ONE

5.2K 265 13
                                    

ကျယ်ဝင်းလှတဲ့ မင်္ဂလာခန်းမ ကြီးထဲ အထက်တန်းကျကျ ဝတ်စားထားတဲ့ လူတွေကအပြည့်

ခမ်းနားပါ တဲ့ မင်္ဂလာ တီးလုံးနဲ့ အတူ သူ့ ခြေလှမ်းတွေ က
ကော်ဇောနီကို နင်းလျက် လျှောက်လာခဲ့သည်
လက်ချိပ် ထားတဲ့ အဖေ့ မျက်နှာက ပြုံးနေပေမယ့် သူက တော့ ပြုံးမနေခဲ့ဘူး
ကေ်ာဇောနီ ရဲ့အဆုံး မှာ သူတွေ့လိုက်ရတဲ့ လူတစ်ယောက်။

သူမရင်းနှီး တဲ့ လူတစ်ယောက် ရဲ့ လက်ကို ဒီနေ့ကစပြီး
တွဲရတော့မှာပဲ ။

ငေးကြည့်ခြင်းများနဲ့ အတူ အဖေက သူ့လက်ကို တင်းတင်း ကိုင်ရင်း ထိုတစ်စုံတစ်ယောက် ရဲ့လက်ထဲကိုထည့်ပေးခဲ့တယ်

အဖေ့မျက်ဝန်း မှာလည်းမျက်ရည် တွေနဲ့ ပဲ
ပြုံးနေပေမယ့် အဖေလည်း ပျော်မနေခဲ့ဘူးပဲ။
လူအုပ်ကြီးထဲရဲ့ တစ်ထောင့် တစ်နေရာမှာ သူ့ကို ကြည့်ပြီး ငိုနေမယ့် အမေ့ကို တော့ သူ တစ်ကူးတစ်က လှမ်း မရှာမိခဲ့။

စေ့စပ်ခြင်း မပါတဲ့ သူတို့ရဲ့လက်ထပ် ပွဲ
ဟင့်အင်း လက်ထပ်ပွဲ မဟုတ်ဘူး အမှန်တိုင်း ပြောရရင်
ပစ္စည်း တစ်ခုကို ပိုက်ဆံနဲ့ သိမ်းဝယ်နိုင်ခဲ့လို့ ကျင်းပတဲ့
ဂုဏ်ပြုပွဲသက် သက် ပဲ။
သူက အဲ့ဒီပစ္စည်း။

သူ့ပိုင်ရှင်က ဘာသာမဲ့။အကြင်နာမဲ့။တရားမဲ့။

သူ၏ တရားမျှတမှုမရှိတဲ့ လက်ထပ်ပွဲကို ချီးမြှင့်ပေးမယ့်
ဘုန်းတော်ကြီးတွေလည်း ရှိမနေခဲ့။

ဘယ်လောက်တောင် သဘာဝကို လွန်ဆန် ရာ ကျလဲ။

ဘောပင် တစ်ချောင်း ကို ဝှေ့ ယမ်းပြီး စာချုပ်တစ်ခုပေါ် လက်မှတ် ထိုးလိုက် ရုံနဲ့ သူက တစ်စုံတစ်ယောက်ရဲ့
သက်ဆိုင်သူ ဖြစ်သွားပြီ။

ဘယ် နတ်ဘုရား မှ မချီးမြှင့်တဲ့ လက်ထပ် ပွဲ။

လူတွေရဲ့ လက်ခုပ်သံတွေက မုန်းစရာကောင်းလိုက်တာ။

နှစ်ဦးနှစ်ဖက် မိဘဆွေမျိုး စုံစုံလင်လင် ကြွရောက် ချီးမြှင့်ကြရမယ့် အစား သူ့ဘက်က သက်ဆိုင် တဲ့ ဧည့်သည် ဆိုလို့ အဖေရယ် အမေရယ် နှစ်ယောက်တည်း။

မျက်စိရှေ့က သူ့နှုတ်ခမ်း ကို ခပ်ပြင်းပြင်း သုံးဆောင်နေတဲ့ ထိုလူက အရည် အချင်းသိပ်ရှိတဲ့ ပန်းချီ ဆရာတစ်ယောက်ရဲ့
ပြိုင်စံရှား စုပ်ချက်တွေလိုပဲ။
အရာအားလုံး ပြေပြေပြစ်ပြစ် နဲ့ လောက ရဲ့ လှပခြင်း တွေစုစည်းထားသလို။
ထို လူမယုံကြည်တဲ့ ဘုရားသခင် က ထို လူ့အပေါ် ကောင်းချက်တွေချည်း စုပေးထားသလို။

GIVE AND TAKE Where stories live. Discover now