||FIFTEEN||

9.6K 1.3K 91
                                    


" ယောက်ဖ!  တူတူသွားမယ် "

ဂျုံအင်ရဲ့လည်ပင်းကိုသိုင်းဖက်လိုက်တဲ့ ချန်းယောလ် ။
ချန်းယောလ်ကတော့ ဂျုံအင်ကို ယောက်ဖချင်းထပ်နေ
အောင် ထပ်တလဲလဲခေါ်နေရတာကို သဘောကျနှစ်
ခြိုက်နေတာပါပဲ ။ ဂျုံအင်ကို  ဂျုံအင် လို့တောင် မခေါ်
တော့  ယောက်ဖ လို့ပဲ တကြော်ကြော်ခေါ်နေတော့၏။
ဂျုံအင်တယောက်ကတော့ ဒါကို နားကြားပြင်းကပ်နေပါ
ပြီ ။ တခါတလေဆို အော်ဟစ်ဆဲဆိုသံတွေ ဆူညံသွား
တတ်သည်  ။ လက်ရှိက ကျောင်းဝန်းထဲမှာမို့ ဂျုံအင် ဆဲဆိုချင်တာတောင် ပါးစပ်ပိတ် အသံတိတ်နေရသည်
ကြောင့်သာ ။

"  ယောလ်   ဆောတီး  ချန်းယောလ် "

ချန်းယောလ်တယောက် ငယ်ထိပ်မြွေပေါက်သည့်နှယ်။
သူ့ကို ယောလ် လို့ခေါ်တတ်တဲ့ သူ့ရည်းစားဟောင်းထဲ
က တယောက် '  ဂျယ်ယောင်း ' ။ သူမက တက္ကသိုလ်
မှာ နာမည်ကြီး မိန်းမလှလေးတယောက် ။ ပြောရမယ်.ဆို  ပတ်ချန်းယောလ် အသဲခွဲတာခံလိုက်ရတဲ့ မိန်းမလှ
လေးပေါ့ ။ သူမက အခုထိ ချန်းယောလ်ကို စွဲစွဲလမ်း
လမ်းရှိနေတုန်း  ။ အခုထိတောင် အခေါ်အဝေါ်ကို မ
ပြောင်းလဲနိုင်သေးတာကိုပဲ ကြည့်ပါလား  ။

"   ဂျုံအင်  !  "

အား   ! ဒါ ချန်းယောလ်ရဲ့ တကယ် အကြီးအကျယ် ပွဲ
ကြီးပဲ  ။ ဘတ်ဟျွန်းက ညီဖြစ်တဲ့ဂျုံအင်ကို လှမ်းခေါ်ပြီး
အနားကို ရောက်ချလာတော့ ပတ်ချန်းယောလ် တစ်
ယောက် ပြာယာခတ်ပြီး အားကိုးတကြီးနဲ့ ဂျုံအင်ရဲ့
လက်မောင်းကို အတင်းလှမ်းဖက်တွယ်တယ် ။အားကိုး
ရတဲ့ ယောက်ဖက သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး အကို
ဖြစ်သူ ဘတ်ဟျွန်းကို ဝမ်းသာအားရ ပြုံးပြလိုက်လေ၏။

"  မေမေက ဒီတပါတ်မုန့်ဖိုးမေ့ပြီး မပေးလိုက်ရလို့တဲ့"

ပြောပြောဆိုဆိုနဲ့ဘတ်ဟျွန်းကသူ့ပိုက်ဆံအိတ်ကိုထုတ်
ပြီး ပိုက်ဆံတွေ ထုတ်ပေးနေတုန်း  ဂျယ်ယောင်းဆိုတဲ့
မိန်းကလေးကလဲ ချန်းယောလ်အနား ရှိလို့နေ၏ ။

"  ဂျယ်ယောင်း   ယောလ်ကိုပြန်မရနိုင်တော့ဘူးလား"

Can I Be Your Boyfriend ?[Z + U]Where stories live. Discover now