chapter 13

4K 547 23
                                    

✔Unicode ✔

"ကျွန်တော် Park Chanyeolသည်
Byun Baekhyun ကို ယနေ့ ဤအချိန်မှစ၍ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ  ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်
ဖြစ်စေ ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ သက်ဆုံးတိုင် ပေါင်းသင်းသွားပါမည်"

"ကျွန်တော် Byun Baekhyun သည်
Park Chanyeol  ကို ယနေ့ ဤအချိန်မှစ၍ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ  ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်
ဖြစ်စေ ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ သက်ဆုံးတိုင် ပေါင်းသင်းသွားပါမည်"

အဲဒီနောက် ကျွန်တော်တို့ အပြန်အလှန်
လက်စွပ်ဝတ်ပေးကြသည်။ ဒီနေ့က Chanyeol မွေးနေ့ လေ။သူ့အသက်၁၈ပြည့်ပြီဖြစ်တာကြောင့်
လက်ထပ်ပွဲ ကျင်းပခဲ့ကြသည်။

အခုဆိုရင် ကျွန်တော်ဟာPark Chanyeol
ရဲ့ တရားဝင်ယောက်ျားဖြစ်သွားပြီ။
အခုချိန်ကစပြီးကျွန်တော်ဟာ Byun Baekhyun မဟုတ်တော့ဘဲPark Baekhyun ဖြစ်သွားပြီဖြစ်သည်။

မင်္ဂလာပွဲက ကျွန်တော်စိတ်ကူးယဉ်ခဲ့ဖူးသလို
ကျွန်တော့်အတွေးထဲကလိုတော့မဟုတ်ခဲ့။
ကျွန်တော်အမြဲလိုချင်ခဲ့တာက ကျွန်တော်
ချစ်ရသူနဲ့အတူ ကျင်းပရတဲ့လှပတဲ့မင်္ဂလာပွဲလေးတစ်ပွဲ။ ဒါမယ့်ကျွန်တော်တို့ကချစ်သူ
တွေမဟုတ်ဘူးလေ။

ဒါကမင်္ဂလာပွဲလို့တောင်ခေါ်မရဘူး။
ဘာအပြင်အဆင်မှလဲမပါ။ဘယ်ဆွေမျိုးသား
ချင်းမှလဲမရှိတဲ့ ပွဲလို့သာ အမည်ခံတဲ့ပွဲလေး။

ခန်းမထဲမှာကျွန်တော်နဲ့Chanyeol ပါမှ
စုစုပေါင်းလူ၇ယောက်သာရှိသည်။
ရှယ်ယာရှင်တွေအစည်းအဝေးမလုပ်ခင်မှာ
အမြန်စီစဉ်လိုက်ရတာမို့ လူရင်းတွေနဲ့လောက်သာ မင်္ဂလာပွဲကိုလုပ်ဖြစ်သွားသည်။

"သတို့သားနှစ်ယောက်နမ်းလို့ရပါပြီ"

ဖာလာရဲ့စကားကြားမှ အတွေးထဲကနေ
လက်ရှိအခြေအနေကိုပြန်ရောက်လာရသည်။

Chanyeol ကကျွန်တော့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အနားကိုတိုးလာသည်။
သူ့နှုတ်ခမ်းတွေက ကျွန်တော့်နှုတ်ခမ်းဆီ
ဖြည်းဖြည်းချင်း ချဉ်းကပ်လာတာမို့ မျက်လုံး
စုံမှိတ်ထားမိသည်။ကျွန်တော့်နှုတ်ခမ်းတွေကို
ထိကပ်ထားတဲ့သူ့နှုတ်ခမ်းထူထူတွေဆီက
နွေးထွေးမှုတွေကိုခံစားလိုက်ရသည်။
Chanyeol က ထိတယ်ဆိုရုံသာအနမ်း
ပေးပြီး နောက်ပြန်ဆုတ်သွားသည်။

Marriage with Park Kid[Translation ] /Completed/Where stories live. Discover now