chapter 22

3.7K 424 17
                                    

✔Unicode✔

Mrs.Parkအကြောင်း ရဲကို
တိုင်ချက်ဖွင့်ပြီးတဲ့နောက် ရုံးခန်းဆီ
ပြန်လာခဲ့လိုက်သည်။ Chanyeolနဲ့
Luhanလဲ အတူလိုက်လာခဲ့သည်။

ရောက်ပြီး မကြာခင်မှာပဲ Mrs.Park
က ရုံးခန်းထဲ ဝင်လာသည်။

"Good morning...Mrs.Park
လာ ထိုင်ပါ"

"မင်း ဒါကို လုပ်ခဲ့တာမလား
ဘယ်လိုတောင် မင်း လုပ်ရဲတာလဲ"

Mrs.Park က ကျွန်တော့်ဆီ
လျှောက်လာတော့ Luhanက
တားသည်။

"အမေ ကျေးဇူးပြု ပြီး တော်ပါတော့"

"သား...မင်း ဘယ်သူ့ကိုမှ မယုံနဲ့
ဘယ်သူ့အပေါ်မှလဲ မကောင်းနဲ့
အမေ့လို ဖျက်စီး ခံရလိမ့်မယ် သား
အမေ ဒါတွေလုပ်နေတာ သား တစ်ယောက်တည်း အတွက်ပဲ
သားအတွက် အမေလုပ်နေတာပါ
အမေ့ကို ခွင့်ပြုပါ"

"ကျွန်တော် မလိုချင်ဘူး အမေ
တော်ပါတော့"

Luhan က ပြောပြီးတာနဲ့
Chanyeolကို လှမ်းကြည့်လိုက်တာနဲ့
Chanyeolက ထိုင်နေရာက ထလာသည်။

"တောင်း တောင်းပန်ပါတယ်"

Chanyeolစကားကြောင့် Mrs.Park
အံ့ဩသွားသည်။

"မင်း မင်း ဘာပြောလိုက်တယ်"

"ကျွန်တော် တောင်းပန်ပါတယ်
ခင်ဗျားကို ဒီလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး
ဒါ​ပေမယ့် ကျွန်​တော့်မျက်စိ​ရှေ့မှာ
ကျွန်​တော့်အ​မေကို သတ်ထားတဲ့လူကို
ဘယ်လို ယုံကြည်ရမလဲ ​ပြော​လေ"

"မင်းအ​မေက လူ့​လောကထဲ​တောင်
​ရောက်မလာ​သေးတဲ့ ငါ့က​လေးကို
သတ်လိုက်တာ"

"Bo Youngက မင်းမှာ
ကိုယ်၀န်ရှိ​နေမှန်း မသိခဲ့ဘူး Hye Jin"

Chanyeol အ​ဖေက ရဲ​တွေနဲ့အတူ
ရုံးခန်းထဲကို ၀င်လာသည်။

"မင်းကို နားမလည်ခဲ့တဲ့အတွက်​ရော
မယုံကြည်ခဲ့တဲ့အတွက်​ရော ​တောင်းပန်ပါတယ် ငါနဲ့Chanyeol က
အမှား​တွေကို နားလည်သွားပြီ
အခု မင်းအလှည့်ပဲ"

Mr.Parkက သူမရဲ့လက်ကို
ဆုပ်ကိုင်လိုက်ကာ

"ကိုယ်မှားတာကို ကိုယ်သိပါတယ်
ကိုယ့်ကို ခွင့်လွှတ်​ပေးပါ Hey Jin"

Marriage with Park Kid[Translation ] /Completed/Where stories live. Discover now