Part 2

1.8K 160 28
                                    

Unicode

Perth မရောက်တာကြာပြီဖြစ်တဲ့ မြို့ထဲလျှောက်သွားရင်း တဖြည်းဖြည်း မှောင်ရီတောင်ပျိုးလာပြီ။ ပွင့်လင်းရာသီမို့လို့ ညဈေးက ​ဈေးသည်တွေလည်း အများကြီးရှိသည်။ အစားအစာမျိုးစုံ၊ ကလေးလူကြီး​ကြိုက်တဲ့အရုပ်တွေ၊ လူသုံးကုန်အစုံအလင်ကို ရောင်းကြသည်။ ဒီလိုခံစားချက်မျိုးမရတာ နှစ်တော်တော်ကြာနေပြီမို့ လူတွေကြားထဲ အချိန်တော်တော်ကြာ လမ်းလျှောက်နေမိ၏။ လမ်းလျှောက်ရင်း fancyပစ္စည်းတွေကို ကတ္တီပါခင်းပေါ်တင်ရောင်း နေသည့် ကောင်မလေးတစ်ယောက်ရဲ့ စားပွဲဆီလျှောက်လာခဲ့သည်။ ရေမွှေးဘူးသေးသေးလေးပုံစံ သော့ချိတ်လုပ်ထားသော ပစ္စည်းလေးကို မျက်စိကျတာကြောင့် လှမ်းယူလိုက်တော့ ထိုပစ္စည်းလေးပေါ် နောက်ထပ်ပြိုင်တူကျလာတဲ့လက်လေးတစ်ဖက်။

ကြည့်လိုက်တော့ ဖြူဖြူနုနုကောင်လေးတစ်ယောက်။ အရပ်က ခပ်ပုပုနဲ့ကိုယ်လုံးသွယ်သွယ်သေးသေးလေး ဆံပင်​​အုပ်အုပ်လေးနဲ့ T-shirtကို ဂျင်းဘောင်းဘီထဲထည့်ဝတ်ထားကာ ကျောပိုးအိတ်လေးလွယ်ထားသေးသည်။ ချစ်တော့ ချစ်စရာလေးဖြစ်၏။

"ကျွန်တော် အရင်ကိုင်တာ"

အထက်တန်းကျောင်းသားအရွယ်လေးမို့ ထို​​ကောင်​​လေးကို ဦးစားပေးပြီး သော့ချိတ်လေးကို လက်လွှတ်ဖို့ကြံပေမယ့် ထိုကောင်လေးက စွာတေးလှန်ပြီး အရင်ဦးအောင်လုနေတာမို့ အမြင်ကပ်ကပ်နဲ့ ပြန်ဆွဲလုထားလိုက်သည်။ Perth အကျင့်က အပြိုင်ရှိလာပြီဆို အလျော့မပေးတတ် မညှာတာတတ်ဘူး ပြီးတော့ ကလေးလည်းမချစ်တတ်ဘူး ဒီလိုခပ်စွာစွာကလေးတွေဆို ပိုလို့တောင်ကြည့်မရသေး။

"အဲ့လိုကြေးဆို ငါအရင်တွေ့တာကွ"

"ဒါပေမယ့် ကျွန်တော်လက်ထဲ အရင်ရောက်တာလေ"

"ဟာ! ဒီကလေး ပြောရဆိုရခက်ပါလား"

ဆိုင်ရှင်ကောင်မလေးကတော့ မျက်နှာပျက်နေပြီး အရှေ့က လူနှစ်ယောက်လက်ထဲက သူသော့ချိတ်လေးမရောင်းရပဲ ပျက်သွားမည်ကို စိုးရိမ်နေသည်။ ထိုနှစ်ဦးကလည်း တစ်ယောက်မှ အလျော့ပေးပုံမပေါ်။

"ဘာဖြစ်နေတာလဲ Baby"

သူ့နောက်က လူတစ်ယောက်ရောက်လာပြီး မေးလိုက်တဲ့ပုံစံ အရဆို အုပ်ထိန်းသူ ဒါမှမဟုတ် သူ့ရည်းစားဖြစ်နိုင်သည်။

Full House Where stories live. Discover now