အပိုင်း ၁

2K 124 10
                                    

"မင်္ဂလာပါရှင်
ဒီ​နေ့မှာ​တော့ .. ခါတိုင်း နဲ့ မတူ တဲ့ ပုံပြင်​​လေးကို
ပြောပြသွားမှာ ဖြစ်​ပါတယ်​ ..

ဟုတ်​ကဲ့ .. ဘယ်​လို ထူးခြားတာလဲ ဆိုရင်
နွေ တို့ရဲ့ အစီအစဉ်​​လေး ဆီကို ပရိသတ်​ တစ်​​ယောက်​က
ဒီပုံပြင်​​လေးကို ​ပေးပို့လာခဲ့တာပဲ ဖြစ်​ပါတယ်​ ..

ပုံပြင်​​လေးမှာ ​ရေးထားခဲ့တာက

ဒီ ပုံပြင်​​လေးမှာ
နတ်​သူငယ်​​လေး​တွေ .. တန်​ခိုးရှင်​​တွေ သူရဲ​ကောင်း​တွေ
ပန်းဥယျာဉ်​ကြီး​တွေ .. မပါ​ပေမယ့်
အရမ်းလှပတဲ့ .. ပုံပြင်​​လေး မို့ မျှ​ဝေချင်​တာပါ." တဲ့ "

ဒီ ပုံပြင်​​လေးထဲက လှပ မှု တရား​တွေကို ​နွေ နဲ့
အတူတူ လိုက်​ပါ ခံစားကြဖို့ အဆင်​သင့်​ဖြစ်​ပြီလား .. "

ယ​နေ့​ခေတ်​လို
ဖုန်း​တွေ .. TV ​တွေ ​ပေါများ​နေတဲ့ ​ခေတ်​ကြီးမှာ
နွေ .. တို့ရဲ့ Radio က ပုံပြင်​​အစီအစဉ်​ကို
နား​ထောင်​တဲ့သူ​တောင်​ ခပ်​ရှားရှား ဖြစ်​​နေတာ
ဒါ​ပေမယ့်
ခုလိုမျိုး .. စိတ်​ဝင်​တစား နဲ့
ပုံပြင်​​လေး​တောင်​ ​ပေးပို့လာတဲ့သူ ရှိတယ်​ဆို​တော့
သိပ်​မဆိုးလှဘူးမှလား .. ။

လက်​​ရေးဝိုင်းဝိုင်း​လေးနဲ့ ​ရေးထားတဲ့ ပုံပြင်​​လေးကို
နွေ .. ကိုယ်​တိုင်​လည်း ​မျှော်​လင့်​ကြီးစွာ
စိတ်​လှုပ်​ရှားစွာ .. တဖြည်းဖြည်း ​ပြောပြ​နေမိသည်​ ။

"တစ်​ခါတုန်းက .....
ဟိုး​ရှေး​ရှေးတုန်းက ဆိုတဲ့ အချိန်​ ကာလ လိုမျိုး
မကြာ​သေးခင်​ ကာလတုန်းက​ပေါ့ ...

"​မေ​မေ .. စူး .. ကို ပုံပြင်​ ​ပြောပြပါလား .. "

အိပ်​ခါနီး .. အ​မေ ကို မရဲတရဲ ​တောင်းဆိုလိာက်​သည်​။
က​လေးမ​လေး က အရဲစွန့်​ပြီး ​တောင်းဆိုလိုက်​​ပေမယ့်
စိတ်​ရှုပ်​​နေတဲ့ reaction တစ်​ခုကိုပဲ လက်​ခံလိုက်​ရကာ

"​နေစူးရင့်​ .. ငါ အရမ်း ပင်​ပန်း​နေတယ်​ ..
က​လေးလဲ မဟုတ်​​တော့ပဲနဲ့ ဂျီမကျနဲ့ .. ငါ အိပ်​ချင်​ပြီ "

A Story Teller (girls Love)Where stories live. Discover now