FOUR

1.9K 194 19
                                    

ပင်လယ် ကမ်းစပ်နား လာလာပုတ်ခတ်နေတဲ့ လှိုင်းလုံးလေးများကိုကြည့်ရင်း
သူကမ်းစပ်တစ်လျှောက်လမ်းလျှောက်လာသည်။
ဘေးက ထိုသူကတော့ ကင်မရာတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။

"ဂျွန်"

တသောသော တိုက်ခတ်နေသည့်လေပြင်းတွေကြား သူ့အသံတွေက တိုးလွန်းလှသည်။
ဂျောင်ဂု သေချာတောင်မကြားရ။
ကိုယ်နဲ့သူ နှစ်ယောက်ပဲ ရှိနေခြင်း ကြောင့်သာ
သူကိုယ့်ကို ခေါ်မှန်း ရိပ်စားမိခြင်းဖြစ်သည်။

ခေါင်းကို ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့
ရီဝေ စွာ စိုက်ကြည့်နေသည့် သူ့မျက်လုံး တွေ က
စောင့်ကြိုလျက်။

" ပြော"

တစ်လုံးတည်း အဖြေပြန်ပေးရင်း မျက်နှာ ကိုလွှဲလိုက်သည်။
အချိန်အကြာကြီး မြင်သွားရမယ့် မျက်နှာထက်
ဒီနေ့တစ်ရက်ပဲ တွေ့ရမယ့် လှိုင်းလုံးလေးတွေနဲ့
ပင်လယ် ပြင်ကြီးက ပိုစိတ်ဝင်စားစရာကောင်းသည်။
အို...နှိုင်းယှဉ်စရာကို မလိုတာ။
ထိုလူက ဘယ်နား ကစိတ်ဝင်စား စရာ ရှိလို့လဲ။

"ငါ့ကို တစ်သတ်လုံး ရိုင်းနေတော့မှာလား"

သူ့စကားတွေ တည်ငြိမ်နေသည်။
သာမန်အတိုင်းပဲ။မတည်ငြိမ် နေမှ သာမန်မဟုတ်တာ။

"တစ်သက်လုံး ဘယ်သူ ကခင်ဗျား အနားမှာရှိနေနိုင်မှာလဲ
အိပ်မက်တွေမက်မနေနဲ့"

ဖြေသာဖြေသည်။
သူ့မျက်လုံးတွေ က ပင်လယ် ကြီးဆီမှာသာ
သူ့နှုတ်ခမ်းတွေက လှောင် ရီသလို ပြုံးနေသည့် အတွက်
ထိုသူ၏အရှိုက်ကိုထိသည်။

" ခင်ဗျား ခင်ဗျား နဲ့ ငါမင်းထက် ကြီးတယ် ဆိုတာ နားမလည်ဘူး လား"

ဆွဲလှည့်ခြင်းခံလိုက်ရတဲ့ ခန္ဓာကိုယ်နဲ့ပုခုံးထက်နားက
သူ့လက်ရဲ့ ဆုပ် ကိုင် မှုကြောင့် ဆစ်ကနဲ ကိုက်ခဲသွားသည်။
နီးကပ်လွန်းသော အနေအထားက သူ့ကိုရှက်စေသည်လား
တည်ကြည်ပြီး အနည်းငယ် ကြောက်စရာကောင်းနေသည့်
သူ့မျက်နှာချောချောက ရှက်စေသည် လားမသိ။
ပူဖျင်းဖျင်း ခံစားရတယ့် ခံစားမှုနဲ့ အတူ သူမျက်နှာကို
အောက်ငုံ့ချလိုက်သည်။

GIVE AND TAKE Where stories live. Discover now