အခြေအနေက သိပ်မဟန်ဘူး။
သူက ထမင်းစား ဝိုင်း မှာ
ထမင်းထက် သူ့မျက်နှာ ချင်းဆိုင်က လူရဲ့ မျက်နှာကို ပိုကြည့်နေရတယ် ။
အရိပ်အကဲကြည့်တယ်ပဲဆိုရမလား။"စားမှာလား ငါ့မျက်နှာ ကြည့်နေမှာလား"
ဇွန်း ခရင်း ချရင်း အသင့်ချပေးထားတဲ့ လက်သုတ်ပဝါ နှင့် လက်သုတ်ကာ သူ့ကိုကြည့်ရင်း မေးသည်။
" အဟွန့် ဘယ် သူက ကြည့်လို့လဲ ကိုယ့်ဘာသာကိုယ် စားနေတာပါ"
ဘူးပေါ် သလို ပေါ်မှုပဲ။
စားနေတယ်ပြောပြီး အရောင်တောင် မညှိုးတဲ့ ထမင်းပန်းကန် က သူ့ကို ရီပြနေသလိုကြီး။ထထွက် သွား ရန်ပြင် နေသည့် ထိုသူ့ကြောင့် ဂျောင်ဂုလည်း
ထိုင်ခုံ မှ အလျင်အမြန် ထပြီး ထမင်းပန်းကန်သိမ်းလိုက်သည်။
တော်ကြာ အိပ်ပျော် သွားရင် မဖြစ်ဘူး လေ။
ပန်းကန် ဇွန်း ခပ်မြန်မြန် ဆေးပြီးသည်နှင့်
လှေကားပေါ် အမြန် ပြေးတက်ပြီး အခန်းထဲ ပြေးဝင်ရသည်။
အိပ်ယာပေါ်မှာ စာအုပ်ထိုင် ဖတ်နေသည် ကိုမြင်မှဘဲ
သက်ပြင်းသဲ့သဲ့ ချမိသည်။
နောက်နေ့မနက်ကူးလို့ မဖြစ်ဘူး။ခုတင်ခေါင်းရင်းကိုမှီပြီး မျက်မှန် တလက်နှင့် စာအုပ် ကို သာ
စိတ်ဝင်စားနေသည့်ထယ်ယောင်းက သူအိပ်ယာပေါ်တက်လိုက်တာကိုတောင်
သတိထားမိမယ် မထင်။"ဟေ့ ကောင် ကိုကြီး "
တုံ့ပြန်ခြင်း မရှိတဲ့ သူ့ အပြု အမူက
ဒေါသမီး ကို လာမြိုက်သည်။" ခေါ်နေတယ်လေ"
စာအုပ်ကို သူ့လက်ထဲက ဆွဲယူကာ အိပ်ယာပေါ် ပစ်ချရင်း
သူ့ကိုမျက်မှောင်ကြုံ့ပြီး ကြည့်လိုက်သည်။
နှုတ်ခမ်းတွေ ထော် နေမယ် ထင်မယ်။
မပြောတတ်ဘူး
သူမှာ စိတ်တိုရင် နှုတ်ခမ်းထော်တတ်တဲ့ အကျင့် ရှိတယ်။ထယ်ယောင်း မျက်နှာ ကတော့ ခပ်တည်တည် ဖြစ်မနေဘဲ
ရယ် ချင်ရဲ့ ပက်ကျိဖြစ်နေသည်။
မထူး တလည် ဖြစ်မနေတော့
သူ့ မျက်နှာက ဒေါသထွက်နေတဲ့ အချိန်ကလွဲပြီး ကျန်တဲ့ အချိန်ဆို အဲ့အတိုင်းပဲ။" ကျွန်တော် ဒီနေ့ ခင်ဗျားစားဖို့ ထမင်းရော ဟင်းရောချက်ပေးတယ်လေ အဲ့အတွက် ဘာပြန်ပေးမလဲ "