chapter 16

4.4K 596 45
                                    

✔Unicode✔

မျက်လုံး ကိုဖြည်းညင်းစွာဖွင့်လိုက်တော့
ဘေးနားမှာ အိပ်ပျော်နေသော
အဖိုးတန်ယောက်ျားလေးကိုတွေ့လိုက်ရ
သည်။ လက်တွေက ကျွန်တော့် ခါးကို
ဖက်ထားပြီး ခြေထောက်တွေကလဲ ကျွန်တော့်ခြေထောက်ကို ရစ်ပတ်လိမ်ထားသည်။

နဖူးပေါ်မှာ ဝဲကျနေတဲ့
ဆံပင်တွေကို လက်နဲ့အသာ
ဖယ်လိုက်ပြီး နဖူးလေးကို နမ်းလိုက်သည်။

မနေ့ညက နှစ်ယောက်သား အိမ်မှာပဲ
ရုပ်ရှင် ကြည့်ဖြစ်ကြသည်။ ရုပ်ရှင်တစ်ဝက်
လောက်ရောက်တော့ သူက ကျွန်တော့်
ပုခုံးပေါ်မှီရင်း ဟောက်လာသည်။
ဒါနဲ့ ပွေ့ချီပြီး သူ့အခန်းထဲပို့ရင်း
ကိုယ်ပါ တခါတည်း သူ့ဘေး ဝင်အိပ်
ဖြစ်သွားသည်။

ဒီလူသားလေးက ကျွန်တော့်ထက်
ဆယ်နှစ်နဲ့ ခြောက်လနီးပါး ကြီးတယ်
ဆိုတာ တကယ် မယုံနိုင်ဘူး။
လွန်ခဲ့တဲ့ ငါးနှစ်တုန်းကလဲ
ဒီအတိုင်းလေးပဲ။ ဘာမှပြောင်းလဲ
မသွားဘူး။

ကျွန်တော် တို့ တစ်ယောက်နဲ့
တစ်ယောက် ချစ်ကြတာ မဟုတ်ဘူး
ဆိုရင်တောင် ဒီလူသားလေးကို
ကျွန်တော် ယောက်ျားတော်ထားရတာ
သိပ်ကိုကံကောင်းတာပဲဗျာ။

သူကျွန်တော့်ကို သဘောကျတယ်ဆိုတာ
ကျွန်တော် သိတယ်။
ကျွန်တော် လဲ သူ့ကို သဘောကျတယ်။
ခုထိတော့ တစ်ယောက်နဲ့တစ်ယောက် မပြောရသေးဘူး။ဒါမယ့် သူကျွန်တော့်
အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ တွေကို
သူ့မျက်လုံးတွေကတဆင့် ကျွန်တော်
မြင်နိုင်ပါတယ်။

သူ့ကို ကျွန်တော့်ဆီ ပို့ပေးခဲ့တဲ့
Parkအဘိုးကြီးကို သိပ်ကျေးဇူး
တင်တာပဲ။

သူ့ကိုယ်လုံးသေးသေးလေးကို
ကျွန်တော့် ရင်ထဲ ထည့်ကာ
အတင်းဆွဲဖက် ဖျစ်ညစ်ထားလိုက်သည်။

"Yahhhh Baekhyun
ထတော့ ...မနက်ရောက်နေပြီ"

ဒါ Jongdaeအသံ။
ကျွန်တော် ပြန်ရောက်နေပြီဆိုတာ
သူ မသိသေးဘူးထင်တယ်။

"ငါးမိနစ်ပဲ"

Hyungက ကျွန်တော့် ရင်ထဲ
ပိုတိုးဝင်ကာ Jongdaeကို ဖြေသည်။

"အခုချက်ချင်း ထတော့
မထသေးဘူးဆိုရင် ငါ တံခါးဖျက်
ဝင်ခဲ့မှာနော်"

Marriage with Park Kid[Translation ] /Completed/Where stories live. Discover now