အပိုင်း ၇

918 91 12
                                    

သူမ ကို သွား​တွေ့မယ်​လို့
ဆုံးဖြတ်​လိုက်​ကတည်းက

မျက်​စိ​ရှေ့မှာ မြင်​မြင်​သမျှ အရာရာတိုင်းက လှပ​နေသည်

ခန်းဆီး ​အဖြူ​ရောင်​​လေး​တွေကလည်း လှသည်
ညိုး​ခြောက်​​နေတဲ့ ပန်းခင်း​လေးလည်း လှသည်​ ။

အဆုံးစွန်​အထိ
မှန်​ထဲမှာမြင်​​နေရတဲ့ စူး ကိုယ်​တိုင်​​တောင်
လှပ​နေသည်​ ။
ဖြူ​ဖျော့​ဖျော့ မျက်​နှာသွယ်​သွယ်​​လေး ဆီက
အပြုံး ​ဖျော့​ဖျော့​လေးက ပိုလှ​စေသည်​ ထင်​ပါရဲ့ .. ။

ဒါ​ပေမယ့်
ဘယ်​အရာပဲ ဖြစ်​ဖြစ်
သူမ ​လောက်​​တော့ လှပ နိုင်​ပါ့မလား .. ။

အိမ်​ထဲက ထွက်​ဖို့ ပြင်​လိုက်​တဲ့
ခြေလှမ်းတိုင်းမှာ
တက်​ကြွ လန်းဆန်း လို့ ​နေသည်​ ။

သူမ တို့ရဲ့
အသံလွှင့်​ဋ္ဌာန ​လေး​ရှေ့ကို ​ရောက်​ခါနီးလာ​တော့
လူက ကတုန်​ကယင်​နဲ့

"​နေပါအုံး
ငါ .. သူမ ကို အရင်​ဆုံး ဘယ်​လို​ပြောရမလဲ "

"နင်​ ငါ့ကို မှတ်​မိ​သေးလား
ငါတို့ မူလတန်း က​နေ အလယ်​တန်းထိ
ကျောင်းအတူတူတက်​ခဲ့ကြတာ​လေ .. "

အဲ့လို​ပြောရမလား

အင်း ဟုတ်​တယ်​ .. အဲ့လို​လေး အစချီရမယ်

ဓာတ်​တိုင်​ ကို ကြည့်​ပြီး
စကား​ပြောကျင့််​​နေတဲ့ စူး ကို
အကုန်​လုံးက ဝိုင်းကြည့်​သွားကြသည်​ ။

အရူးလို့ ထင်​ရင်​လည်း ထင်​ကြမှာ​ပေါ့
ဒါ​ပေမယ့်​ .. စူး မှ
စကား မ​ပြောတာ ကြာလှပြီ ကို
သူမ နဲ့​တွေ့မှ က​ပေါ်တိက​ပေါက်​ချာ​တွေ ​ပြောလို့မဖြစ်

"ဟာ ဟိုမှာ "

လက်​ညိုး​လေး တထိုးထိုး နဲ့
စူး .. ပုံစံက ရီ​တော့ရီချင်​စရာ ​ကောင်းလှပါသည်​ ။

ကားလမ်းရဲ့တစ်​ဖက်​မှာ
သူမ ကို ​တွေ့လိုက်​ရတာကိုး
ဆံပင်​အရှည်​ကြီးကို ဖြန့်​ချထားပြီး
ဘ​လောက်​စ်​ နဲ့ လုံချည်​​လေးကို ပဲ ရိုးရိုး​လေး ဝတ်​ထား
တဲ့ သူမ က တကယ့်​ နတ်​သမီး​လေး

A Story Teller (girls Love)Where stories live. Discover now