chapter 6

4.9K 684 11
                                    

#Unicode

Baekhyun အိပ်ယာပေါ်မှာ လှဲနေရင်း
အဖြူရောင် မျက်နှာကျက်ကြီးကို စိုက်ကြည့်နေမိသည်။

လက်ထပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး
Chanyeol ရဲ့ စိန်ခေါ်စကားကို
ကြားပြီးကတည်းက သူစိတ်တွေ
လုံးဝ ရှုပ်ထွေးသွားရတာ...

ဖုန်းကို ကောက်ကြည့်မိတော့
မနက် ၆နာရီ ပင် ရှိပြီ~~~

သူမနေ့ညက အိပ်မပျော်ခဲ့ပါ။
အိပ်လို့လဲ မရ။ တစ်စုံ တစ်ယောက်ကို
သူ့အပေါ်ကျ ရှုံးလာအောင် ဘယ်လို
လုပ်ရမှန်း သူမသိပါ..။
နားလဲ မလည်။

"Baekhyun ...မနက်စာရပြီ"

အပြင်ဘက်က Kyungsoo ခေါ်သံကြောင့်
အိပ်ယာကနေ ထလိုက်ကာ မီးဖိုချောင်
ဆီ လျှောက်သွားလိုက်သည်။

Baekhyun ရဲ့ ပုံစံ ကိုကြည့်ပြီး
Jonginမှာ စားနေရင်း သီးတော့မတတ်
ဖြစ်သွားသည်။

"Oh my god!!!Baekhyun. ..
မင်း ဘာဖြစ်လာတာလဲ..
မနေ့ညက မအိပ်ခဲ့ရဘူးလား
မင်းဆံပင်တွေကလဲ ငှက်သိုက်ကျလို့"

Jonginက ခုနက သီးသွားတာကြောင့်
ရေသောက်ရင်း Baekhyun ရဲ့
အသွင်အပြင်ကို ပုံဖော်သည်။
Kyungsoo မီးဖိုချောင်ထဲက
ထွက်လာပြီး Baekhyun ကို
မျက်လုံးပြူး ကြီးနဲ့ ကြည့်လာသည်။

"အင်း...ငါမအိပ်ခဲ့ရဘူး။
မင်းတို့ နှစ်ကောင် အသံတွေကြောင့်လေ
ငါဘယ်လိုလုပ် အိပ်ပျော်မှာလဲ"

Baekhyun က ထိုင်ခုံမှာ ဝင်ထိုင်ရင်း
ပြောသည်။

"ဒီတိုက်ခန်းမှာ ငါတို့ အတူနေတာ
ပထမဆုံး အကြိမ်မှ မဟုတ်တာ...
ငါ့ကို အမှန်တိုင်းပဲ ပြောစမ်းပါ"

Kyungsoo က Baekhyun ဆီ
လျှောက်လာပြီး မျက်လုံးတည့်တည့်
ကြည့်ကာ ပြောသည်။

"အို ...ကေ..အိုကေ
ငါပြောမယ်"

ဒီတော့မှ Kyungsoo ပြုံးသွားကာ
Jongin ဘေး မှာ ဝင်ထိုင်လိုက်သည်။
ချစ်သူနှစ်ယောက် ရှေ့မှာ ထိုင်နေတဲ့
Baekhyun က Chanyeol အိမ်မှာ
ဖြစ်ခဲ့ သမျှ ပြောတော့သည်။

#Flashback

"ကျွန်တော် မချစ်တဲ့ သူနဲ့ လက်ထပ်ရမှာ ကျွန်တော် သဘောမကျဘူး..။ အဲဒီတော့
ကျွန်တော် ခင်ဗျားကို ချစ်လာအောင်
လုပ်ပါ။ ခင်ဗျား လဲ ခင်ဗျား ကို မချစ်တဲ့
သူကို လက်မထပ်ချင်ဘူးမလား"

Marriage with Park Kid[Translation ] /Completed/Where stories live. Discover now