Part 4

794 51 6
                                    

Unicode

Saint ဒီနေ့ကျောင်းအရင်မသွားပဲ babyကျောင်းသွာတဲ့လမ်းမှာ ရပ်နေသည်။ လက်ထဲမှာလည်း  နှင်းဆီပန်းအနီ ၁ပွင့်ကို စက္ကူပန်းစည်းလေးနှင့်ပတ်ပြီး ကိုင်ထား​သေး၏။ တောင်းပန်ဖို့ဆို ပန်းက အကောင်းဆုံး လက်ဆောင်ပစ္စည်းပဲ။ ကျောင်းတက်ချိန်ကလည်း နီးနေပြီမို့ babyလာတတ်တဲ့ လမ်းကနေ Saintရပ်စောင့်နေသည်။ Saintဟာ ရေချိုးခန်းက Perth Tanaponနဲ့ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ကိုလည်း မေ့ပျောက်ချင်သလို ခေါင်းကို တတွင်တွင်ခါနေပြီး babyကို တွေ့ရဖို့လည်း ကြောက်နေသည်။ ပြဿနာဖြစ်ထားပြီးရင် ရင်မဆိုင်ရဲတာက ပျော့ညံ့သူတွေရဲ့ အလုပ်မို့ Saintရှောင်မနေချင်တော့ပါဘူး။ ဒါကြောင့် ရင်တုန်တုန်နဲ့သာ babyကိုစောင့်နေမိသည်။

ခဏကြာတော့ အဖြူကောင်သေးသေးလေးက လွယ်အိတ်ကလေး လွယ်ကာ လျှောက်လာ၏။ အရင်နေ့တွေက တက်ကြွလန်းဆန်းနေတဲ့ ကလေးလေးက ဒီနေ့တော့ လမ်းလျှောက်တာက ခေါင်းငိုက်စိုက်ကျပြီး လေးလေးပင်ပင်ဖြင့်။

"baby"

Saintခေါ်လိုက်တော့ မော့ကြည့်လာကာ စိတ်ဆိုးတဲ့မျက်နှာလေးအသွင်ကို ချက်ချင်းပြောင်းသွားပြီး လှည့်ထွက်သွား၏။ လှည့်ထွက်သွားတဲ့ ကောင်လေးကို Saint အလျင်အမြန်ပြန်ဆွဲထားလိုက်သည်။

"baby ခဏ ကိုယ်ပြောတာ နားထောင်ဦး"

"ဘာလဲ နောက်ရည်းစားရနေပြီဆိုတဲ့ အကြောင်းလား"

"မဟုတ်ဘူး... အဲ့နေ့က babyမြင်ခဲ့တာ အမှန်မဟုတ်ဘူး"

"ဟာသတွေဗျာ... လွှတ်"

ကောင်လေးက Saintလက်ထဲက သူ့လက်တွေကို အတင်းရုန်းတော့ Saint babyရဲ့ လက်မောင်းနှစ်ဖက်ကနေ ဆွဲကိုင်ထားလိုက်၏။ Saintထက် ခေါင်း၂လုံးစာလောက် ပုတဲ့ကောင်လေးက Saintအတွက် တစ်ပွေ့စာလေးပဲရှိသည်။

"ကိုကို ပြောတာ အရင်နားထောင်ပေးပါ... ပြီးမှ babyဆုံးဖြတ်ချင်သလိုဆုံးဖြတ် နော်"

babyက ဘာမှပြန်မပြောပဲ မျက်ရည်ဝဲနေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပြန်ကြည့်နေ၏။ Saintက ကောင်ငယ်လေးရဲ့ ပုခုံးကို ပိုတင်းတင်းလေးကိုင်လိုက်ပြီး ကိုယ်လေးကိုလည်း အနည်းငယ်ကိုင်းလိုက်၏။ တောင်းပန်တိုးလျှိုနေတဲ့ အကြည့်တွေနဲ့လည်း သူ့ရည်းစားကောင်လေးကို စိုက်ကြည့်နေသည်။

You've reached the end of published parts.

⏰ Last updated: Aug 07, 2023 ⏰

Add this story to your Library to get notified about new parts!

Full House Where stories live. Discover now