှည့်ကြည့်လာသော ရတုကြောင့်
နေသော်ရှင်း ပြုံးမိသည် ။ မင်းကလေ ငယ်ငယ်ကလို ဆိုးနေတုန်းပဲ ။

" ကိုယ် တောင်း ပန် ပါ တယ် ခွေး ပေါက် လေး "

မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးကာ ရင်ဘတ်သို့
လာထုသော လက်နှစ်ဖက် ။

"ခင်ဗျား....အဲ့လိုမခေါ်နဲ့လို့ ပြောနေတယ်နော် "

သူ၏လက်များ နာသွားမည်ဆိုး၍ ရင်ဘတ်သို့ ထုရိုက်နေသော
လက်နှစ်ဖက်ကို ချုပ်ကာ မျက်နှာ နားသို့ ဆွဲကပ်လိုက်သည် ။.

လရောင်အောက်တွင် လနှင့်အတူ မျက်လုံးနှစ်စုံ ၏
အရောင်လက်မှုများလည်း တလက်လက် တောက်ပနေ၏ ။

" ပိုင်ရတုခန့် အကို တောင်းပန်ပါတယ် "

ထိုအခါမှ စိတ်ကျေနပ်သွားဟန်ဖြင့် သူမျက်စောင်းထိုးလာသည် ။.
တကယ့်ကို ဘာလေးမှန်းမသိဘူး....

"အကို......"

မှန်ပြတင်း အပြင်ဘက်မှ တစ်နေရာကို ရတုကြည့်ကာ
နေသော်ရှင်းအား တိုးညှင်းစွာ ခေါ်လိုက်သည် ။

"ကျွန်တော့်ကို သဘောကျနေခဲ့တာလား? ?"

မထင်မှတ်ထားသော စကားတို့က နေသော်ရှင်း၏
လန့်ခြင်း ဒီဂရီ ကို ပိုလို့ပင် တက်စေသည် ။

"ဟင်...အဲ့တာက.. "

"ဘာလို့အစတည်းက မပြောခဲ့တာလဲ "

နေသော်ရှင်းစကားပင်မဆုံးလိုက်ပါ ။ ပြောစရာ စကားမရှိတော့လောက်အောင်
သူအံသြ မှင်သက်နေလေသည် ။

//သွေဖည်ခြင်းသည် တစ်နည်းအားဖြင့်//Where stories live. Discover now