အားလုံးပဲ မင်္ဂလာပါရှင် ..
သင်တို့ရဲ့ အိပ်စက်ခြင်းတွေ ကို တန်ဆာဆင်ဖို့
အိမ်မက်လှလှလေးတွေအတွက် .
အိပ်ရာဝင်ပုံပြင်များ အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်ရှင် ."ဟော လာပြီ "
ရေဒီယို သေးသေးလေးဆီက
ချိုမြမြ အသံလေး ထွက်လာတဲ့ အခါမှာတော့
သူမ .. နှုတ်ခမ်းလေး.တွန့်ကွေးသွားရုံ ပြုံးလိုက်မိပြီး
တိုးတိုးလေး ရေရွတ်လိုက်မိသည် ။
ဒီအချိန်ကို အကြာကြီး.စောင့်လိုက်ရတာပဲ ..ရေဒီယို ဆီကနေ
သူမ ပြောပြနေတဲ့ ပုံပြင်လေးက
နားထဲ ညင်သာစွာ တိုးဝင်လာသည် ။
နူးညံ့လွန်းသည် ၊ လှပလွန်းသည် ။
ပုံပြင်လေးကြောင့်လား .. ၊
ပုံပြင်ပြောတဲ့ ကောင်မလေးကြောင့်လား မသိပေမယ့်
ပုံပြင်လေးက .. အသက်ဝင်လာသည် ။ပြီးတော့
ဘယ်တုန်းကမှ မီးလင်းလေ့မရှိတဲ့
မှောင်မိုက်မိုက် .. အခန်းကျယ်ကြီးထဲမှာ
သူမ .. မကြာခင် အိပ်ပျော်သွားလေတော့သည် ။အိမ်မက်ထဲမှာတော့
ပုံပြင်ထဲက နတ်သမီးလေးတွေရယ်
၊ ပန်းခင်း အကျယ်ကြီးတွေရယ်
နတ်သူငယ်လေးတွေ ကို ပုံပြင်ပြောပြနေတဲ့
ကောင်မလေး ငယ်ငယ်လေးရယ် ..
အဲ့ဒီ ကောင်မလေးကိုပဲ ငေးကြည့်နေမိတဲ့
သူမ ရယ် ..ဒီနေ့ညတော့
သူမ အိမ်မက်တွေ လှပ နေခဲ့တယ်ပဲ ဆိုပါတော့ ..
ခင်ဗျားတို့တော့ မသိဘူး
ကျွန်မ အတွက်တော့
သူမ ရဲ့ အိပ်ယာဝင်ပုံပြင်လေးတွေက
အရမ်း ... တန်ဖိုးရှိတာပဲ ..TBC
Intro ပဲ တင်ထားအုံးမယ် 😍
ဖြေးဖြေးပေါ့ ✌
YOU ARE READING
A Story Teller (girls Love)
Short Storyသူမ ရဲ့ အိပ်ရာဝင်ပုံပြင်တွေနဲ့ ကျွန်မရဲ့ အိမ်မက်လေးတွေ လှပနေလေရဲ့