Part 1

2K 155 20
                                    

Unicode

"တိုက်ခန်းလား မုန့်ဖိုးလား"

အမေ့အမေးကို 'ဗျာ'ဟု အံ့သြပြစရာ မလိုတာမို့ Saint Suppapong ပါးစပ်ထဲက ထမင်းကိုသာ ကုန်အောင်ဝါးလိုက်သည်။

"သေချာပေါက် တိုက်ခန်းပေါ့"

ဟုတ်တယ်လေ သူကိုယ်ပိုင်တိုက်ခန်းရဖို့ အမေနဲ့အဖေကို ပူဆာထားတာ အထက်တန်း​အောင်ပြီးတည်းကနေ အခု တက္ကသိုလ် ဒုတိယနှစ်ရောက်နေပြီ ဖြစ်သည်။

"ဒါဆို ညနေအိမ်ကို စောစော ပြန်လာခဲ့"

အမေနဲ့သားက စကားပြောပုံက ယခုလို ခပ်ပြတ်ပြတ်ပင် Saint Suppapong ကလည်း မိဘသွေးအပြည့်ပါသူဖြစ်တာကြောင့် စိတ်သိပ်ရှည်သူမဟုတ်။ အဖေကတော့ ဘာကိုမှ အာရုံမလာသည့်သဘောဖြင့် ဘာတစ်ခွန်းမှမပြောပဲ မနက်စာစားနေသည်။

ထမင်းကုန်သွားပြီး ပန်းကန်နဲ့တူကို ဆေးမယ့်ဘေစင်မှာထားကာ သူ့ကျောပိုးအိတ်ကိုလွယ်၍ ထွက်သွား၏။ Saintကို သူ့မိခင်က လှမ်းပြောသည့် စကားက သူများအမေတွေလို ကျောင်းသွားမယ့်ကလေးတွေကို လမ်းကို ဂရုစိုက်သွားဆိုတဲ့ စိတ်ပူသည့်စကား မဟုတ်ခဲ့။ စိတ်လည်းမပူပါဘူး ဒီကောင်ကိုက ငယ်ငယ်တည်းက ဒူပေ​နာပေ။

"ကောင်တာမှာတင်ထားတဲ့ အထုတ်ကို လိပ်စာအတိုင်း ဝင်ပို့ခဲ့"

"Deliverမလာဘူးလား"

ဒါ ကြုံနေရစမြဲဖြစ်တဲ့ ကိစ္စပင်။ သူ,ကျောင်းသွားခါနီးတိုင်း အစားအသောက်မှာထားတဲ့ အော်ဒါရှိရင် သူ့အမေခိုင်းနေကျပဲ။ Saintကလည်း သူ့အမေပြောမယ့် ငွေကုန်ပေါက်သက်သာတယ်ဆိုတဲ့စကားကို သိပြီးသားပေမယ့် အထွန့်တက်ပြီး Deliver မလာဘူးလားမေးတာက ထုံးစံပင်ဖြစ်နေသည်။

"လမ်းကြုံနေတာပဲ မဟုတ်လား ပိုက်ဆံတွေသက်သက်အကုန်မခံနိုင်ဘူး"

ပို့ရမယ့်လိပ်စာကိုကြည့်ပြီး အထုတ်၃ထုတ်ကို လက်ကိုင်မှာချိတ်ကာ စက်ဘီးကိုကျောင်းသွားမယ့်လမ်းအတိုင်း နင်းလာရင်း ပါးစပ်ကလည်း သောကြာသားပီပီ တတွတ်တွတ်ပြောလာသည်။

"ပိုက်ဆံ... ပိုက်ဆံ... ပိုက်ဆံ... သားထက်ပိုက်ဆံကို ချစ်နေတာပဲ! Ghettoစားသောက်ဆိုင် ပိုင်ရှင်ရဲ့သားက deliverပါလုပ်နေရတယ်တဲ့... သူများသူဌေးသားတွေက တက္ကသိုလ်တက်တာ ကားနဲ့ဘာနဲ့... ဘယ်လောက်ပဲနီးနီးလေ ပိုက်ဆံရှိတဲ့သူပီပီ ကားလေးနဲ့ စတိုင်ရှိရှိသွားရမှာမဟုတ်လား ဒါမှ ကောင်လေးတွေကောင်မလေးတွေ ဝိုင်းဝိုင်းလည်မှာပေါ့... တော်သေးတာပေါ့ ရုပ်ခံလေးရှိနေလို့ ရည်းစားလေးတစ်ယောက်ရှိတာ"

Full House Where stories live. Discover now