ခေါင်းတွေကိုက်နေပေမယ့် မနက်ရောက်နေပြီမို့ မျက်လုံး မဖွင့်ချင်ဘဲ ဖွင့်လိုက်တယ်။ ခေါင်းတွေက တော်တော်ကို ကိုက်နေတာ ။
“နိုးပြီလား pete”
“ဟင် ခင်ဗျား … ဘယ်လို ရောက်လာပြန်တာလဲ”
“မနက်စာလေး စားလိုက်ဦး နွားနို့နဲ့ ပေါင်မုန့် လုပ်လာပေးတယ် ကြိုက်မကြိုက်တော့ မသိဘူး ပြီးတော့ ငါ သူများကို လုပ်ပေးတာ ဒါပထမဆုံးပဲ”
“ခင်ဗျားစကားတွေ တစ်လုံးမှ ကျွန်တော် နားမလည်ဘူး”
“နားမလည်လဲ နောက်မှ နားလည်အောင် လုပ်တော့ ခုတော့ ထပြီး မနက်စာ စားလိုက်”
သူအတင်းစားခိုင်းနေတာနဲ့ ထမလို့ လုပ်တော့မှ ကိုယ်ကိုယ်ကို သတိထားမိတာက အပေါ်ပိုင်းအင်္ကျီ မဝတ်ထားတာကို စောင်အောက်လှန်ကြည့်လိုက်တော့ အနေအထားမပျက် ဘောင်းဘီ ရှိသေးတာမို့ တော်သေးသည်ဟု ဆိုရမည်။ ဒါပေမယ့် ဘာလို့ အင်္ကျီက ချွတ်ထားတာလဲ ။ ငါ့ဘာငါ ချွတ်တာလား ။ဒါမှမဟုတ်…
“ကိုယ်ဘာကိုယ် မမြင်ဖူးလို့ အဲ့လောက်ငုံကြည့်နေတာလား”
အတွေးတွေ လွန်နေတုန်း သူပြောလိုက်လို့ ကုတင်ပေါ်က ကုန်းထပြီး ဘေးခုံမှာ တင်နေတဲ့ အင်္ကျီကို ကောက်ဝတ်ပြီး Sofa မှာ ထိုင်ကာ သူလုပ်ပေးတဲ့ မနက်စာကို စားဖို့ထိုင်လိုက်တယ်။
“မျက်နှာသစ်ဦးလေ ဘာလဲ ကို သစ်ပေးရမှာလား”
“သိပါတယ် လူက နုန်းနေလို့ ခဏထိုင်နေတာ ဘယ်သူက မျက်နှာမသစ်ဘဲ မနက်စာ စားလို့လဲ”
“မပြောတတ်ဘူးလေ ညစ်ပတ်အိုးလေး များလားလို့”
အဲ့လိုပြောလိုက်တော့လည်း ပစ်လိုက်တဲ့ မျက်စောင်းက ဒိုင်းကနဲ။
Pete မျက်နှာသစ်ပြီး ပြန်ထွက်လာတယ်။ သူကတော့ ကျွန်တော့်ကို ထိုင်စောင့်နေတယ်။ ကျွန်တော်လည်း ဘေးမှာထိုင်ပြီး သူပြင်ထားပေးတဲ့ မနက်စာကို ထိုင်စားလိုက်တယ်။
“မင်း မသိဘဲ မင်းကို သိမ်းပိုက်မိတဲ့ အတွက် ကို တောင်းပန်ပါတယ်”
“အဟွတ်… ခင်ဗျား…အဟွတ် … ဘာပြောလိုက်တယ်”
“သည်းကုန်ပြီး ရရဲ့လား pete”
“ရတယ် ကိစ္စမရှိဘူး ခင်ဗျား စောစောက ဘာပြောလိုက်တယ်”
“မနေ့က မင်းကို နမ်းလိုက်မိတဲ့ အတွက်ပါ”
“ဒါဆို မနေ့က အိမ်မက် မဟုတ်ဘူးပေါ့”
“ကို့ကို မြင်နေရတာတောင် အိမ်မက်ထင်နေတုန်းဘဲလား”
“ကျွန်တော်ဘာလို့ မေ့လဲသွားရတာလဲ”
“ကို့အနမ်းကို မခံနိုင်လို့နေမှာပါ”
pete တစ်ယောက် ပါးတွေကို ရဲတက်နေပြီ။ ချွေးတွေလည်း ပြန်လာတယ်။ ရှက်နေပေမယ့်လဲ မေးစရာရှိတာတော့ ဆက်မေးရမယ်လေ။ ပြောပြနိုင်တာလဲ သူတစ်ယောက်ဘဲ ရှိတယ်မလား။
“ဒါဆို ကျွန်တော် အင်္ကျီကိုရော ခင်ဗျားချွတ်တာလား”
“ဟင့်အင်း”
“………”
“မင်းဘာမင်း ချွတ်တာလေ”
“ဟာ ကျွန်တော် ညအိပ်ရင် အဲ့လို ယောင်တတ်တဲ့ အကျင့် မရှိပါဘူး ခင်ဗျား မညာနဲ့နော်”
“မညာပါဘူး မင်းဘာမင်း ပူတယ်လို့ပြောပြီး ထချွတ်တာ စားစရာရှိတာ စားပါ ကျောင်းသွားရမယ်မလား”
သူ ဆက်မေးလာမှာဆိုးလို့ စကားကို ပိတ်ပလိုက်တယ်။ တကယ်လည်း မနေ့ညက သူ့ဘာသူ အင်္ကျီကို ချွတ်တာပါ။ ကျွန်တော် သူ့ကို မညာပါဘူး ။ အကြောင်းအရင်းကိုဘဲ မပြောလိုက်တာပါ။
တကယ်က သူ အင်္ကျီကို ချွတ်လိုက်တယ်ဆိုတာ ကျွန်တော် သူမေ့လဲပြီး အချိန်အတိုင်းအတာ တစ်ခုထိ သူ့ကို ဆက်နမ်းနေမိသေးတယ်။ နမ်းရင်နဲ့ကို ကုတင်ပေါ်တင်ပေးလိုက်တယ်။ သူ့ပါးစပ်ထဲ နစ်နဲစွာ နမ်းမိတဲ့ အထိကို နမ်းလိုက်တာ ။ အဲ့ဒါကြောင့်လဲ ကျွန်တော့ အားတွေ သူ့ကိုယ်ထဲ ဝင်ပြီး ပူလောင်မှုကို သူခံစားလိုက်ရတာပါ။ အဲ့တော့မှ သူ့ဆီက ကျွန်တော် ခွာလိုက်တယ်။ ကျွန်တော် ရှေ့ဆက်ချင်ပေမယ့် သူ့ကို မခံစားစေချင်တာကြောင့် စိတ်ကို ချုပ်ထိန်းလိုက်တယ်။
pete‘~~
သူနဲ့ ဆက်မငြင်းနေတော့ဘဲ စားစရာရှိတာ စားပြီး ကျောင်းကို ထွက်ခဲ့လိုက်တယ်။ တကယ်ဆို သူ့ကို နှင်ထုတ်ဖို့ မနေ့က သူကျွန်တော့်ကို နမ်းကတည်းက စဉ်းစားထားတာ ။ မေ့လဲသွားတာရော မနက်ရောက်တော့ ပြောမထွက်တာရောကြောင့် ဘာမှ မပြောဘဲ ကျောင်းကို ထွက်လာခဲ့တယ်။ နောက်ကနေ လူတစ်ယောက်က ပုခုံးကို လှမ်းကိုင်လို့ နောက်လှည့်ကြည့်လိုက်တော့ ဟိုတစ်နေ့က center မှာ ဝင်တိုက်မိတဲ့ သူ။
“ဘာကိစ္စရှိလို့လဲ”
“sorry နော် လူမှားသွားလို့”
“ရပါတယ် ဒါနဲ့ ခင်ဗျားမပူဘူးလား”
“ဘာကိုလဲ”
“အဲ့လိုကြီး ဝတ်ထားလို့လေ”
“ငါအဲ့လို မဝတ်ထားရင် မင်းငါ့ကို မြင်ပြီး မေ့လဲ သွားလိမ့်မယ်”
“ဘာလို့လဲ”
“ငါ့မျက်နှာက ငါ့မိသားစုကြောင့် ပျက်စီးထားတာကြောင့်လေ”
“ပျက်စီးသွားတယ်”
“အင်း စောစောကလည်း ငါ့ညီထင်လို့ မင်းကို မှားခေါ်မိတာပါ အိမ်ပြန်မလာတာ ၂ရက်လောက်ရှိပြီမို့ ကျောင်းမှာလာရှာတာ”
“အစ်ကို့ညီက ဘယ်သူလဲ ဘယ်မေဂျာကလဲ”
“မသိပါဘူးကွယ် ငါ့လို အစ်ကိုရှိနေလို့ ရှက်တယ်ဆိုပြီး ငါ့ကို မခေါ်မပြောတာ ဒီမျက်နှာ စဖြစ်ပြီးကတည်းက ခုချိန်ထိဆိုပါတော့”
“ကျွန်တော်သာ သူ့နေရာဆို မရှက်ပါဘူး”
“အပြောမကောင်းစမ်းပါနဲ့ မင်းငါ့ကို မမြင်ဖူးသေးလို့ပါ”
“ရုပ်က အဓိက မဟုတ်ပါဘူး နှလုံးသားကသာ အဓိကပါ ကျွန်တော် အတန်းချိန်နီးနေပြီမို့ ခွင့်ပြုပါဦး”
“ကောင်းပါပြီဗျာ”
pete ထွက်သွားတာကို ကြည့်နေရင် ကောက်ကျစ်တဲ့ အပြုံးတစ်ခု ဖြစ်ထွန်းခဲ့တာကိုတော့ သူမှတစ်ပါး ဘယ်သူမှ မသိလိုက်။
ကျွန်တော် အတန်းထဲသွားတယ်။ can တို့က ရောက်နှင့်နေပြီမို့ ကျွန်တော် ပြုံးပြပြီး ကိုယ့်နေရာကို ထိုင်လိုက်တယ်။ can က ကျွန်တော့်အနားလာပြီးတော့
“မနေ့က ဟိုလူက ဘယ်သူလဲ မင်းကို လုပ်တဲ့သူလား”
“ငါမမေးရသေးဘူး”
“ဒါပေမယ့် မနေ့က သူပြောတဲ့ ပုံစံက သူလုပ်တဲ့ပုံစံပြောသွားတယ်နော်”
“ဘယ်တုန်းကလဲ”
“ငါမပြန်ခင် ငါတို့စကားပြောနေတုန်း သူ ကြားဝင်ပြောလိုက်တာလေ မင်း မကြားလိုက်ဘူးလား”
“ကြားတာက ကြားပါတယ် သေချာ မမေးရသေးတာ”
“အောင်း ငါဒီလောက် သေချာမေးလို့ ရအောင် ရှောင်ထွက်ပေးခဲ့တာတောင် မင်းက မမေးရသေးဘူးဆိုတော့ မင်းတို့နှစ်ယောက်က ဘာလုပ်နေလို့လဲ”
“ဘာမှ မလုပ်ပါဘူး ဘာလုပ်ရမှာလဲ”
“ထားပါ ဒါနဲ့ သူနာမည်က Ae ဆိုတော့”
ဆရာမဝင်လာတာကြောင့် စကားပြောစ ပြတ်သွားတယ်။ စာသင်ရင်းနဲ့မှ စဉ်းစားမိတာက
ဘာလို့ ငါ သူနဲ့တွေ့ရင် မေးမယ့်စကားတွေ ပျောက်ရှနေရတာလဲ။ သူက Ae ဆိုတော့ အိမ်ရှေ့စံလား။ အိမ်ရှေ့စံဆိုရင် သူက သူရဲလား။ သူ့စကားတွေအရ ငါ့ကို သူ … လုပ်ခဲ့တာလား။ ဟာ စိတ်ရှုပ်လိုက်တာ ပြန်ရောက်ရင်တော့ ရှင်းအောင် မေးမှ ရတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလိုမပါဘဲ သိမ်းပိုက်ခံရလို့ ဒေါသတော့ ထွက်မိတယ်။ သူဆိုရင်ရော ငါဘာဆက်လုပ်ရမလဲ။
~~~
Ae
ကျွန်တော် ကောင်လေး ထွက်သွားပြီးတော့ အိမ်တော်ကို ပြန်လာခဲ့တယ်။
“မင်းသားလေး အဖြစ်မှန်တွေ ပြောပြခဲ့ပြီလား”
“မပြောဖြစ်ခဲ့ပါဘူး ဦးကြီးရာ”
“မြန်မြန်ပြောပြလိုက်တော့လေ မင်းသားလေး ပိုင်ဆိုင်ပြီးသားဆိုတာ သူလည်းသိထားမှ မင်းသား Dam ဆီကို”
“ကျွန်တော်သိပါတယ် ဒီနေ့ပြောပြမှာပါ”
“ဟုတ့်ကဲ့ပါ မင်းသားလေး ၊ မင်းသားလေး ရေချိုးဖို့ ပြင်ထားပေးရမလား”
“ပြင်ထားလိုက်ပါ”
ရေစိမ်နေရင်း သူ့ကို ဘယ်လို ဖွင့်ပြောရမလဲ စဉ်းစားနေတယ်။ ပြီးတော့ သူ့ကို ဖွင့်မပြောခင် သွေးလိုအပ်တယ်။ ကျွန်တော် သွေးမသောက်ရတာကြာနေပြီ ။ သူ့နဲ့တွေ့ရင် သူ့ရဲ့သွေးကို သောက်ချင်လာတယ်။ သောက်မယ်လို့ လုပ်လိုက်ပြန်ရင်လည်း သွေးမသောက်မိဘဲ သူ့ခန္ဓာကိုဘဲ သုံးဆောင်နေမိတယ်။ သူနဲ့ ပထမ ကိစ္စတွေ မဖြေရှင်းမပြီးမချင်း ထပ်ပြီး အမှားတွေ ထပ်လုပ်လို့ မဖြစ်တော့ဘူး။
~~~
pete
ကျောင်းဆင်းလို့ စာကြည့်တိုက်မှာ လိုတဲ့ စာအုပ်တွေ ငှားဖို့သွားလိုက်တယ်။ စာအုပ်တွေရှာရင်း ဖတ်ချင်တဲ့ စာအုပ်လေး တွေ့လို့ ခဏဖတ်မယ်ဆိုပြီး ဖတ်နေလိုက်တာ အချိန်တွေ ဘယ်လောက်ကုန်သွားတယ် မသိ သတိရလို့ နာရီကြည့်မိတော့ ညနေ ၆ နာရီတောင် ကျော်နေပြီ။ ကျွန်တော်လည်း ငှားမယ့်စာအုပ် စာရင်းသွင်းပြီး ကျောင်းထဲက ထွက်ခဲ့တယ်။ ကျောင်းပြင်ရောက်တော့ မနက်က တွေ့ခဲ့တဲ့ အစ်ကိုက ကျောင်းရှေ့မှာ ရပ်နေတုန်း။ ကျွန်တော် စကားပြောဖို့ အနားသွားလိုက်တယ်။
“အစ်ကို ခုထိ စောင့်နေတုန်းလား”
“ဟုတ်တယ် သူထွက်မလာသေးလို့”
“အစ်ကို့ညီ ဒီနေ့ ကျောင်းမလာဘူးနဲ့ တူတယ် ကျောင်းထဲမှာ ကျောင်းသားတွေ ကုန်သလောက် ဖြစ်နေပြီ”
“ဟုတ်လား … ဟော ပြောရင်းထွက်လာပြီဘဲ”
ထိုအစ်ကို ပြောလို့ ကျောင်းဘက်ကို လှမ်းကြည့်ပေမယ့် ဘယ်သူမှ မတွေ့ရဘူး။
“ဘယ်မှာလဲ အစ်ကိုရဲ့ အစ်ကို မျက်စိမှားတာလား ဘယ်သူမှ ထွက်မလာပါဘူး”
ပြောနေရင်မျက်နှာပေါ်ရောက်လာတဲ့ အဝတ်တစ်ခုကြောင့် လောကကြီးနဲ့ အဆက်အသွယ် ပြတ်ခဲ့ရပြန်တယ်။
~~~
Ae
‘ကောင်လေး နောက်ကျလှချည်လား ၇ နာရီတောင် ထိုးနေပြီ ကျောင်းဘက် သွားကြည့်ရင်ကောင်းမလား’
အိမ်ရှေ့မှာ ရပ်စောင့်နေရင်း တစ်ယောက်တည်း ရေရွတ်နေမိတယ်။ တဖြည်းဖြည်း ည ၉ နာရီတောင် ထိုးတော့မယ်။ ဒါတော့ မဟုတ်တော့ဘူး ။ ကျောင်းက ဘယ်လို presentation တွေရှိရှိ ဒီလောက်တော့ နောက်မကျသင့်ဘူးလေ။ ကျွန်တော်ကျောင်းကို လိုက်သွားလိုက်တယ်။ ကျောင်းရှေ့နားရောက်တော့ လမ်းမပေါ်မှာ ကျနေတဲ့ အနီရောင် လွယ်အိပ်လေး ။ယူပြီး အထဲက စာအုပ်ကို ထုတ်ကြည့်လိုက်တော့ ရေးထားတဲ့ နာမည်ကြောင့် ကျွန်တော် ကမ္ဘာပျက်သလို ခံစားလိုက်ရတယ်။ စာအုပ်ပေါ်မှာ ရေးထားတဲ့ နာမည်က pete တဲ့။ ဟုတ်တယ် မနက်က လွယ်သွားတာ ဒီလွယ်အိတ် ။ဒါဆို pete ဘယ်ရောက်သွားတာလဲ ။ ဘယ်ကို သွားနေတာလဲ။ ဘယ်သူခေါ်သွားတာလဲ မဟုတ်မှ လွဲရော………
~~~
pete
သတိရလာလို့ကြည့်လိုက်တော့ ခန်းနားထည်ဝါလှတဲ့ အိပ်ခန်းကြီး ။သူ့ကိုတော့ ကုတင်လှလှကြီး တစ်လုံးပေါ်မှာ လက်နဲ့ ခြေထောက်ကို ကြိုးတုတ်ထားတာ ခံထားရတယ်။ ကျွန်တော် တစ်ခါမှ မရောက်ဖူးတဲ့နေရာမှာ ကျွန်တော်ကို ချုပ်နှောင်ထားမို့ ကြောက်စိတ်တို့ ဝင်လာပြီး မျက်ရည်တစ်ချို့ ပါးပေါ်ကို ကျလာတယ်။ ခြေသံကြားလို့ ငိုတာခဏရပ်ပြီး နားထောင်လိုက်တယ်။ ပြီးတော့ ပွင့်လာတဲ့ တံခါးကို ကြည့်ပြီး ဝင်လာမယ့်ကို သိချင်ဇောနဲ့ ခေါင်းကိုထောင်ကြည့်နေမိတယ်။
“ Ae လား”
see u next part
Ae pete ကို ရှာတွေ့ပါ့မလား။
pete ရော Dam ရဲ့ စော်ကားမှုခံရဦးမှာလား။
Dam ကရော ဘယ်လို လှည့်ကွက်တွေ သုံးဦးမှာလဲ။
YOU ARE READING
Spirit lover(ဝိညာဥ်ချစ်သူ)(Complete)
TerrorPete...ဘာလို့လဲမသိဘူး မနက်မိုးလင်းရင် နှုတ်ခမ်းတွေနာပြီး လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ အနီကွက်တွေဖြစ်နေတယ် Ae...ဘဝခြားနေပေမယ့် မင်းကို ရယူချင်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုခွင့်များ ရနိုင်မလား Pete...ဘာလို့လဲမသိဘူး မနက်မိုးလင်းရင် နှုတ်ခမ်းေ...