ဇာတ်​လမ်း_ ၁၁

3.5K 255 37
                                    

အသိဝင်​ဝင်​ချင်းခံစားလိုက်​ရတာက ​နွေး​ထွေး
တင်းကျပ်​မှုတစ်​စုံတစ်​ရာ...။
မျက်​လုံးဖွင့်​လိုက်​သည့်​အခါ မ​အော်​မိ​အောင်
လက်​ဖြင့်​ပါးစပ်​ကိုပိတ်​လိုက်​မိသည်​။ သူမ တစ်​ကိုယ်​လုံးက ​ကိုကိုရဲ့ရင်​ခွင်​ထဲဝင်​​နေကာ သူမ
ခါးကိုလည်းဖက်​ထား​သေးသည်​။

သူမ​ခေါင်း​မော့်​ကြည့်​လိုက်​​တော့ နှစ်​နှစ်​ခြိုက်​ခြိုက်
အိပ်​​ပျော်​​နေ​သော ကိုကို။ ဘာမှမစဉ်းစားနိုင်​​သေး
ဘဲ အိပ်​​ပျော်​​နေတာ​တောင်​လှရက်​လွန်းသည့်
သူမcrushကိုသာအပီအပြင်​ ​ငေး​နေလိုက်​​တော့သည်​။

ထို့​နောက်​ ​တစ်​ဆက်​ထဲမှာ​လည်းမ​နေ့က​သောက်
လိုက်​တာတန်​သည်​ဟု ခံစားလိုက်​ရသည်​။ ​သောက်​ပြီးရင်​ အကျင့်​ဆိုး​တွေ​ပေါ်လာတက်​လို့မ​သောက်​ဖြစ်​တာ။ ဘာ​တွေလုပ်​ခဲ့မှန်းမသိ​ပေမဲ့
နွေကိုကို​ဘေးနားအိပ်​ရုံမက ရင်​ခွင်​ထဲထည့်​ကာ
ဖက်​ထားသည်​ဆို​တော့ ကြည်​နူးမှုတို့ကဖုံးဖိမရ
စွာ နူတ်​ခမ်းတွင်​အသက်​ဝင်​လာသည်​။

ရုတ်​တရက်​ သူမဘက်​မျက်​နာလှည့်​လာကာ
နွေကိုကိုနူတ်​ခမ်းက သူမနဖူးနှင့်​တိုက်​မိသွား​လေသည်​။ ​ဤသည်​ကိုပင်​ သူမ​တောင့်​​တောင့်​ကြီးငြိမ်နေမိကာတစ်ကိုယ်လုံးပူလာသလိုခံစားရသည်​။

'နိုး.....ပြီလား....?'

ခပ်​ရှရှအသံ​ကြောင့်​ သူမ​မော့်​ကြည့်​လိုက်​​တော့
မျက်​လုံး​သေချာမပွင့်​​သေး​ပေ။ ပြီး​နောက်​ ဖက်​တွယ်​ထား​သောလက်​တို့ကိုလည်းမဖယ်​​သေး​ပေ။
အိပ်​ချင်​မ​ပြေ​သေးသည့်​ပုံစံပင်​ဖြစ်​​လေသည်​။

'ထ​တော့မလား.........မထ​ချင်​​သေးရင်
ဒီလိုခဏ​လေး​နေအုံး....မင်းကိုဖက်​အိပ်​ရတာ
ကြိုက်​တယ်​....'

တစ်​​ယောက်ထဲစကား​ပြောပြီး အဆုံးသတ်​တွင်
ပြုံးလိုက်​ကာ ဆက်​အိပ်​​လေသည်​။ ​လေးညို့မှာလည်း ထိုရင်​ခွင်​မှာပင်​မျက်​လုံးတင်းတင်းမှိတ်​၍အိပ်​​ပျော်​​အောင်​ကြိုးစားလိုက်​သည်​။
သို့မဟုတ်​ပါက ရင်​ဘတ်​ထဲကအ​ကောင်​ကြီး
အပြင်​သို့ထွက်ကျမည်​စိုး​သော​ကြောင့်​ပင်​။

She Is My Girlfriend's Sister[COMPLETE] Where stories live. Discover now