ဇာတ်လမ်း_၂(Unicode)

1.6K 121 0
                                    

ဒုတိယအကြိမ်တွေ့ဆုံခြင်း...

'ဒါဆို Coffeeဆိုင်ကဘဲစောင့်နေနော်...ငါခဏနေ
ထွက်လာခဲ့မယ်...'

'အင်း....'

Callend လုပ်ကာ ဘေးမှ ph နဲ့လိုအပ်သောပစ္စည်း
တွေထည့်ထားသော ဘေးအိတ်လေးကိုယူကာ ကား
ပေါ်မှဆင်းလိုက်သည်။ ကားလော့ကျမကျ ရီမုနဲ့နိုပ်ကြည့်ရင်းမှ အကြည့်ကဆိုင်အဝင်ဝကိုရောက်တော့
Autoရပ်မိလျှက်သား...။

မှတ်မှတ်ရရဟိုတစ်ပတ်လောက်မှ ဒီcoffee shop
ထဲမှာဘဲတွေ့ခဲ့တဲ့ ဖိုက်တာမိန်းကလေး။ ရေစက်ကလည်း ဆုံမှဆုံတက်ပါပေ့။ သူမကြည့်နေရာသို့
လေးညို့လှည်းကြည့်လိုက်တော့ ကောင်တာမှာမုန့်ရွေး
နေသောကောင်မလေးတစ်ယောက်ကို ငေးကြည့်နေလေသည်။

စိတ်ထဲနည်းနည်းတော့ကသိကအောက်ဖြစ်သွားပေမဲ့
လေးညို့ထိုနေရာမှမခွာဘဲ အဝင်ဝမှမိန်းကလေးကိုသာ
ကြည့်နေမိသည်။ ဟိုတစ်ခါတုန်းကလိုဘဲ ဆံပင်ညိုညိုတွေကို စုစည်းထုံးထားကာ Hoodie ခေါင်းစွပ်အင်္ကျီ
ပွပွနှင့် ဘောင်းဘီရှည်ကိုဝတ်ဆင်ထားလေသည်။

ကိန်မုန့်ဘူးလေးတွေနှင့် သူမအနားကိုလာရပ်ကာစကား
ပြောနေသော ကောင်မလေးက လေးညို့တို့ထက်ငယ်ပုံပေါ်သည်။ ထိုကောင်မလေးပြောသည်များကို ခေါင်းတစ်ညိမ့်ညိမ့်နှင့်နားထောင်ကာ အင်္ကျီအိတ်ထဲမှ ပိုက်ဆံ
ထုတ်ကာသွားရှင်းနေလေသည်။

ရုတ်တရက်အတွေးတို့နဲ့အတူစဉ်းစားမိသည်က ညီမ။
ဒါဆို ဒီကောင်မလေးက သူမရဲ့ညီမငယ်ဆိုတာလား။
စိတ်သက်သာရသွားသလို ပြုံးမိလိုက်ကာ ထိုနှစ်ယောက်နောက်ကလိုက်ရန်စဉ်းစားလိုက်ပြီး ကားထဲသို့
ပြန်တက်ကာထိုင်နေလိုက်သည်။ ခဏအကြာထွက်
လာကြသော နှစ်ယောက်မှာ သူမက ညီမငယ်ဝင်ထိုင်
ရန်ကားတံခါးဖွင့်ပေးပြီး သေချာပြန်ပိတ်ကာ ကားမောင်းသူနေရာကိုသူမဝင်ထိုင်ပြီး ထွက်သွားလေသည်။

ကြည့်ရတာ ညီမကိုသဲသဲလှုပ်နေတဲ့အစ်မဘဲ.....။ ကောင်မလေးရေ နင့်ကိုတော့မနာလိုဘူး...ဘယ်လောက်ဘဲ ညီအစ်မဖြစ်နေပါစေ....။

အေးလေ....အစ်မကိုချစ်ရင် ညီမကိုပိုင်အောင်လုပ်ရ
မှာပေါ့....မခက်ခဲပါဘူး.. ..။

She Is My Girlfriend's Sister[COMPLETE] Nơi câu chuyện tồn tại. Hãy khám phá bây giờ