THREE

2.2K 204 22
                                    

" ဟိတ် ဒါ က ဘာလုပ်တာလဲ"

ဟိုတယ် ကအပိုပေးတဲ့ စောင်ကို ကြမ်းပြင်တွင် ချခင်းကာ
ခေါင်းအုံးချ၍ အိပ်ရန်ကြံနေသော သူ့ကို ရုတ်တရတ် လက်မောင်း ကဆွဲ ကိုင်လိုက်၍ အစိုး မရသော သူတစ်ယောက်ကဲ့သို့ ထိုသူ၏ မျက်နှာနှင့် သူ့ မျက်နှာ ကပ်လုနီးပါးဖြစ်သွားသည်။
ရုတ်တရတ်ဖြစ်၍ ကြောင်အအ ဖြစ်သွားပြီး နှာခေါင်းချင်းထိလုဆဲ ဖြစ်နေသည့် သူ့ကို မျက်လုံးဝိုင်းများဖြင့် စိုက်ကြည့်နေမိသည်။

"မေးနေတယ်လေ"

နှစ်ကိုယ်ကြား ကြား နိုင်လောက်သော အသံဖြင့် သူတိုးတိုး ပြောသော လည်း နီးကပ်လွန်းသောကြောင့် ထိုသူ၏ အသံက
သူ့နားမှာ ပြင်းရှစွာ ပျောက်ကွယ် သွားသည်။
တစ်စုံတစ်ယောက်၏ အပ်ရှရှ အသံကြောင့် သူရှက်မိသွားမိပြီလားမပြောတက်ပေမယ့်
နှာခေါင်းထိပ်ကို ဖျက်ကနဲ အနမ်း ခံလိုက်ခြင်းနှင့်အတူ
တစ်ကိုယ် လုံး ကြက်သီးမွှေးညင်းများ တဖြန်းဖြန်း ထသွားသည်။အခုချိန် သူ့မျက်နှာကြီး ရဲ တွတ်နေမည်ကို
သူစဉ်းစားမိသည်။

"မင်းရှက်ရင် ချစ်ဖို့ကောင်းတယ် နှာခေါင်းထိပ်လေးရော နားလေးတွေပါ နီလာတာ ပါးလေးနှစ်ဖက်ဆို စတော်ဘယ်ရီသီးလေး ကျနေတာပဲ"

ပြောလည်း ပြော ပါးနှစ်ဖက်ကို တင်းကျပ်စွာ ဆွဲကိုင်ရင်း
သူ့ရုပ်ပြောင် ကြီး နဲ့ ခေါင်းကိုဟိုဖက်ဒီဖက် ဆွဲရမ်းခါပြနေသည်မှာ တကယ်ကို အရူးကြီး အတိုင်းပဲ။
သူ့လက်ကို ပြင်းပြင်းရိုက်ချရင်း

"ဖယ် ဒီမှာအိပ်မှာ ခင်ဗျားနဲ့ တူတူ မအိပ် နိုင်ဘူး "

မျက်နှာကိုတည့်တည့် စိုက်ကြည့်ပြီး ပြောတော့ ထိုသူက
အစကတော့ သူ့ကို နားမလည် သလို ကြည့်သည်။
နောက်တော့ ခပ်ထေ့ထေ့ ပြုံးပြရင်း
ကုတင်ပေါ်သို့တက်သွားသည်။
ခွဲ အိပ် လို့ရတယ် ဆိုသည့် သဘော။

သူလည်းရှည်ရှည်ဝေးဝေး တွေးမနေဘဲ အခင်းပေါ် လှဲချကာ
မျက်လုံး ကို အတင်းပိတ်ကာ မအိပ် မဖြစ်အောင်
စက်တော် ခေါ်ခဲ့သည်။

                              ****

မျက်နှာ ထက်သို့ တစ်စက် တစ်ပေါက် လာလာစင်နေသော
ရေတွေက ဘယ်က များလဲ။
သေချာတာ သူက အိမ်မှာ ဂိမ်းကစားနေတာပါ။
မိုးတွေ ရွာတာ များလား ဟု ခေါင်းမိုးပေါ်မော့ကြည့်လိုက်တော့
မိုးလည်း မရွာဘူး ခဏ...
ဒါသူ့အိမ် လည်းမဟုတ်ဘူး
ဒါဆို ဘယ်ကများ....။
ပါးပြင်ထက်နွေးကနဲ ဖြစ်သွားမှ သူဆတ်ကနဲ လန့်နိုးသွားသည်။
နိုးနိုးချင်းခံစားမိသည် က သူ့အပေါ်ပိကျနေသည့် တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ် လေးလေး တစ်ခု။
မျက်လုံးတွေကို ဖြည်းဖြည်း ပွင့်ကြည့်တော့
ခပ်ပြုံးပြုံး မျက်နှာတစ်ခု။
ဘယ်သူလည်း ပုံမဖော်နိုင်သေး။
ထပ်ပြီး ပြူးကြည့်လိုက်မှ။
ဟင် ထိုသူ...
ရင်ဝကို ဆောင့်တွန်းချရင်း သူအသည်းအသန် ကောက်ထလိုက်တော့
ဟိုလူ က ဘေးနားမှာ ပက်လက်လန် လဲ ရင်းသူ့ကို တအံတဩ ကြည့်နေသည်။

GIVE AND TAKE Where stories live. Discover now