ကျောင်းကို လေးလံတဲ့ ခြေလှမ်းတွေနဲ့ လာခဲ့တယ်။
ဘာလို့ဆို Ae ကျွန်တော့် ဘဝထဲက ထွက်သွားတာ ဒီနေ့နဲ့ဆို ရက်ပေါင်း ၅၀၀ တောင် ရှိပြီ။
Perth ရှင်းပြလို့ သူ့ကို မုန်းအောင် တမင် ပြောခဲ့တယ် ဆိုတာသိရလို့ ဝမ်းသာမိပေမယ့် တစ်ထစ်ချတော့ မယုံရဲသေးဘူး။
Perth သက်သေပြမယ်ဆိုတဲ့ အရာတွေကိုလည်း ရင်ခုန်ချင်မိသေးတယ်။
ဒါပေမယ့် မနေ့ညက တွေးမိတဲ့ အရာတွေက စိတ်ကို ဒုက္ခ လာပေးနေတယ်။
ကျွန်တော် တွေးခဲ့တာက
'Perth က Ae နဲ့ ရုပ်ချင်းတူတာဘဲရှိတာ Ae မှ မဟုတ်တာ Ae နေရာမှာ အစားထိုးလို့ရော ရပါ့မလား ။အကယ်လို့များ Perth ကို ချစ်မိသွားရင် Ae ကရော ခွင့်လွှတ်ပါ့မလား'
အတွေးပေါင်းများစွာနဲ့မို့ ညက အိပ်မပျော်
အိပ်မပျော်တော့ မျက်လုံးက ပန်ဒါအလား
စာသင်ခန်းထဲရောက်တော့ Tin တို့ မရောက်သေးတာမို့ ခုံပေါ်ခေါင်းမှောက်ပြီး အိပ်နေလိုက်တယ်။ အိပ်နေရင်း နှာခေါင်းထဲကို တိုးဝင်လာတဲ့ ပန်းရနံ့
'Lavender ဟုတ်တယ် ဒါ Lavender ရနံ့ ဘယ်ကလဲ'
ပန်းနံ့ကြောင့် ခေါင်းထောင်ကြည့်လိုက်တော့ Perth ရဲ့ စားပွဲ ပေါ်က ပန်းစည်းလေး
lavender ရယ် White rose ရယ်နဲ့ လှပ သေသပ်စွာ စည်းထားတဲ့ handmade floral လေး...
ပန်းစည်းမှာ ချိတ်ထားတဲ့ ကဒ်လေးက တွဲလောင်းကျနေတော့ သိချင်စိတ်နဲ့ သွားယူပြီး ဖတ်ကြည့်တော့
#Long Time No See Perth#
စာဖတ်ပြီး စိတ်ထဲ အလိုလို ရောက်လာတဲ့ မေးခွန်းများ
YOU ARE READING
Spirit lover(ဝိညာဥ်ချစ်သူ)(Complete)
HorrorPete...ဘာလို့လဲမသိဘူး မနက်မိုးလင်းရင် နှုတ်ခမ်းတွေနာပြီး လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ အနီကွက်တွေဖြစ်နေတယ် Ae...ဘဝခြားနေပေမယ့် မင်းကို ရယူချင်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုခွင့်များ ရနိုင်မလား Pete...ဘာလို့လဲမသိဘူး မနက်မိုးလင်းရင် နှုတ်ခမ်းေ...