ဇာတ်​လမ်း_၎

3.7K 237 22
                                    

ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​....

ပြည်​တွင်း ပြည်​ပသွားမဲ့ခရီးသည်​​တွေ​ရော
ရန်​ကုန်​သို့​ရောက်​ရှိမဲ့ခရီးသည်​​တွေ​ရော
အများအပြား.....။

ကိုးရီးယားမှဆိုက်​ကပ်​မည့်​​အချိန်​နီး​နေပြီဖြစ်​သဖြင့်​ ​နွေကိုကို​တစ်​​ယောက်​ ထိုင်​ရမလိုထရမလို
ဖြစ်​​နေ​လေသည်​။

Korea ၌ပညာ​တော်​သင်​သွားသည့်​ ညီမငယ်
မှော်​သည်​ ​ရေ​မြေခြားတွင်​ ၄နှစ်​တာမျှပညာသင်
ယူပြီး​နောက်​ ယ​နေ့တွင်​မိခင်​​မြေကိုပြန်​​ရောက်
လာ​တော့မည်​ဖြစ်​သည်​.....။

ခဏအကြာဝင်​​ပေါက်​မှထွက်​လာ​သော မိန်းက​လေးအား​တွေ့သည်​နှင့်​ ......

'baby...ကိုကိုဒီမှာ.....'

Luggage ကိုဆွဲကာ သူမဆီ​ပြေးလာ​သော
မှော်​​လေးက ၄နှစ်​တာကာလအတွင်း ​အ​တော်​ပင်
အရွယ်​​ရောက်​လာ​ချေပြီ.....။

Pencil Heel အညို​ဖျော့ကိုစီးထားကာနှင့်​ ​လေသာအင်္ကျီလက်​ရှည်​နှင့်​​ပေါင်​လယ်​​လောက်​ရှိ​သော ​ဘောင်းဘီတိုအားတွဲဝတ်​ထားသည်​။

မှော်​​လေးသည်​ အရင်​ကထက်​ ပိုလှလာသည်​။

'အာ....ကိုကို မိတ်​ဆက်​​ပေးရအုံးမယ်​.. ..
ဒီမမက အိမ်​မက်​​နေတဲ့....​ကျောင်းကစီနီယာ
..... သူက​တော့ ငါနဲ့ တစ်​တန်းထဲတက်​ခဲ့တဲ့
သူငယ်​ချင်း ​လေးညို့ရှင်​.. ..'

'ဟုတ်​ကဲ့...​တွေ့ရတာဝမ်းသာပါတယ်​.. ..
နွေကိုကိုပါ....babyရဲ့အစ်​မပါ....'

'​လော​လောဆယ်​ ​လေးညို့တို့က babyတို့
အိမ်​မှာ​နေလိမ့်​မယ်​......'

'ဟာ...မဟုတ်​တာ...ငယ်​ရဲ့....မမတို့
သူငယ်​ချင်းအိမ်​မှာ​နေလိုက်​မယ်​....'

'မမကလည်း....ငယ်​တို့အိမ်​မှာ​နေပါ...
အဆင်​​ပြေတယ်​လို့​ပြောလိုက်​​လေ ..ကိုကိုရဲ့...'

'ဟုတ်​သားဘဲ...အဆင်​​ပြေပါတယ်​....
ငယ့်​သူငယ်​ချင်း​တွေဘဲ....'

လေဆိအ်​မှာ​တွေ့ကတည်းက​နေ ကား​ပေါ်မှာ
ရော အိမ်​​ရောက်​သည်​ထိ စကားတစ်​ခွန်းမျှပင်
ဝင်​မ​ပြော​သော baby သူငယ်​ချင်း ​လေးညို့ရှင်
အား သူမအကဲခတ်​မိသည်​...။

She Is My Girlfriend's Sister[COMPLETE] Hikayelerin yaşadığı yer. Şimdi keşfedin