TWO

3K 228 14
                                    

"ရေချိုးခန်းထဲက ခန္ဓာကိုယ် လှတဲ့ ကောင်လေး"

ရုတ်တရက် ကြားလိုက်တဲ့အသံကြောင့် သူ့ဒေါသ တွေက ထောင်းကနဲ။

" မင်းလိုချင်နေတဲ့ တစ်စုံတစ်ခုငါ့ဆီမှာ ရှိတယ် ထင်တယ် "

ထင်တယ် ထင်တယ်။
ဒါသက်သက် ဒီလူ ယုတ်မာ သွားတာတာပဲဆိုတာ ။

"ဒါဘာသဘောလဲ"

ထိုလူ၏ရယ်သံ ကိုခပ်သဲ့သဲ့ကြားရသည်
တစ်စုံတစ်ခုကို လှောင်ရယ် လိုက်သလိုမျိုး။

"မလိုချင်ဘူးလား ဟမ်"

ကြားရသမျှ လုံးဝအဆင်မပြေ
သူ့ ကို သက်သက် အကျင့်ယုတ်တာ။
စိတ်ကိုအတတ်နိုင်ဆုံးပြန်ထိန်းလိုက်ကာ

"ဘာဖြစ်ချင်လဲ ပြော
ခင်ဗျား ကျွန်တော့ ကို ဘာတွေဖြစ် စေချင်တာလဲလို့"

အနားသတ်တိမ်ဝင် သွားတဲ့ သူ့ အသံမှာ ဝမ်းနည်းမှုတွေအပြည့်။

"ဟိတ် နေဦး မငိုနဲ့လေ ငါမင်းကို ဘာမှမလုပ်ရသေးဘူး "

ကျေးဇူးပြုပြီး ကျွန်တော့ နား ကထွက်သွားပါ လို့
မေတ္တာ ရပ်ခံ ချင်ပေမယ့် သူ့အခြေအနေက အဲ့လောက် မကောင်းဘူး
ခပ်ရိုင်းရိုင်းဥပမာ ပေးရရင် သူက သခင်ကို ပြန်စော်ကားတဲ့
ကျွန်ဖြစ်သွားလိမ့်မယ်။
သူ့အတွက် သခင်မဟုတ်ပေမယ့် သူ့အဖေအတွက်တော့ ထိုတစ်စုံတစ်ယောက်က သခင် ကျေးဇူးရှင် လူကောင်းကြီးပေါ့။

သူသိတယ် သူက ထိုသူ၏လက်ခုပ် ထဲကရေသာသာပဲ။
လုပ်ပိုင်ခွင့် မရှိဘူး တားပိုင်ခွင့် ငြင်းဆိုပိုင်ခွင့်
အို ဘာတစ်ခုမှ မရှိဘူး။
မတတ်နိုင်သည့်အဆုံး ကိုယ့်ကိုယ် ကို ပဲ တရား ပြန်ချကာ ရေချိုးခန်းတံခါးကို ဖွင့်ကာ ခေါင်းကိုပြူထွက်ရင်း

"ပေး"

ခပ်တင်းတင်း ပြောလိုက်တဲ့ သူ့မျက်နှာနဲ့သူ့အသံက ထိုလူကို မျက်မှောင်ကျုံ့ စေသည်။

"ကောင်းကောင်းပြောမှ ပေးမယ် "

ကျစ်။
သက်သက် ခေါင်းစားနေတာ
သေလိုက်ပါတော့လား။
ဒါပေမယ့် သူကရေချိုးခန်းထဲမှာ ဟိုက အပြင်မှာ
အအေးပတ် ပြီး သေနိုင်ချေက သူပိုများနေတယ်။

GIVE AND TAKE Where stories live. Discover now