||FOURTEEN||

8.4K 1.3K 91
                                    


ကျောင်းတက်ဖို့အတွက် တအားတွေတက်ကြွနေတဲ့
ပတ်ချန်းယောလ်ကတော့ ပုံမှန်နေ့တွေထက် သန့်ပြန့်
နေတဲ့ ပုံစံနှင့် လေချွန်ရင်း အသည်းရှိရာသို့ကားမောင်း
ထွက်လာခဲ့လေသည် ။ လက်မှာပတ်ထားတဲ့ နာရီဆီ
အကြည့်ပို့လိုက်တဲ့ အချိန်က ၇နာရီခွဲ ။ သူ့အတွက် ဒီ
အချိန်က ကျောင်းသွားဖို့စောလွန်းနေခဲ့တဲ့ အချိန်ဖြစ်နေ
ပေမဲ့ ဒီနေ့ကတော့ နောက်ကျနေတယ်လို့တောင် ထင်
မှတ်နေမိသည် ။

ဒီနေ့က သူ့အတွက် စိတ်တွေတအားကြည်လင်နေပြီး
အရာရာကို အကောင်းမြင်ပေးနိုင်တဲ့ စိတ်လေးလဲ ဖြစ်
နေတယ် ။ အသည်းဆီက အဖြေရလိုက်ကထဲက သူ့
အခြေအနေက လေပေါ်မှာ လမ်းလျှောက်နေရတဲ့ အ
တိုင်းပဲ ။ ဗိုက်ထဲမှာ လိပ်ပြာတွေအပြင် ငှက်တွေပါ ဝင်
ပျံနေသလိုပဲ  ။  အကြောင်းအရင်းမရှိ ပြုံးပြုံးဖြီးဖြီးကြီး
လဲ ဖြစ်နေတာက ပါးစပ်တောင် ညောင်းလာတဲ့အထိ ။

လေတချွန်ချွန်၊ ဖွင့်ထားတဲ့သီချင်းကြောင့် စီးချက်ကျကျ
ခေါင်းညိတ်ရင်း  အသည်းရဲ့ အိမ်ရှေ့မှာ ကားကို ရပ်
လိုက်တယ်  ။ အိမ်ရှေ့မှာ  လွယ်အိတ်ကို ဘေး တ
စောင်း ဖြစ်သလိုလွယ်ထားပြီး  ဖွလန်ကြဲနေတဲ့ ပန်း
ရောင်ခေါင်းကြီးနဲ့ ခေါင်းငုံ့ကာ ဖုန်းသုံးနေတဲ့ ဂျုံအင်က
မော့တောင်ကြည့်မလာပေး ။

"   ယောက်ဖ!  မင်းအကို  ငါ့အသည်းလေးကော? "

ကားမှန်ချပြီး အပြင်ကိုခေါင်းထွက်ပြီး လှမ်းမေးလိုက်
တာတောင် အစုတ်အပြတ်ကောင်ဂျုံအင်က လူကို
ရန်သူလို အကြည့်လဲ မော့ကြည့်လာသေးတယ်  ။

" ငါ့အကိုကတော့ ကျောင်းသွားပြီ မင်းအသည်းက
တော့  မင်းကိုယ်ထဲမှာ  အဲ့တာမှမရှိတော့ရင် ခွေးစား
သွားလို့ပဲ   "

" ချီး ! အစောကြီး ကျောင်းသွားရသလား  အတူသွား
ဖို့ငါလာခေါ်တာလေ နည်းနည်းပါးပါးမဆွဲထားဘူးလား'

"ဘာကိစ္စ ငါကဆွဲထားရမှာလဲ  ?"

နူတ်ခမ်းကိုထော်နေအောင် စကားကို တခွန်းမကျန် ရန်
ဖြစ်သလိုပြောနေပြီး ကားထဲကိုလဲ ဝင်ထိုင်လာသေး
တယ် ။  ဟင်းဟင်း!  သူတောင်းစားကောင် မင်းက ငါ့
ယောက်ဖမို့လို့ပေါ့ကွာ  မဟုတ်ရင် တပွဲတလမ်းနွှဲပြီးပြီ။

Can I Be Your Boyfriend ?[Z + U]Donde viven las historias. Descúbrelo ahora