SEVEN

1.7K 181 13
                                    

မနက်ခင်းမှာတိတ် ဆိတ် နေသည်။
မနက်စာ ကို ပြင်ပေးနေပေမဲ့ မျက်နှာကတော့ ဆူပုတ်ထားသည်။
အဒေါ်ကြီး မှာလည်း အရင် လို ဦးဆောင်ပြီး ချက်စရာမလိုပဲ
အခုတော့ သူ ခိုင်းတာလေးလောက်သာ လိုက်လုပ်ပေး ရတော့သည်။

ထယ်ယောင်း အလုပ်သွားရန်ပြင်ဆင်ပြီးဆင်းလာတော့
ကျောပေး အလုပ်လုပ်နေသည့် ကောင်သေးသေးလေး ကိုတွေ့ရသည်။
ချောင်းတစ်ချက်ဟန့်ပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"အဒေါ်ကြီး ချပေးလိုက်တော့ "

အသံက မာဆတ်ဆတ် နှင့် မနေ့ညက ကိစ္စကို စိတ်ကောက်ပြေသေးပုံမပေါ်။

အဒေါ်ကြီး က အသင့်ပြင်ပေးထားတဲ့ မနက်စာကို လာချပေးတော့ သူလည်းစားနေလိုက်သည်။
ဟို အကောင် ပေါက်စကတော့ အေပရွန်ကို ချွတ်ကာ
တောက်တောက် တောက်တောက် နှင့် အပေါ်ပြန်တက်သွားသည်။
ပါးကို အကိုက်ခံရခြင်းကြောင့် စိတ်ဆိုးသည်လား
သူ တောင်းဆိုတာ ကို မနေ့က စသလို နောက်သလို လုပ်မိလို့ စိတ်ဆိုး သည် လား တော့ မပြောတတ်။

မနက်စာစားပြီသော် ပန်းကန် သိမ်းနေသည့် အဒေါ် ကြီးအား လှမ်းခေါ် လျက်

"အဒေါ်ကြီး ဟို ကောင်လေးကို သွား ခေါ်လိုက်ပါ
မလာရင် မနေ့က သဘောတူညီချက်ကိုမေ့ပစ်လိုက်မယ်လို့ မလာမချင်းခေါ်ခဲ့နော် "

အဒေါ်ကြီး ခမျာ ထယ်ယောင်းပြောသာကိုမျက်လုံး အပြူးသားနှင့် ကြည့်နေရသည်။
သူမ အလုပ်လုပ်နေသည့် သက်တမ်းတစ်လျှောက်ဒီလို ပြုံးစိစိ နှင့် တက်ကြွနေသည့် ထယ်ယောင်း၏ ပုံစံ ကို
တစ်ခါမှ မမြင် ဖူးသေး။
ခေါင်းတညိတ်ညိတ် နှင့် သာ အဖြေပေးပြီး
အပေါ်တက် သို့တက် သွားသည်။

ထယ်ယောင်းမှာတော့ နာရီကိုကြည့်လိုက် အပေါ်တက်ကိုမျှော်ကြည့်လိုက်နှင့်
ကိုယ်တော်ချောလေး ဘယ်အချိန်များ ကြွလာမလဲစောင့်နေရသည်။

ခဏကြာတော့ ဆောင့်ဆောင့်အောင့်အောင့် နှုတ်ခမ်းတဆူဆူနှင့် ဆင်းလာသည်။
အဒေါ်ကြီးကတော့ အလိုက်သိသိ မီးဖိုချောင်ထဲပြေးဝင်သွားသည်။
ကျန်တဲ့ အိမ်အကူတွေကလည်း ကိုယ်စီ ကိုယ်စီ ရှောင်ပေးကြသည်။

GIVE AND TAKE Where stories live. Discover now