တစ်နေ့တာရဲ့ မနက်ခင်းကို ရောက်လာပြီမို့ နိုးထမှုကို စတင်ပြုလုပ်ရတော့တယ်။
Pete
မနက်နိုးထလိုက်တာနဲ့ ခေါင်းထဲရောက်လာတာက မနေ့ညက ရှက်စရာ အဖြစ်အပျက်ကို ။ Sofa ကို အသာအယာ ကြည့်လိုက်တော့ သူမရှိနေတော့။ မျက်နှာ သစ်ဖို့ သွားလိုက်တော့ လှမ်းတွေ့ရတာက Sofa ပေါ်က စာတစ်စောင် ။ ကောက်ယူပြီး ဖတ်လိုက်တော့
#မနေ့ညကအတွက် ကျေးဇူးတင်ပါတယ်။ မင်းရှက်နေမှာ စိုးလို့ မနက်စောစော ပြန်သွားလိုက်တာပါ ။ တစ်နေ့ ပြန်ဆုံကြမယ်နော်#
စာဖတ်ပြီး တစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုခံစားရတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ဒေါသက ထွက်လာတယ်။ ဒေါသမထွက်ဘဲ နေမလား စဉ်းစားကြည့်လေ သူရေးသွားတဲ့ ပုံစံက မသိရင် ညက ၂ ယောက် လွန်သွား သလိုလို ဘာလိုလိုနဲ့ စာရေးတာတောင် အနှောင့်အသွား မလွတ်ဘူး ဘယ်လိုလူမှန်းကို မသိဘူး။
စာကို ပြန်ပစ်တင်လိုက်ပြီး မျက်နှာသစ် ရေမိုးချိုးပြီး ကျောင်းကို ထွက်လာလိုက်တယ်။ မနက်စာ မစားရသေးတာမို့ ကန်တင်းကိုပဲ တန်းသွားလိုက်တယ်။ ကွေ့သယို တစ်ပွဲမှာပြီး ထိုင်စားနေတုန်း Can တစ်ယောက် စူပုတ်ပြီးရှေ့မှာလာထိုင်တယ်။ ကိုယ် ဒေါသ ထွက်နေတာတောင် ဘယ်ရောက်သွားတယ် မသိ။
“Can မျက်နှာက ၈ ခေါက်ချိုးနဲ့ ဘယ်လို ဖြစ်လာတာလဲ မင်းဟာရော”
“သူအကြောင်းလာမပြောနဲ့”
“အောင်း ဘာဖြစ်ရပြန်တာလဲ ခါတိုင်းကျ ကိုတွေ ကလေးတွေနဲ့”
“မင်းစဉ်းစားလေ မနေ့က အိမ်အပြန် လမ်းမှာ သဘောင်္သီးထောင်းစားချင်တာကို မစားရဘူးတဲ့ ဗိုက်အောင့်လိမ့်မယ်တဲ့ ရေခဲမုန့် ဝယ်ကျွေးခိုင်းပြန်တော့လဲ ချောင်းဆိုးမယ်တဲ့ အဲ့တာနဲ့ ငါလည်း တစ်ခုခုတော့ကျွေး ဗိုက်ဆာနေပြီ ပြောတာကို သူ့ကို ခွင့်ပြုရင် ဝယ်ကျွေးမယ်တဲ့”
“ဘာကို ခွင့်ပြုရမှာလဲ”
“ဟာ မင်းကလဲ အ နေပြန်ပြီ ဟိုဟာလေကွာ”
“အား သိပြီ သိပြီ ဆက်ပြောပါဦး”
“သိပြန်တော့လည်း ချက်ချင်း …အဲ့ဒါ ငါက ခွင့်ပြုပေးတာကို တစ်ညလုံး မပြီးနိုင်တော့ဘူးလေ ငါလည်း ပင်ပန်းလာတာနဲ့ အိပ်ပျော်သွားတယ် မနက်မိုးလင်းလာတော့ သူမရှိတော့ဘူး ခဏကြာတော့ message ဝင်လာတယ်။ သူ မနေ့ညက ကျေးဇူးတင်တာမို့ ငါစားချင်တာတွေ လိုက်ပတ်ဝယ်နေတယ် ခဏစောင့်ပါတဲ့”
Can ပြောမှ ဟိုလူကြီးရဲ့ စာကို သတိရလာတယ်။
“ဟေ့ကောင် Pete ငါပြောတာရော နားထောင်နေရဲ့လား မင်းနေမကောင်းဘူးလား မျက်နှာတွေလဲ ရဲနေတယ်”
“ကောင်းပါတယ် ကွေ့သယိုက နည်းနည်း စပ်လို့”
“အော် … ဒါနဲ့ မနေ့ညကရော ဘာတွေ ထပ်ဖြစ်သေးလဲ”
“ဘာကိုလဲ ဘာဖြစ်ရမှာလဲ”
“အောင်း ဖြေးဖြေးပြောပါကွာ ဟိုနေ့ညကလို ထပ်ဖြစ်သေးလားလို့ မေးတာ”
“အာ အဲ့ဒါလား မနေ့ညကတော့ ဘာမှ မဖြစ်ဘူး”
“တော်သေးတာပေါ့ တစ်ခုခု ထပ်ဖြစ်ရင် ငါ့ကို သေချာပြောပြရမယ်နော်”
“အင်းပါ”
မနေ့ညက ဟိုလူလာအိပ်တာကိုတော့ can ကို မပြောပြတော့ဘူး ပြောပြရင်လဲ ဟို ရှက်စရာ ကိစ္စကြီးပါ ပါလာဦးမှာလေ။ ပြီးတော့ သတိထားမိတာက ဟိုလူလာအိပ်လို့လားမသိဘူး မနေ့ညက ထူးခြားဖြစ်ရပ်တွေ ဘာမှ ဖြစ်မလာဘူး။
Ae
ကျွန်တော် အိမ်တော်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဟိုမှာလဲ ဦးလေး Chan တစ်ယောက်တည်း ပြီးတော့ ကျွန်တော် ကျိန်စာ ဖျယ်ပေးမယ့်သူလဲ ရှာရဦးမယ်လေ။ ထပ်ထွက်မလာနိုင်မှာ စိုးရိမ်ပေမယ့် ကောင်လေးနဲ့လဲ ထပ်နေလို့ မဖြစ်တော့ဘူး ထပ်နေဖို့ အကြောင်းပြချက်လဲ မပေးတတ်တော့ဘူး။ ဆက်နေရင် မထိန်းနိုင် မသိမ်းနိုင်တွေ ဖြစ်တော့မှာကို ကြိုသိတယ်။ ကျွန်တော် စာလေးတစ်စောင်ကို ဖန်တီးပြီး Sofa ပေါ်တင်လိုက်တယ်။ ပြီးတော့ ကောင်လေးရဲ့ နှုတ်ခမ်းကို နူးညံ့စွာ တစ်ချက်နမ်းပြီး အိမ်တော်ကို ပြန်လာခဲ့တယ်။
အိမ်တော်ရောက်တော့
“မင်းသားလေး ပြန်လာတယ်”
“ဟုတ်တယ် ဦးကြီး”
“ဘယ်လိုအပြင် ထွက်လို့ ရသွားတာလဲ”
“ကျွန်တော်လည်း မသိဘူးဗျ ဦးကြီး သိတယ်မလား ဟိုတစ်ခါ ဆေးရည်သောက်ပြီး ဘာမှ မဖြစ်တဲ့ကောင်လေးလေ”
“ဦးကြီး မှတ်မိပါတယ် ဖြူနုနုလေးမို့ ပို မှတ်မိတာ”
“သူ့နောက်က လိုက်သွားတာ ဘယ်လို အပြင်ရောက်လို့ ရောက်သွားမှန်းကို မသိဘူး”
“ဟေ ဒါဆို ကောင်လေးက မင်းဘဝကို ကျွတ်လွတ်အောင် လုပ်ပေးနိုင်မယ့် ကောင်းလေးထင်တယ်”
“မသိပါဘူး ဦးကြီးရာ”
“ဘာတွေ ဖြစ်လာလို့လဲ မင်းသားလေးရဲ့”
“ကျွန်တော် သူ့ကို… သူ့ကို…ကျူးလွန်လိုက်မိတယ်”
“ဘယ်လို! မင်းသားလေး ကောင်လေးက လူသားနော်”
“ကျွန်တော် သိပါတယ် ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ ထိန်းချုပ်လို့ကို မရခဲ့တာ”
“ကောင်လေးကရော ဘာတွေပြောသေးလဲ”
“သူ မသိဘူး ဦးကြီး သူ့ကို စိတ်ညှို့လိုက်ပြီး မေ့သွားမှ ကျွန်တော် သိမ်းပိုက်လိုက်တာ”
“သူ သတိရလာတော့ရော”
“ကျွန်တော် ကိုယ်ထင် မပြတာကြောင့် သူ့ကို သူ ဘာဖြစ်မှန်း မသိဘူး သူက ယောက်ျားလေးတစ်ယောက်မှန်း သိပေမယ့် ဘာလို ကျွန်တော့် အပိုင်ဖြစ်ချင်မှန်း ကျွန်တော်ကို ကျွန်တော်လည်း မသိဘူး ဦးကြီးရယ်”
“မင်းသားလေးက အချစ်ကို ခုမှ စတွေ့တာကို ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လဲ”
“ဦးကြီးစိုးရိမ်တာက မင်းသားလေးတို့က ဘဝခြားနေတော့”
“ကျွန်တော် သိပါတယ် ဒါပေမယ့် ကျွန်တော် သူ့ကို ပိုင်ရမှ ဖြစ်မယ် မဟုတ်ရင် ကျွန်တော် ဒီဘဝကို ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး”
“နည်းလမ်းရှာကြတာပေါ့”
“ကျွန်တော် နားလိုက်ဦးမယ် ဦးကြီး”
Pete
အတန်းချိန်တွေ ပြီးသွားလို့ အိမ်ပြန်လာခဲ့တယ်။ မနေ့ကတော့ ဟိုလူ ရှိနေတာကြောင့် တစ်နေ့က ကိစ္စကို မေ့နေပေမယ့် ခုတော့ အရင်လို တစ်အိမ်လုံး ကိုယ် တစ်ယောက်တည်းရယ်မို့ တနေ့က ကိစ္စကို ပြန်သတိရလာတယ်။ ဘယ်လောက်ဘဲ အဖြေ ရှာရှာ မတွေ့ဘူး ။ ရှာလေ မွန်းကျပ်လာလေဘဲ။
ဒီလိုနဲ့ နေ့ရက်တွေကို ဖြတ်သန်းလာတာ ၁၀ ရက်ဆိုတဲ့ အတိုင်းအတာကို ကုန်လာခဲ့တယ်။
၁၀ ရက်ဆိုတာသာ ကုန်သွားတယ် ကျွန်တော့်ကို စော်ကားသွားသူကို ရှာမတွေ့ ။ စော်ကားခံရတယ်ဆိုတာ ကိုယ်နာလို့သာ သိတယ်။ ဘာကြီးက ဘာလုပ်သွားမှန်း မသိ CCTV က ပုံကြောင့်သာ အဲ့လိုဆိုတာ သိတာ။ မွန်းကျပ်နေတဲ့ စိတ်တွေဖြေဖို့ လမ်းလျှောက်ထွက်လာခဲ့တယ်။ လမ်းလျှောက်ထွက်လာပြန်တော့လည်ဦးတည်မိတာက Patanan ကို။ ဟိုတစ်ခါကိစ္စကြောင့် နည်းနည်း လန့်နေပေမယ့် Ae ကို တွေ့ဖူးချင်တဲ့ စိတ်က ဘယ်လိုမှ ထိန်းမရ ။ နောက်ဆုံး အားတင်းပြီး စံအိမ်ထဲကို ဝင်သွားလိုက်တယ်။ ဘယ်ကိုမှ မကြည့်ဘဲ Ae အခန်းလို့ ထင်တဲ့ အခန်းထဲကိုဘဲ တန်းတန်းသွားလိုက်တယ်။
ကုတင်ပေါ်မှာ ထိုင်ရင်း စကားတွေပြောလိုက်တယ်။
“Ae ဒီအခန်းထဲမှာ ရှိလားဟင် ကျွန်တော်ကို ပြပါလားဟင် ကျွန်တော် Ae ကို တွေ့ဖူးချင်တယ် ကျွန်တော်လေ ဘာလို့လဲ မသိဘူး Ae ကို တွေ့ဖူးချင်တယ် Ae နဲ့ ခင်ချင်တယ် Ae အကြောင်းတွေလည်း တစ်ချို့တစ်ဝက်လည်း သိထားပါတယ် ဒါပေမယ့် Ae ကိုယ်တိုင်ပြောပြတာကို နားထောင်ချင်တယ် ဒီလိုတောင်းဆို သင့်လား မသင့်လား မသိပေမယ့် ရလို ရငြားဆိုပြီး တောင်းဆိုတာပါ Ae ကို ကျွန်တော် မကြောက်ပါဘူး Ae ဖြစ်နိုင်ရင် ကျွန်တော့်ကို ကိုယ်ထင်ပြပါနော်”
Ae
ကျွန်တော် စံအိမ်ကို ပြန်ရောက်ပြီးတော့ ပြန်ထွက်ခဲ့တယ် ပြန်ထွက်လို့ မရဘူး ။ဘယ်လို ထွက်ထွက် ထွက်မရဘူး။ ဒီလိုနဲ့ဘဲ နောက်တစ်ကြိမ် ဒီအိမ်ကြီးမှာ ထပ်ချုပ်နှောင်ခံရပြီလေ။ တစ်နေ့နဲ့ တစ်နေ့လဲ ကောင်လေးကို တွေ့ချင်လာတယ်။ ခုဆို ၁၀ ရက်တောင်ရှိပြီ ကောင်လေးကို တွေ့ချင်လွန်းလို့ အရူးတစ်ပိုင်းဖြစ်တော့မယ်။
တံခါးဖွင့်သံကြားလို့ ကြည့်လိုက်တာ ကျွန်တော် အရမ်းတွေ့ချင်လွန်းတဲ့ကောင်လေး-
‘မင်း လာလို့ ငါ အရမ်းဝမ်းသာတာဘဲ’
ပြေးဖက်လိုက်ပေမယ့် ဘယ်လိုမှ ဖက်လို့မရ သူ့နားကပ်ရတာ အရမ်း ပူတယ်။ သူစကားပြောနေတယ် ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ဘာပြောနေမှန်း ကျွန်တော် မကြားရတာ။ ကျွန်တော် သူ့ကို အော်ခေါ်နေပေမယ့် သူလုံးဝမကြား။ ဘာလို့လဲ ဘာလို့ ဒီလို ဖြစ်နေတာလဲ။
Pete
စကားတွေပြောနေပေမယ့် ဘာအသံ ဘာအရိပ်အယောင်မှ မတွေ့ရတာကြောင့် လက်လျော့ပြီး အိမ်ပြန်လာခဲ့တယ်။ ဘာလို့မှန်းမသိ ဝမ်းနည်းသလို ခံစားချက်က ရင်ထဲမှာ အပြည့် ။ အိမ်ပြန်လာပြီး ကုတင်ပေါ် ပစ်လှဲပြီး အိပ်ပလိုက်တယ်။ ခေါင်းထဲ ဘာမှန်းမသိတဲ့ အရာတွေကို ရှင်းထုတ်လိုက်ချင်လို့ပါ။
အိမ်မက်တစ်ခုကို မက်တယ် ။ လူတစ်ယောက် ကျွန်တော်ကို ကြည့်နေတာ ။ သူ့မျက်ဝန်းက အရမ်းကို လွမ်းမောနေတဲ့ ပုံစံမျိုး ။ မျက်နှာကို သေသေချာချာ မမြင်ရပေမယ့် လွမ်းဆွတ်မှုပြည့်နေတဲ့ မျက်လုံးကိုတော့ ထင်ထင်ရှားရှားတွေ့ရတယ်။ ကျွန်တော်လန့်နိုးလာတယ်။
‘ဘယ်လိုကြီးလဲ သူက ဘယ်သူလဲ သူ့မျက်လုံးက ဘာကို လွမ်းနေတာလဲ ငါကရော ဘာလို့ လွမ်းသလို ခံစားချက်ကြီး ဖြစ်နေရတာလဲ ဘာတွေလဲကွာ ဘာလို့ ငါ့မှာမှ လာဖြစ်နေတာလဲ’
ရုတ်တရက် အခန်းတံခါးက ဒုန်းကတည်း မြည်အောင် ပွင့်သွားတယ်။ လှမ်းကြည့်ပေမယ့် ဘယ်သူမှ မရှိ လေတိုက်လို့ ပွင့်တယ်ဆိုရအောင် လေလည်းမတိုက်။
အခန်းပြင်ထွက်စစ်ချင်ပေမယ့် ကြောက်သလို ခံစားရတာကြောင့် ခေါင်းမူးခြုံပြီး ပြန်အိပ်လိုက်တယ်။ ဒါပေမယ့် အိပ်လို့မရ တံခါးဆီဘဲ စိတ်က ရောက်နေတယ်။
နောက် မနေနိုင်တဲ့ အဆုံး အခန်းအပြင်ဘက် ထွက်ကြည့်လိုက်တယ်။ ဘယ်သူမှ မရှိ။ အခန်းထဲပြန်ဝင်မလို လုပ်မှ ခြေထောက်က စေးကပ်ကပ်အရာတစ်ခုကို နင်းလိုက်မိတယ်။ ငုံကြည့်လိုက်တော့…
see u next part
ဒီအပိုင်းလေးတွေမှာ Ae နဲ့ Pete နည်းနည်းခွဲထားတယ်နော်။ စိတ်မဆိုးကြနဲ့နော် ဇာတ်လှအောင်ပါနော်။ နည်းနည်းလည်း ကြောက်စရာလေးတွေပါလာမယ်နော်။ Horror ဇာတ်ဆိုတော့လေ။
Ae က Pete ကို ဘာလို့ ခေါ်မရတာလဲ ။ Pete နင်းမိတာကရော ဘာလဲ။
YOU ARE READING
Spirit lover(ဝိညာဥ်ချစ်သူ)(Complete)
HorrorPete...ဘာလို့လဲမသိဘူး မနက်မိုးလင်းရင် နှုတ်ခမ်းတွေနာပြီး လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ အနီကွက်တွေဖြစ်နေတယ် Ae...ဘဝခြားနေပေမယ့် မင်းကို ရယူချင်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုခွင့်များ ရနိုင်မလား Pete...ဘာလို့လဲမသိဘူး မနက်မိုးလင်းရင် နှုတ်ခမ်းေ...