chapter 1

14.3K 854 37
                                    

Unicode version

Baekhyun ဆေးရုံ အပြင်ကနေပဲ
Mr.Kimကို စောင့်နေလိုက်သည်။

သူအခုထိ လွန်ခဲ့ တဲ့ နာရီပိုင်းလောက်က
ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို
နားမလည်သေးဘူး။

Mr . Park ပြောခဲ့တဲ့ စကားတွေက
အခုထိ Baekhyun ခေါင်းထဲမှာ
တဝဲလည်လည်နဲ့...

.
.
.
"B_Baek_h_y_un ah...
ငါ့...ငါ့ကို
တခု..ကူ..ညီ နိုင်..မလား"

Mr.Park က စကားကို အားယူ
ပြီး ပြောနေရသည်။

"Mr.Park စကားတွေ အများကြီး
မပြောပါနဲ့ ။သွေးတွေ တအားထွက်
လိမ့်မယ်။Mr.Park ကိုကျွန်တော် ကူညီပါ့မယ်"

သေနတ်ဒဏ်ရာကြောင့် Mr . Park
ကိုယ်ထဲက သွေးတွေ အရမ်း ထွက်
နေတာမို့ Baekhyun စိုးရိမ်ပြီး
ပြောလိုက်သည်။

"မဟုတ်ဘူး...ငါ..ငါ ပြောမှဖြစ်မယ်။
ကု..ကုမ္ပဏီကို ...Cha...Chanyeol
အုပ်ချုပ်...လာ နိုင်တဲ့..အထိ...
တာဝန် ..ယူ ...ပေးပါ"

Mr.Parkက Baekhyun ရဲ့လက်ကို
ဆုပ်ကိုင်ရင်း ပြောလိုက်တော့
Baekhyun  ရှောခ့်ရသွားတယ်။

"ဆရာ...ဘာပြော..."

Mr.Parkက Baekhyun ရဲ့
လက်ကို တင်းတင်းဆုပ်ကိုင်ရင်း
ဖြတ်ပြောလိုက်သည်။

"ငါတို့ မိသားစုဝင် ဖြစ်လာအောင်
Chanyeol ကို လက်ထပ်ပါ။
Chanyeol က သူ့အမေသေပြီး
ကတည်းက အထီးကျန်နေတာ။
သူ့ကို...သူ့ကို  ဂရု...စိုက်...ပေး...ပါ"

Mr.Parkစကားကြောင့် Baekhyun
မျက်လုံးပြူးသွားရသည်။

Mr.Parkက ဘာလို့ သူ့ကို
ကုမ္ပဏီကို တာဝန်ယူစေချင်ရတာလဲ။
သူက ဘာမှမဟုတ်ဘူးလေ။
သူက ဒီအတိုင်း Mr.Park
လက်အောက်မှာ အလုပ်လုပ်နေတဲ့
မိဘမဲ့ တစ်ယောက်ပဲကို...ဘာလို့။

ပြီးတော့ Mr . Park ကို သတ်တာ
ဘယ်သူလဲ။ ဘာလို့ သတ်ရတာလဲ။

Mr . Park က သူ့ကို Chanyeol
နဲ့ လက်ထပ်ဖို့ ပြောတယ်။ သူစိတ်ကူး
တောင် မယဉ်ဖူးဘူး။ Chanyeol က
အခုမှ ကလေးပဲ ရှိသေးတာ။

Chanyeol နဲ့ ပတ်သက်ပြီး Baekhyun
သိတာဆိုလို့ Chanyeol က SM အထက်
တန်းကျောင်းမှာ တက်နေတယ်ဆိုတာပဲ။
ဒါတောင် သူ့သူငယ်ချင်း Kyungsoo
က အဲဒီ ကျောင်းမှာ ဆရာလုပ်နေလို့။

Marriage with Park Kid[Translation ] /Completed/Where stories live. Discover now