ဇာတ်လမ်း_၃(Unicode)

1.4K 110 0
                                    

'မှော်နွယ်ဝင်....နောက်နှစ်ပတ်လောက်မှာ
ကိုးရီးယားမှာ ကျောင်းသွားတက်မယ်လို့
သတင်းရထားတယ်....နွေကိုကိုက သူ့ညီမကို
လုံးဝအထိခံတာမဟုတ်ဘူးတဲ့နော်.....'

'ဒါတော့ ငါသိတယ်....မျက်မြင်တွေ့ခဲ့ရလို့...'

'မှော်ရဲ့အသက်က ၁၉ဘဲရှိသေးတယ်...
အစ်မအားကိုးနဲ့အရမ်းဆိုးတဲ့ကောင်မလေး
ပေါ့......'

'ကျေးဇူးဘဲ....မင်းဆက်....
ငါနောက်နှစ်ပတ်လောက်နေရင် ကိုးရီးယား
သွားမယ်.....'

'ဟင်!??မင်းသဘောကျနေတာ နွေကိုကို
ဆိုဘာလို့ ကိုးရီးယားသွားမှာလဲ...?'

'ငါ့မှာအကြံရှိပါတယ်......'

'ညို့.....သူက အရမ်းချစ်စရာကောင်းတယ်နော်...ငါတော့ကြွေသွားပြီထင်တယ်....အလွယ်တကူမရတဲ့ ပုံစံမျိုးမှစိတ်ဝင်စားစရာကောင်းတယ်လေ.......'

'ကြွေချင်သလောက်သာကြွေ....နွေကိုကို
တော့လာမထိနဲ့...လုံးဝဘဲ......'

သူမစကားကြောင့် မင်းဆက်က သဘောတကျရီလေသည်။ မတက်နိုင်....
ခုမဆိုင်ပေမဲ့နောင်ဆိုင်လာမှာဘဲကို ခုကတည်း
ကအူတိုတယ်....။

'ဟယ်လို.....'

ဖုန်းနှစ်ခေါက်ဝင်ပြီးနောက် တစ်ဖက်မှအသံ
ချိုချိုတစ်ခုထွက်ပေါ်လာလေသည်....။

'ငါပါ....လေးညို့....'

'အင်း...ထူးထူးဆန်းဆန်းပါလား.....
ဘာကိစ္စလဲ...မိန်းမ....'

'ငါ နင့်ဆီလာမလို့လေ....အိမ်မက်...'

'ဟင်??တကယ်...!?နေပါအုံး
အရင်ခေါ်တုန်းကတော့ မလာဘဲ
ခုရုတ်တရက်ကြီး ဆိုလ်းကိုလာချင်တယ်
ပေါ့လေ.....မိန်းမ မရိုးသားဘူး.....'

အတွင်းသိအစင်းသိဖြစ်သော သူငယ်ချင်းများ
ကို သူမလိမ်၍မရပါ...။

'အင်း...ကိစ္စရှိလို့...လူတစ်ယောက်နဲ့
ရင်းနှီးချင်လို့လေ.....'

'ဟာ....ပြောစမ်းပါအုံး ခုချိန်ထိ
ဘယ်သူနဲ့မှမတွဲတဲ့နင်က ရင်းနှီးချင်တဲ့သူ
ရှိတယ်ပေါ့လေ.....ဟန်းဂုလူမျိုးဘဲလား...?'

'နောက်ပြောပြမယ်လေ...ခုကပြည်ပဖုန်းခေါ်
ဆိုမှုဆိုတော့ ဘေကုန်တယ်.....'

She Is My Girlfriend's Sister[COMPLETE] Nơi câu chuyện tồn tại. Hãy khám phá bây giờ