အပိုင်း ၅

996 103 8
                                    

"​နေစူးရင့်​ "

မေ​မေ့ရဲ့ အမြဲတမ်း မနူးညံ့​သော ​ခေါ်သံ​တွေ ကြားမှာ
နူးညံ့ညင်​သာမှု​လေးကို လိုက်​ရှာ​ပေမယ့်​ မ​တွေ့

သူမ .. ဆိုရင်​​ရော
စူး .. ကို ဘယ်​လို နာမ်​စား သုံးမှာလဲ .. သိချင်​မိတယ်​ ။
ဒီလိုမျိုး .. တင်းမာ မ​နေဘူးဆိုတာ​တော့ ​သေချာပါတယ်
ဘာလို့ဆို .. သူမ က နတ်​သမီး​လေး ​လေ

"နင်
ကိုကြီး ကို မ​ချေမငံ ပြန်​​ပြောတယ်​ဆို "

မေ​မေရဲ့
ကိုကြီး လို့ နူးနူးညံ့ညံ့ အ​ခေါ်ခံရတဲ့သူက
စူး .. ကိုဆိုရင်​ ရိသဲ့သဲ့ နဲ့ ကြည့်​တတ်​ ​ပြောတတ်​လွန်းလို့

အဲ့လူကို မြင်​တိုင်း
စူး .. အ​ဝေးက​နေပဲ ​ရှောင်​​နေတတ်​တာ​တောင်
မ​ချေမငံ .. ပြန်​​ပြောတယ်​ပဲ ရှိရ​သေးတယ်​ .. ။

ပြန်​​ဖြေရှင်းပါလား လို့ မ​ပြောပါနဲ့
စူး .. စကားဘယ်​လို​ပြောရလဲဆိုတာ ​မေ့​နေပြီ .

ခံစားချက်​​တွေလည်း ​အေးခဲလို့
မပြုံးမရယ်​တတ်​ စကားလည်း မ​ပြော

အဲ့လို ​ကောင်​မ​လေးက
ည အိပ်​တဲ့ အချိန်​တိုင်းမှာ
မိုးအိမ်​ ဆိုတဲ့ ​ကောင်​မ​လေးရဲ့ ပုံပြင်​​တွေ နား​ထောင်​ပြီး
ပြုံးတတ်​ပြန်​​ရောတဲ့ ။

မိုးအိမ်​ ကို
ဘယ်​လို ရှာ​တွေ့ခဲ့လဲ ဆိုတာ .. သိချင်​ကြမှာ​ပေါ့ ..

တိုက်​တိုက်​ဆိုင်​ဆိုင်​ ပါပဲ
စူး .. ဘဝမှာ ဘာမှ မရှိဘူးလို့ ခံစား​နေရတဲ့အချိန်
ငါ မရှိလည်း .. ထူးဆန်းသွားတာ ဘာမှမရှိဘူးလို့
တွေးကာ .. တစ်​ခုခု လုပ်​မိ​တော့မဲ့အချိန်​​လေးမှာ

အသိစိတ်​မဲ့တဲ့ ​ခြေလှမ်း​တွေနဲ့
အိမ်​ထဲက ထွက်​ဖို့ ပြင်​လိုက်​တဲ့ အချိန်​​လေးမှာ

"သင့်​ အနားမှာ တစ်​​ယောက်​မှ မရှိဘူး လို့
ထင်​​နေပါသလား ..
အားမငယ်​ပါနဲ့ .. ​နွေ .. တို့ ရဲ့
ပျော်​ရွှင်​စရာ ပုံပြင်​ကမ္ဘာ​လေးဆီကို ဖိတ်​​ခေါ်ပါတယ်
မွန်းကြပ်​​လှောင်​ပိတ်​မှု​တွေကြားထဲမှာ
နစ်​မွန်းမ​နေပါနဲ့ . ​နွေ တို့ရဲ့ ကမ္ဘာ​လေးက ကြိုဆိုပါတယ်​"

A Story Teller (girls Love)Where stories live. Discover now