အိပ်​ယာဝင်​ပုံပြင်

4.9K 125 18
                                    

အားလုံးပဲ မင်္ဂလာပါရှင်​ ..
သင်​တို့ရဲ့ အိပ်​စက်​ခြင်း​တွေ ကို တန်​ဆာဆင်​ဖို့
အိမ်​မက်​လှလှ​လေး​တွေအတွက်​ .
အိပ်​ရာဝင်​ပုံပြင်​များ အစီအစဉ်​က​နေ ကြိုဆိုလိုက်​ပါတယ်​ရှင်​ .

"​ဟော လာပြီ "

ရေဒီယို ​သေး​သေး​လေးဆီက
ချိုမြမြ အသံ​လေး ထွက်​လာတဲ့ အခါမှာ​တော့
သူမ .. နှုတ်​ခမ်း​လေး.တွန့်​​ကွေးသွားရုံ ပြုံးလိုက်​မိပြီး
တိုးတိုး​လေး ​ရေရွတ်​လိုက်​မိသည်​ ။
ဒီအချိန်​ကို အကြာကြီး.​စောင့်​လိုက်​ရတာပဲ ..

ရေဒီယို ဆီက​နေ
သူမ ​ပြောပြ​နေတဲ့ ပုံပြင်​​လေးက
နားထဲ ညင်​သာစွာ တိုးဝင်​လာသည်​ ။
နူးညံ့လွန်းသည်​ ၊ လှပလွန်းသည်​ ။
ပုံပြင်​​လေး​ကြောင့်​လား .. ၊
ပုံပြင်​​ပြောတဲ့ ​ကောင်​မ​လေး​ကြောင့်​လား မသိ​ပေမယ့်
ပုံပြင်​​လေးက .. အသက်​ဝင်​လာသည်​ ။

ပြီး​တော့
ဘယ်​တုန်းကမှ မီးလင်း​လေ့မရှိတဲ့
မှောင်​မိုက်​မိုက်​ .. အခန်းကျယ်​ကြီးထဲမှာ
သူမ .. မကြာခင်​ အိပ်​​ပျော်​သွား​လေ​တော့သည်​ ။

အိမ်​မက်​ထဲမှာ​တော့
ပုံပြင်​ထဲက နတ်​သမီး​လေး​တွေရယ်
၊ ပန်းခင်း အကျယ်​ကြီး​တွေရယ်
နတ်​သူငယ်​​လေး​တွေ ကို ပုံပြင်​​ပြောပြ​နေတဲ့
ကောင်​မ​လေး ငယ်​ငယ်​​လေးရယ်​ ..
အဲ့ဒီ ​ကောင်​မ​လေးကိုပဲ ​ငေးကြည့်​​နေမိတဲ့
သူမ ရယ်​ ..

ဒီ​နေ့ည​တော့
သူမ အိမ်​မက်​​တွေ လှပ ​နေခဲ့တယ်​ပဲ ဆိုပါ​တော့ ..


ခင်​ဗျားတို့​တော့ မသိဘူး
ကျွန်​မ အတွက်​​တော့
သူမ ရဲ့ အိပ်​ယာဝင်​ပုံပြင်​​လေး​တွေက
အရမ်း ... တန်​ဖိုးရှိတာပဲ ..



TBC

Intro ပဲ တင်​ထားအုံးမယ်​ 😍
ဖြေး​ဖြေး​ပေါ့ ✌




A Story Teller (girls Love)Where stories live. Discover now