chapter 12

5.7K 720 48
                                    

#Unicode

ကျွန်တော် ဘာကိုကြားလိုက်ရတာလဲ။

သူ ကျွန်တော့်ကို လက်ထပ်မယ်လို့
ပြောနေတာက တကယ်ကြီးလား..။

"မင်း ဘာပြောလိုက်တာလဲ"

"ကျွန်တော် ခင်ဗျားကို
လက်မထပ်ဘူး လို့ မပြောခဲ့ဘူး
လို့ ပြောတာ"

"အဲဒါက ဘာကို
ဆိုလိုတာလဲ။ မင်း ငါ့ကို
လက်ထပ်ချင်တယ်လို့
ပြောတာလား"

ကျွန်တော် နားကြားများ
မှားသလားလို့ သေချာအောင်
ထပ်မေးလိုက်သည်။

"ဟင့်အင်း...ကျွန်တော်
ခင်ဗျားကို လက်မထပ်ချင်ပါဘူး။
ဒါပေမယ့်...လုပ်မှဖြစ်မယ်။
ကျွန်တော် ခင်ဗျား အကူအညီ
လိုတယ်"

ေဩာ်...သူက သူ့ကို
ကူညီဖို့ ကျွန်တော့်ကို
လိုအပ်တာ...
သူ ကျွန်တော့်ကို နည်းနည်းလေးမှ
သဘောမကျဘူး။ သူ ကျွန်တော့်ကို
အသုံးချရုံ သက်သက်ပဲ။
သူ့ကုမ္ပဏီကို ကယ်ချင်လို့
ကျွန်တော့် အကူအညီ ယူရုံပဲ။

ဒါ အမှန်တရား...။
ဒါပေမယ့် ကျွန်တော့် ရင်တွေ
နာကျင်နေတယ်။

"ဒီတော့...မင်းက မင်း
အကျိုးအတွက် ငါ့ကို
အသုံးချမယ်ပေါ့"

"မဟုတ်ဘူး...Baekhyun
ကျွန်တော် ပြောချင်တာက.."

သူ ပြောဖို့ ကြိုးစား
ပေမယ့် ကျွန်တော် ဖြတ်ပြောလိုက်သည်။

"တော်ပါတော့....
အရင် ဆုံး...ငါ့ကို Hyung လို့ခေါ်ပါ။
ငါက မင်းထက် အသက်အများကြီးတယ်။
ပြီးတော့...တခြားသူတွေ ကိုလဲ
လေးစား တတ်ဖို့ သင်ထား။
နောက် တစ်ချက်...ငါမင်းကို
လက်ထပ်မယ်။ ဒါမင်းကို
ကူညီတာမဟုတ်ဘူး။ ငါ Mr.Park
ကို ကျေးဇူးဆပ်ချင်လို့...ငါလုပ်တာ။
သူက ငါ့အတွက် အရေးပါဆုံး
လူတစ်ဦး။ ငါ မင်းကို လက်ထပ်မှာ
ကလဲ သူ့အတွက်ပဲ။ မင်းနားလည်လား"

"OK!!ဟုတ်ပြီ။
Mr.Byun ကျွန်တော် ခင်ဗျားကို
ရိုသေပါ့မယ်။ ခြောက်နှစ်ပဲ။
ခြောက်နှစ်ပဲ ကျွန်တော်နဲ့ နေပေး။
ခြောက်နှစ်ပြီးရင်...ခင်ဗျား
လွတ်လပ်ပြီ။ အဲဒီ ခြောက်နှစ်စာ
အတွက်လဲ...ကျွန်တော် ခင်ဗျားကို
ကုမ္ပဏီ shareတွေရဲ့ ၁၅ ရာခိုင်နှုန်း
ပေးပါ့မယ်"

Marriage with Park Kid[Translation ] /Completed/Where stories live. Discover now