||SIXTEEN ||

11.8K 1.4K 89
                                    

ဒီကနေ့က ကျောင်းပိတ်ရက်မို့ မနက်နောက်ကျတဲ့ အ
ထိ ဂျုံအင် အိပ်ပျော်နေခဲ့တယ် ။ သူ နိုးလာတော့အချိန်
က ကိုးနာရီကျော်လောက်ဖြစ်နေပေမဲ့ သူ အိပ်ရေးမဝ
သေးဘူးဖြစ်နေတယ် ။ ဒါပေမဲ့ တဒုန်းဒုန်းနဲ့ ဆူညံသံ
ကြောင့် သူဆက်အိပ်လို့လဲ မရတော့တာနဲ့ပဲ အိပ်ယာထ
ကာစ ဆံပင်စုတ်ဖွားထိုးထိုးထောင်ထောင်နဲ့ပဲ သူ ကုန်း
ကြုံးထလာလိုက်တယ် ။ မပွင့်တပွင့်မျက်လုံးတွေနဲ့ အ
ခန်းတံခါးကိုတောင် ဝင်တိုက်မိသွားသေးတယ် ။အခန်း
အပြင်ရောက်တာနဲ့ တဒုန်းဒုန်းနဲ့ဆူညံသံပေးနေတဲ့ အ
သံပိုင်ရှင်ကို အိပ်မှုန်စုံမွှားနဲ့ ခေါင်း ဘယ်ညာ လှည့်
ပတ်ရှာကြည့်လိုက်တော့ မျက်နှာချင်းဆိုင်အကို့ အခန်း
ကဖြစ်နေတယ် ။

အခန်းတံခါးကိုဖွင့်ထားပြီး အခန်းထဲမှာ ကုန်းကုန်းကွ
ကွနဲ့ ဘာတွေလုပ်နေမှန်းမသိတဲ့ အကို့ကို စူပုတ်ပုတ်
နဲ့ တချက်ကြည့်လိုက်သေးတယ် ။ အိပ်ချင်မူးတူးနဲ့
တဝါးဝါးသမ်းရင်း ထိုးထောင်နေတဲ့ဆံပင်တွေကြား
လက်ထည့်ကုတ်ဖဲ့ပစ်လိုက်ပြန်တယ် ။

" ဟင်း !! ဆူညံနေတာပဲ "

တဝါးဝါးသမ်းဝေရင်း အကို့ဖြစ်သူကိုလဲ စူပုတ်ပုတ် နဲ့
ကြည့်လိုက်ကာ မကျေနပ်ကြောင်း ပြလိုက်သေးတယ် ။

" အချိန်က ကိုးနာရီကျော်နေပြီလေ ဂျုံအင် ၊ အခုမှ
အိပ်ယာထလာပြီး ဆူညံနေတာပဲ လာမလုပ်နဲ့ ကိုယ့်
အခန်းလဲ ကိုယ်ရှင်းဖို့ စိတ်ကူးထဲထည့်ထားဦး "

ဒါပဲ ! တခွန်းပြောလိုက်ရင် အခွန်းပေါင်းမြောက်များစွာ
ပါးစပ်က တတွတ်တွတ်နဲ့ ရေပက်မဝင်အောင် ပြန်ပြော
သွားတယ် ။ ဘာပဲဖြစ်ဖြစ် အိပ်နေတဲ့သူရှိနေတာပဲ အ
သံလေးတော့ ဆင်ခြင်ပေါ့ ။ ဘယ်လောက်ပဲ အကြီး
ဖြစ်နေဖြစ်နေ ကိုယ့်ညီလေးအိပ်နေပါလားလို့ ချစ်ခင်
စိတ်လေးနဲ့ အသံလေးလျှော့ပေးပေါ့ ။

ပါးစပ်ကထုတ်မပြောရဲလို့ စိတ်ထဲကနေ ရေရွတ်ပြီး စူ
ပုတ်ပုတ်မျက်နှာနဲ့ပဲ သူ အောက်ထပ်ကို ဆင်းလာ
လိုက်တယ် ။ အရင်ကဆို အောက်ထပ်မှာကသူ့အခန်း။
အခုတော့ အခန်းတွေပြောင်းပစ်လိုက်လို့ အကိုနဲ့ တူတူ
မျက်နှာချင်းဆိုင်အခန်းသွားနေရတော့မှာပဲငါးပါးမှောက်
တော့တာပဲ ။ အခုလို ပြသာနာတွေ တက်နေရပြီ ။

Can I Be Your Boyfriend ?[Z + U]Where stories live. Discover now