ပုံပြင်လေးကို အဆင်ပြေအောင်
ထိန်းလိုက်ပြီးတာနဲ့ .. နွေ .. ငိုနေမိရင်းက
မျက်ရည်တွေသုတ်ပစ်ပြီး .."လိပ်စာ
ဒီပုံပြင်စာရွက်လေး ဘယ်က လာခဲ့တာလဲ
အဲ့ လိပ်စာ လေး သိရင်ရပြီ "အရူးတစ်ယောက်လို
စာအိတ် တွေကို မွှေနှောက် ရှာဖွေ မိတော့"နွေ .. ဒီမှာလေ "
ဟုတ်သားပဲ
နွေ့စိတ်တွေက အရမ်းပူထူနေတာကိုး
စာအိတ်လေးက စားပွဲပေါ်မှာ ဒီအတိုင်းရှိနေတုန်းစာအိတ်ပေါ်က လိပ်စာလေး အတိုင်း
ကရှူးမူးထိုး ထွက်လာမိတော့ PD အကိုက"နွေ .. စိတ်တွေ အရမ်းလှုပ်ရှားနေတယ်ထင်တယ်
အကို .. လိုက်ပို့ပေးမယ် .. "နွေ . ဘာကိုမှ စိတ်ထဲမှာ မတွေးတတ်တော့လို့
ငြိမ်သက်တိတ်ဆိတ်စွာ ကားပေါ်က
ထိုင်လိုက်လာခဲ့သည် ။
ရင်ထဲမှာတော့ ဆူညံစွာ မြည်ဟီးပေါက်ကွဲနေသည် ။"ဒီတစ်ခါတော့ ငါ့အနားက ထွက်ပြေးမသွားပါနဲ့တော့
ငါ .. နင့်ကို ဖမ်းဆုပ်ထားတော့မယ် "စူး .. ဟာ
အမြဲတမ်း ထွက်ပြေးနေတဲ့ သူ တစ်ယောက်
တခြားသူတွေဆီကနေရော
သူမ ရဲ့ ပင်ကိုယ် ခံစားချက်တွေဆီကပါ
ထွက်ပြေးနေတဲ့ သူ တစ်ယောက်အဆုံး .. နွေ့ ဆီကနေတောင်
သူမ ခနခန ထွက်ပြေးခဲ့ဖူးတယ်ကျောင်းလာတိုင်း
နွေ ပုံပြင်ပြောတဲ့ စကားဝိုင်းလေးရဲ့
ထောင့်နားလေးမှာ တိတ်တိတ်လေး နားထောင်မယ်
နွေ့ ပုံပြင်လေးကို မက်မောမယ်
မျက်ဝန်းတောက်တောက်လေးတွေ မှာ
မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်လာမယ်နွေ့ကို တမေ့တမော အားကျစွာ ငေးမောကြည့်မယ်
ဒါပေမယ့်
ပုံပြင်ဆုံးတဲ့အခါ
နွေ့အနားကနေ သူမ ထွက်သွားတယ် ဒါပါပဲ .. ။
YOU ARE READING
A Story Teller (girls Love)
Short Storyသူမ ရဲ့ အိပ်ရာဝင်ပုံပြင်တွေနဲ့ ကျွန်မရဲ့ အိမ်မက်လေးတွေ လှပနေလေရဲ့