chapter 14

4K 585 22
                                    

✔Unicode✔

ရေနွေး​နွေး​လေး​နဲ့ ချိုးလိုက်မှပဲ
ပေါ့ပါး​လန်းဆန်း​သွား​တော့သည်။
အစည်းအဝေး​ပြီးတော့ ကျွန်တော်တို့
အိမ်ကို​ပဲ တန်းပြန်လာခဲ့ကြသည်။

အင်း...ကျွန်တော်တို့​ဆိုတာက
ကျွန်​တော်နဲ့Baekhyun Hyung
ကိုပြောတာ​ဖြစ်သည်။ အခု​ဆိုကျွန်တော်
တစ်ယောက်တည်း မဟုတ်​တော့​ပေ။

ကျွန်တော့်​မှာမိသားစုဆိုတာရှိလာပြီ။
အရင်​ကလို အိမ်​ဆိုတာ အခွံသက်သက်ကြီး
မဟုတ်​တော့ဘဲ နွေးထွေး​မှုတွေနဲ့ ဖြစ်လာ​တော့​မှာ​။

လုပ်ငန်းတွေ​ကို ကျွန်တော့်​ဆီ လွှဲပြီးတဲ့
နောက်မှာ အစည်းအဝေး​က ပြီးသွား
ခဲ့တာဖြစ်​သည်။ အများစု​က Baekhyun Hyung က ကုမ္ပဏီကို ဦး​ဆောင်​မယ့်
ကိစ္စကို သဘောတူ​ကြသည်။ ဘာလို့လဲ
ဆိုတော့ Baekhyun Hyung က
Luhan Hyung ထက် ပိုပြီးပါရမီ
ရှိသလို အရည်အချင်း​လဲ ရှိတာ​ကြောင့်
ဖြစ်သည်။

ရေချိုး​ပြီး ခါး​မှာ တဘက်လေးပတ်ပြီး
အခန်း​ထဲ​ဝင်လာ​တဲ့အချိန်မှာ​ပဲတစ်ယောက်ယောက်​က​လဲ အခန်း​ထဲဝင်​လာသည်။

"Ahhh"

အဲဒီ​သူက သူ့​မျက်နှာ​ကို
လက်ဖြင့်အုပ်ကာ ​အော်သည်။

"မင်း အဝတ်အစား​လေး​တော့
ဝတ်ပါဦး"

ဒါက ကျွန်တော့်​ရဲ့​အသစ်စက်စက်
​ယောကျ်ား​လေးပဲ။

ကျွန်တော့်​ရဲ့ အပေါ်ပိုင်း​ဗလာ
ပုံစံ​ကြောင့် ဖြစ်သွား​တဲ့သူ့​ပုံစံ​က
ကျွန်တော့်ကို ပိုစချင်​အောင် ဆွ​ပေး​နေသည်။ဒါကြောင့် သူ့​အနား တိုး​သွား
ရင်း...သူ့​အနောက်​က တံခါး​ကိုဆွဲ​ပိတ်​ပြီး
​လော့ချပစ်လိုက်သည်။

"မင်း...ဘာလုပ်ဖို့ကြိုးစား​နေတာလဲ"

ပြော​သာ​နေတာ မျက်နှာကို လက်​​လေးတွေနဲ့ အုပ်ထားဆဲ။

"ကျွန်တော့်ကို ကြည့်​ပါ။
ဘာလို့ ရှက်​နေတာလဲ..ကျွန်တော်တို့က
အခု လက်ထပ်ထားကြတာမဟုတ်ဘူးလား"

အခုချိန်ထိ မျက်နှာကို လက်​တွေနဲ့
အုပ်ထားတာမို့ ကိုယ်တိုင်​ပဲ သူ့​လက်​တွေကို
ဆွဲဖယ်လိုက်တော့ ခရမ်း​ချဥ်​သီး နီးပါး
နီရဲနေတဲ့ မျက်နှာ​လေးကို ​တွေ့လိုက်ရသည်။

Marriage with Park Kid[Translation ] /Completed/Where stories live. Discover now