EIGHT

2.4K 188 26
                                    

"ဂျောင်ဂု အဲ့နားလေး အေးအေး "

ဂျောင်ဂု စိတ်တော်တော်ချဉ်နေပြီဖြစ်သည်။
ထိုင်ခုံပေါ်မှာ ဇိမ်နဲ့ထိုင်ပြီး သူနှိပ်တာကို ပြုံးပြုံး ကြီးနှင့်
ဟိုနားလေး ဒီနား လေး လုပ်နေသည့် ထယ်ယောင်းကို  တစ်ခုခု နှင့် ပိတ်ရိုက်ချင်လာသည်။
အတွင်းရေးမှူး တစ်ယောက်ရှိပြီးလျက်နှင့် သူ့ကို ထပ် ပြီး ဒီရာထူး ခန့်ထာ အစပိုင်းတော့ ပျော်စရာထင်ရပေမယ့်
တကယ် တမ်းအလုပ်ဆင်း မှ သိရသည်။
အလုပ်ဆင်းရတာ တစ်လရှိနေပေမယ့် ဒီနေ့ထိ ဖြစ်ဖြစ် မြောက်မြောက် လုပ်ရသည့် ရုံးအလုပ်မရှိသေး
အပြင်က ကောင်တာ က အတွင်းရေးမှူး မမကသာ တကယ် အလုပ်လုပ်ရသေးသည်။သူ့မှာတော့ ဒီ လူကြီးကိုပဲ နှိပ်ပေးရလိုက် ကော်ဖီ ဖျော်ပေးရလိုက် သူသွားသမျှ တကောက်ကောက် လိုက်ပေးရနှင့်သာ အချိန်ကုန်ရသည်။
အဲ့ဒီ အတွက် ပြန်ရသည်က ပုံဆွဲဖို့အတွက် ခွင့်ပြု ခြင်းသာ
လိုအပ်သာမှန်သမျှ သူကိုယ် တိုင် ဝယ် ပေးထားပြီး
သူ့အနား မှာ ရှိ နေရင် ရပြီဆိုသည့် ကမ်းလှမ်းစကား ကြောင့် ဒီနေ့အချိန်ထိ အတွင်းရေးမှူး အမည်ခံ ရာထူး မှ နှုတ်မထွက် ခြင်းဖြစ်သည်။လခထိုက်ထိုက်တန်တန် ရခြင်း သည်နောက်ထပ်အကြောင်းအရာတစ်ခုဟုဆိုနိုင်သည်။

"ပြီးပြီလား ပုံသွားဆွဲတော့မယ်"

နှိပ်ပေးတာကိုရပ်ကာဂျောင်ဂု ပြောပြီးသည်နှင့်သူ့နေရာမှာပြန်ဝင်ထိုင်
နေလိုက်သည်။

" ဟေ့ကောင်လေး ကော်ဖီဖျော်ပေး ဉီး "

ဂျောင်ဂုတကယ် တင်းပြီဒီတစ်ခေါက်တော့။
ရောက်ရောက်ချင်းတည်းက ကောင်းကောင်းအလုပ်လုပ်ဖို့မပေးပဲ
ဟိုခိုင်းဒီခိုင်းပဲလုပ်နေသည်။

" ဒီမှာ ထယ်ယောင်း ခင်ဗျားလွန်ပြီနော်
မလုပ်ပေးနိုင်ဘူး ကိုယ့်ဟာကိုယ် ဖျော်သောက်"

ဂျောင်ဂု ပြောပြီးသည်နှင့် ပုံဆက်ဆွဲနေသည်။
ထယ်ယောင်းမျက်နှာ ပြုံးနေသလား မဲ့နေသလား ဒေါသထွက်နေသလားလည်း စိတ်မဝင်စားပါ ခပ်တည်တည်ပဲ
ကိုယ့်အလုပ်ကိုယ်လုပ်ပြီးနေနေလိုက်သည်။

နည်းနည်းကြာတော့ ထယ်ယောင်းအသံကိုကြားလာရသည်။

"အတွင်းရေးမှူးဟန် အခန်းထဲကို ကော်ဖီပို့ပေးပါ"

You've reached the end of published parts.

⏰ Last updated: Oct 24, 2019 ⏰

Add this story to your Library to get notified about new parts!

GIVE AND TAKE Where stories live. Discover now