||TEN||

8.5K 1.2K 161
                                    


ဒီနေ့ပိတ်ရက် မေမေနဲ့ဖေဖေက ရွာဘက်က အဖွားဆီ
အလည်သွားကြမှာမို့ လိုအပ်တာတွေထည့်ပေးလိုက်ဖို့
ဘတ်ဟျွန်းတယောက် မားကတ်ထဲ ခေါက်တုံ့ခေါက်ပြန်
ခေါက်ရင်း စာရင်းနဲ့တကွစစ်ပြီးဝယ်နေတယ် ။ လက်
တဖက် တွန်းလှည်းကိုတွန်းရင်း တဖက်က စာရင်းစာ
ရွက်ကိုကိုင်ထားပြီး အသေအချာဝယ်နေတဲ့အချိန်မှာ မ
ထင်မှတ်ဘဲ မဆုံချင်တဲ့ သူမနဲ့ သွားဆုံပြန်တော့သည်။
ငယ်ချစ်ဦး ဟယ်ရာ က ဘတ်ဟျွန်းကိုတွေ့တာနဲ့ မျက်
လုံးတွေအရောင်လက်သွားပြီး ဝမ်းပန်းတသာလာနူတ်
ဆက်တော့တာမို့ ဘတ်ဟျွန်း စိတ်ညစ်သွားမိသည် ။

" ဘတ်ဟျွန်း  ! တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြပြန်ပြီ
မဟုတ်ရင်တောင်  တခါလောက်တွေ့ချင်နေတာ  "

ဘတ်ဟျွန်း  အပြုံးမမည်သောမဲ့ပြုံးတချက်ဖြင့် ပြုံးကာ
ပြလိုက်ရင်း သူမရဲ့စကားအသွားအလာကိုလဲ သဘော
ပေါက်မိသည် ။  မဟုတ်ရင်တောင် တခါလောက်တွေ့
ချင်နေခဲ့တာ ဆိုတာက တခြားတယောက်နဲ့တွေ့ချင်နေ
လို့သာ  ။ 

" ဒါမဲ့ ဟိုတယောက်ကော မပါဘူးလား  တွဲနေတယ်
ဆိုတဲ့တယောက်လေ ခပ်မိုက်မိုက်ခန္ဓာကိုယ်နဲ့ "

ဟယ်ရာက ချန်းယောလ်အကြောင်းကိုမေးရင်း ရှက်သ
လိုလို မခို့တရို့ရယ်လိုက်သေးတာမို့ ဘတ်ဟျွန်းမှာ စိတ်
အပျက်ကြီးပျက်မိသည် ။ ဒီရက်ပိုင်း သူမက ဖုန်းတွေ
မကြာခဏဆက်သွယ်ပြီး ဟိုလိုလိုဒီလိုလိုနဲ့ ချန်းယော
လ် အကြောင်းကိုစကားမရှိစကားရှာပြောတတ်သည် ။
ဒါတောင် သူမကို ချန်းယောလ်နဲ့ကိုယ်က ရည်းစားတွေ
ပါလို့ မိတ်ဆက်ပေးထားလို့ပဲ ။

" ဘာလို့ မေးတာလဲ  ကျွန်တော့်ရည်းစားကို  "

ရုပ်တည်တည်နဲ့ပြန်မေးလိုက်တော့အပြုံးတွေပျောက်ပြီး
ပြောရခက်သွားတဲ့ပုံစံနဲ့ သူမက ဘတ်ဟျွန်းကို ကြောင်
တောင်တောင်နဲ့ပြန်ကြည့်လာတယ် ။ ပြီးမှ အရှက်ပြေ
ထရယ်ရင်း ဘတ်ဟျွန်းရဲ့လက်မောင်းရင်းကို အသာ.လာထုတော့သည် ။

" သဝန်တိုနေတာပဲနော်  ဟင်းဟင်း ရည်းစားချောချော
လေးရထားတော့   "

ဘယ်လို အရှက်မရှိတဲ့ မိန်းကလေးမျိုးလဲ ဟယ်ရာ ။
ဒီလိုပုံစံအချိုးတွေမြင်တာနဲ့ ချန်းယောလ်အပေါ် ဘယ်
လိုသဘောထားနေလဲဆိုတာ အသိသာကြီးပဲလေ ။ ဒါ
တောင်  သူသိထားတဲ့ ချန်းယောလ်ရည်းစားဆိုတဲ့ ကျွန်
တော့်အရှေ့မှာ ချန်းယောလ်အကြောင်းကို ပေါ်တင်
ပြောရဲနေသေးတယ် ။

Can I Be Your Boyfriend ?[Z + U]Where stories live. Discover now