|| TWO ||

9.4K 1.1K 47
                                    

ဒီ​နေ့ညလည်း သူ​လေးက ကျွန်​​တော့်​အိမ်​မက်​ထဲမှာ
ကျွန်​​တော်​နဲ့အတူ ရှိ​နေခဲ့တယ်​ ။

က​လေးငယ်​​လေးလို အဲ့ဒီအပြုံး​လေးနဲ့ ကိုယ့်​ကိုမြင်​​တာ
နဲ့ ပြုံးပြ​နေ​တော့တာပဲ ။

___________________________________

____________________________________

|| Can I Be Your Boyfriend ||

CHANBAEK

ပထမဆုံးအချက်​ - ကိုယ့်​ကိုမှတ်​မိသွား​အောင်​လုပ်​ယူရ
မည်​   ။

ဒုတိယအချက်​ -  သူ့ဖုန်းနံပါတ်​ကို ရယူရမည်​  ။

ဒီ​နေ့တ​နေ့ထဲနဲ့ဒီနှစ်​ချက်​စလုံးကို ရယူနိုင်​ရမည်​လို့ သူ
ယုံကြည်​ချက်​ထားရှိပြီးသား ။ ဒါက သူ့အတွက်​ လွယ်
လွယ်​ကူကူလုပ်​ယူနိုင်​တဲ့အချက်​​တွေပဲ​လေ ။ခက်​ခဲလွန်း
တဲ့ ကိစ္စရပ်​​တွေမှမဟုတ်​တာ ။ သူကဘယ်​သူမို့လို့လဲ ?
ဒီအ​ကြောတင်းက စိတ်​ဝင်​စားဖို့​တော့​ကောင်းသား  ။
အသစ်​အဆန်းတခုအ​နေနဲ့​ပေါ့ စမ်းကြည့်​သင့်​တာ​ပေါ့။

မလှမ်းမကမ်းက ကားမှတ်​တိုင်​မှာ ဘတ်​စ်​ကားထိုင်
စောင့်​​နေတဲ့ ဘတ်​ဟျွန်း (​ခေါ်) အ​ကြောတင်း​လေးကို
ချန်း​ယောလ်​ကားထဲက​နေ ​စောင့်​ကြည့်​​နေလိုက်​တယ်​ ။
သိပ်​​တော့မကြာ  ဘတ်​စ်​ကား​ရောက်​လာတာနဲ့​ ​ပြေး
တက်​သွားတဲ့အ​ကြောတင်း​လေး​ကြောင့်​ ချန်း​ယောလ်
ရယ်​လိုက်​ရင်း  ဘတ်​စ်​ကား​နောက်​က​နေ ​ဖြေး​ဖြေးမှန်
မှန်​ကားကို​မောင်းရင်း  ကပ်​လိုက်​သွားလိုက်​တယ်​  ။

ဘတ်​စ်​ကား​နောက်​ကိုလိုက်​​နေရင်း  ​နောက်​၁၅မိနစ်
လောက်​အကြာမှာ ဖုန်းထဲဝင်​လာတဲ့ Message
တ​စောင့်​ ​ကြောင့်​ ချန်း​ယောလ်​ ဖြတ်​ခနဲပြုံးလိုက်​တဲ့ အ
ပြုံးတစ်​ခု  ။

ခိုင်းထားတဲ့အတိုင်းလုပ်​​ပေးပြီးပြီမို့ ​ငွေကိုရှင်း​ပေးရ
ပါ့မယ်​​နော်​  ✉ 

ဟဟား  !  ခိုင်းထားတဲ့လူက ​ကောင်း​ကောင်းမွန်​မွန်
လုပ်​နိုင်​သားပဲ  ။ အ​ကြောတင်း​လေးရဲ့ ပိုက်​ဆံအိတ်​ကို
ဓာက်​ပုံရိုက်​ပြီး​တောင်​ပို့ထား​ပေး​သေးတယ်​ ။ မဆိုးလှပါ
ဘူး  ။ ကဲ !  ဘတ်​စ်​ကားရပ်​လိုက်​တာနဲ့ ဆင်းလာတဲ့
အ​ကြောတင်း​လေး​နောက်​ကိုကားကိုတ​ဖြေး​ဖြေး​မောင်း
ရင်း ​နောက်​​ယောင်​ခံလိုက်​ရ​သေးသည်​  ။ စာအုပ်​ဆိုင်
တစ်​ဆိုင်​ထဲဝင်​သွားတဲ့ အ​ကြောတင်း​လေး​ကြောင့်​ သူ
လဲကား​ပေါ်ကဆင်းပြီး  စာအုပ်​ဆိုင်​ထဲလိုက်​ဝင်​သွား
လိုက်​​တော့သည်​   ။

Can I Be Your Boyfriend ?[Z + U]Where stories live. Discover now