ဇာတ်လမ်း_၅(Unicode)

1.3K 100 0
                                    

နေရောင်အနည်းငယ်ဝင်နေသော ပြတင်းပေါက်မှလိုက်ကာအား ဆွဲကာအပြည့်ပိတ်လိုက်ပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မိန်းကလေး
၏ဆံနွယ်တွေကိုသပ်တင်ပေးလိုက်သည်။

ထိုမိန်းကလေးအား သူမလွန်ခဲ့သည့်လေးနှစ်လောက်ကတည်းကအရိပ်တကြည့်ကြည့်နဲ့
ချစ်လာခဲ့တာ....။

မိန်းကလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုချစ်တာဟာ သဘာဝနဲ့ဆန့်ကျင်ဖက်
ဖြစ်ပေမဲ့လို့ ...။

၃ယောက်သားအရက်သာက်တုန်းက လေးညို့
မေးခဲ့သည့်မေးခွန်းတစ်ခုကိုအမှတ်ရမိသည်..။

'ရည်းစားမထားဘူးလား...??'လို့ လေးညို့က
မေးပေမဲ့ အဖြေကိုတော့ သူမသည်လည်း
စိတ်ဝင်စားတာကြောင့် နားထောင်ဖြစ်သည်။

'ရည်းစားဟုတ်လား...အဲရည်းစားက ကိုကိုလောက်ငါ့ကိုချစ်ပေးနိုင်မှာမို့လို့လား...ငါ့မှာအားလုံးထက်ချစ်
ပေးနိုင်တဲ့အစ်မတစ်ယောက်ရှိတယ်လေ'....တဲ့..။

မှော်ပြောတာမှန်နေသည်ကို....။

ငယ် ဟုတစ်ခါခေါ်လိုက်တိုင်း ပိုတိုးလာတဲ့
အချစ်တွေကိုမြိုသိပ်ကာ နေလာခဲ့တာကြာပေါ့။

အများအမြင် ငယ့်ရဲ့အမြင်မှာ ကိုယ်ဟာ
စီနီယာတစ်ယောက် အစ်မတစ်ယောက်အဖြစ်က
မပို။

ငယ့်ကို နွေကိုကိုလောက်ဂရုမစိုက်ပေးနိုင်
မဖြည့်ဆည်းပေးနိုင်တောင် နွေကိုကိုထက်မလျှော့တဲ့ချစ်ခြင်းတွေတော့ သူမတွင်ရှိပြီးသား။

'အားနာမိတယ်...ငယ်....ပုံမှန်ထက်ပိုမိတဲ့
သံယောဇဉ်ကြောင့်ရော ငယ့်ကိုယ့်အပေါ်
စိတ်ရင်းမှန်နဲ့နေပြတဲ့အချိန်တွေတိုင်းရော
အားနာမိတယ်.... ကိုယ်မှမရိုးသားတာနော်...
တောင်းပန်ပါတယ်...ငယ်.....'

ခပ်တိုးတိုးရေရွတ်ကာ ဆံနွယ်တွေဝဲကျနေသော
နဖူးပြေပြေလေးအား ခပ်ဖွဖွတစ်ချက်နမ်းကာ
ထလိုက်သည်။

She Is My Girlfriend's Sister

ယနေ့မနက်ခင်းသည် ပုံမှန်နေ့တွေလိုမဟုတ်။
ပြတင်းပေါက်မှနေရောင်ခြည်နွေးနွေးရယ်
Bedside ပေါ်က Photo Stand လေးရယ်
ပုံမှန်မဟုတ်တာက သူမ လှုပ်မရခြင်းပင်...။

She Is My Girlfriend's Sister[COMPLETE] Donde viven las historias. Descúbrelo ahora