||SEVEN||

8K 1.2K 104
                                    


သူ့အလှည့် ကိုယ့်အလှည့်ဆိုတာရှိတယ် ဘတ်ဟျွန်း
ရဲ့ ! ကိုယ့်အလှည့်က သေချာပေါက် ရောက်လာမှာ ❣

_____________♥CHANBAEK♥________

ဘတ်ဟျွန်းတယောက် သာယာတဲ့သူ့နေ့ရက်တိုင်းကိုအ
မြဲတစေနှောင့်ယှက်တတ်တဲ့ ချန်းယောလ်ကို မကျေမ
နပ်ဖြစ်နေရသည်က နေ့ရက်တိုင်းပင် ။ ဇွဲကြီးကြီး လက်
မလျော့ပဲနှောင့်ယှက်နေတဲ့ ပတ်ချန်းယောလ်က ကိုယ့်
ကိုတကယ်ပင်သဘောကျနှစ်သက်နေတာလား ဆိုတဲ့
အတွေးမျိုးလဲ မကြာခဏဝင်လာမိသည့်အထိ နှောင့်
ယှက်နေခဲ့သည် ။ အမှန်တိုင်းပြောရရင် ချန်းယောလ်
လိုလူမျိုးကို ပိုလို့တောင်သဘောမကျပါ ။ သဘောကျ
ကြောင်းကို ဒီလိုမနှစ်သက်စရာအနှောင့်ယှက်ပေးနည်း
မျိုးနဲ့ဖော်ပြနေတာကို သဘောမတွေ့ ။

" ကိုယ်တို့ တွဲကြမယ်လေ ဘတ်ဟျွန်းနီရဲ့ နော် "

ဘယ်လောက်အထိ စိတ်ပျက်စရာကောင်းလိုက်သလဲ ။
လူမြင်ကွင်းမှာလဲလူမြင်ကွင်းမှာမို့၊ ကားပေါ်မှာလဲကား
ပေါ်မှာမို့ ၊ ဘယ်လောက်ထိတားတား ဇွဲမလျော့စတမ်း
အပြောကောင်းနေဆဲ ချန်းယောလ်ရဲ့မျက်နှာကို ထိုးပစ်
လိုက်ချင်ပြီ ။

" ငါ ပြောနေတယ်နော် ချန်းယောလ် ငါ မင်းနဲ့မတွဲနိုင်
ဘူးလို့ ခဏခဏအနှောင့်အယှက်လာမပေးစမ်းပါနဲ့ "

ကျဉ်းကျဉ်းမြောင်းမြောင်းမျက်လုံးလေးတွေက ခက်ထန်
လိုက်တာ ။ ဒီကောင့်ရင်မှာ ကမ္ဘာပျက်တော့ မတတ် ။
မဟုတ်ဘူးလေကွာ ! ဒီလောက်အထိ ခါးခါးသီးသီး ဖြစ်
နေစရာလိုလို့လား ။ ကိုယ်က ဘာကောင်ကြီးမို့လို့လဲ ။

" ပတ် ချန်း ယောလ် မင်း လွှတ်လိုက်နော် သေချင်
လို့လား "

ကြည့်စမ်းပါဦး ။ လက်ကလေးကိုကိုင်လိုက်တာကို ဒေါ
သတကြီး လက်သီးတရွယ်ရွယ်နဲ့ လူကို ခက်ခက်ထန်
ထန်အကြည့်တွေနဲ့ကြည့်နေတာများ ရင်နာလိုက်တာ
ဘတ်ဟျွန်းနီရဲ့ ။ ကိုယ်မှ အနားကပ်ခွင့်မရတာ သည်း
မခံနိုင်တော့ဘူးလေကွာ ။ ချစ်သူတွေဖြစ်ချင်လှပြီကို ။

" ပြော ကိုယ်နဲ့တွဲမလား? ဟင် တွဲကြရအောင်လေ "

" ငါ့လွှတ်ကိုမလွှတ်ရင် ငါ့အဆိုးမဆိုနဲ့နော် ပတ်ချန်း
ယောလ် ငါ သတိပေးပြီးပြီနော် "

Can I Be Your Boyfriend ?[Z + U]Where stories live. Discover now