အပိုင်း ၉

983 96 13
                                    

50%
အဲ့ဒီ 50% ​လေးကို
စူး .. အရမ်း မက်​​မောခဲ့တယ်

ဆေးရုံမှာ သီးသန့်​အခန်းယူပြီး
ဆေးရုံကို .. အိမ်​လို့ သ​ဘောထားပြီး
ကင်​ဆာ​ဆေးသွင်း ကုသမှုခံယူတယ်
ဓာတ်​ကင်​တယ်​ဆိုတဲ့အရာ​တွေကို လုပ်​တယ်

Healing က trauma ထက်
ပိုနာကျင်​ရတယ်​ ဆိုတာ မှားယွင်းဖွယ်​ရာမရှိ

ပြင်းလွန်းတဲ့
ကင်​ဆာ​ဆေး​တွေ​ကြောင့်
ခနခန ​အော့အန်​ရ ..
အစာစားချင်​စိတ်​မရှိ​ပေမယ့်​ 50% ဆိုတာ​လေးကို
ဆုံးရှုံးရမှာ ​ကြောက်​လို့
ကြိတ်​မှိတ်​မြိုချခဲ့ရတဲ့ အစားအ​သောက်​​တွေ

ပူ​လောင်​လွန်းတဲ့ နာကျင်​မှု​တွေကြားမှာ
စူး
မပျက်​မကွက်​ မ​မေ့မ​လျော့ ပဲ
နေ့စဉ်​လုပ်​​နေကျ .. အရာ​လေး ရှိတယ်
ညတိုင်း သူမ ရဲ့ ပုံပြင်​​လေး​တွေကို နား​ထောင်​ရတာပဲ

သူမ ​ပြောပြတဲ့ ပုံပြင်​​လေးထဲက
ပျော်​ရွှင်​ကြည်​နူးစရာ အ​ကြောင်းအရာ​တွေက
စူး .. ဘဝ ထဲကို ကူးစက်​လာသလို ခံစားရသည်​ ။

အဲ့လို အချိန်​မှာ စူးရဲ့ နာကျင်​မှု​တွေကို ​မေ့သွားတတ်​သည်

"မိုးအိမ်
ဆိုတဲ့ ​ကောင်​မ​လေး ရဲ့ ဖြစ်​တည်​လာမှုကို
အရမ်း​ကျေးဇူးတင်​တာပဲ "

သူမ ရဲ့ ပုံပြင်​​လေး​တွေ​ရယ်
သူမ ရဲ့ ချစ်​ခြင်းတရား​တွေကမှ
စူး အတွက်​ တကယ့်​ Healing ပဲ .. ။


လောကကြီးက မတရားဘူးလို့ ​နွေ ထင်​တယ်
နွေ ကျ​တော့ ..
ဘဝမှာ မပြည့်​စုံတာ ဘာမှ မရှိ ပဲ ​နေလာခဲ့ရပြီး
တခြားသူ​တွေရဲ့ ချစ်​ခြင်း​တွေကို ခံယူ​နေရသည်​ ။

စူး ကျ​တော့
ငယ်​ငယ်​ကတည်းက ..
အထီးကျန်​ခြင်း​တွေနဲ့ ကြီးပြင်းလာရပြီး
အခု
အချစ်​ တစ်​ခုအတွက်​ နာကျင်​မှု​တွေကို ရင်​ဆိုင်​​နေရပြန်​သည်​ ။

အား
နင့်​​နေရာမှာ ငါသာ ဖြစ်​လိုက်​ပါ​တော့

နွေ
ရင်​ဘတ်​​တွေ စူး​အောင့်​လာသည်​အထိ ငို​ကြွေးမိသည်

စူး
ငါ့ကို ​စောင့်​​နေ​ပေးပါဟာ
ငါ ​သေချာ​ပေါက်​ နင့်​ဆီ လာ​တွေ့ပါ့မယ်







A Story Teller (girls Love)Where stories live. Discover now